၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် သမဝါယမကောလိပ်နှင့်ယွန်းပညာ တက္ကသိုလ် သို့ စတင် လျှောက်ထားနိုင်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် သမဝါယမကောလိပ်နှင့်ယွန်းပညာ တက္ကသိုလ် သို့ စတင် လျှောက်ထားနိုင်

သမဝါယမတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) ၊ သမဝါယမ ကောလိပ်(ဖောင်ကြီး၊ မန္တလေး)၊ ယွန်းပညာ ကောလိပ် (ပုဂံ)စတဲ့ တက္ကသိုလ်ကောလိပ်တွေအတွက် လျှောက်ထားနိုင်ပြီး  ဒီပလိုမာသင်တန်းနဲ့ ဘွဲ့သင်တန်းကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

သမဝါယမတက္ကသိုလ် တက်ရောက်လိုသူများအနေနဲ့ အထူးပြု  ဘာသာရပ်ငါးခုကို ရွေးချယ်တက်ရောက်နိုင်ပြီး ဒီပလိုမာတက်ရောက်လိုသူတွေအတွက် ရွေးချယ်စရာ  ဘာသာရပ်  ရှစ်ခုအထိ သတ်မှတ်ပေးထားပါတယ်။

READ - သမ၀ါယမတက္ကသိုလ်ကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝင်ခွင့် စတင်လျှောက်ထားနိုင်ပြီ

ဒီပလိုမာ  ဘာသာရပ်တွေအတွက် ပညာသင်ကာလ  နှစ်နှစ် သတ်မှတ်ပြီး  ဘွဲ့သင်တန်းအတွက် ပညာသင် ကာလ မှာ လေးနှစ် ကြာ မြင့်မှာ ဖြစ်ပါတယ်။

ထိုကက္ကသိုလ်၊ ကောလိပ်တွေကို တက်ရောက်ခွင့်ရဖို့ ၂၀၁၇  ခုနှစ်  တက္ကသိုလ်ဝင်တန်း  စာမေးပွဲမှာ ရရှိတဲ့ အမှတ်ပေါ်မူတည် ရွေးချယ်မှာ  ဖြစ်တယ်လို့ သိရပါ တယ်။

လျှောက်လွှာတွေကို သမဝါယမ ဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန (ညွှန်ကြားရေးမှူး ချုပ်ရုံး)၊ တိုင်းဒေသကြီး ပြည် နယ်/ မြို့နယ်သမဝါယမ ဦးစီးဌာနများ၊ တိုင်းဒေသကြီး  ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွေနဲ့ သမဝါယမတက္ကသိုလ်၊ ကောလိပ်တွေအပါအဝင် ယွန်းပညာ ကောလိပ်တို့မှာ သွားရောက်ဝယ်ယူပြီး ဩဂုတ်လ ၃၁ ရက်နေ့  နောက်ဆုံးထား ပြန်လည်ပေးပို့ လျှောက်ထားရမယ်လို့  သိရပါတယ်။

လျှောက်လွှာတွေနဲ့ အတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ် မိတ္တူနဲ့ အမှတ်စာရင်းမူရင်း၊ အကျင့် စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက်မူရင်း၊  ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ဒေသန္တရ ကျန်းမာရေး ဌာနရဲ့ ထောက် ခံချက်  မူရင်း စတဲ့ စာရွက်စာတမ်း တွေကို ပူးတွဲပေးပို့ ရမှာ ဖြစ်ပါ တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews (မေသော်တာမောင်)

News Read 4122 times