Sales Hotline : 09448001653       Download App



CMB – Mahidol Postgraduate Scholarship Programs for Myanmar Students

CMB – Mahidol Postgraduate Scholarship Programs for Myanmar Students

Thai နိုင်ငံ၊ Mahidol University ကနေ မြန်မာနိုင်ငံက ဆေးနဲ့ ဆေးနှီးနွယ် Graduate တွေအတွက် သီးသန့်ပေးတဲ့ Master Scholarship Program, 2022 

မြန်မာနိုင်ငံအတွက် Health Equity ကို ဦးတည်ပြီး ပေးတဲ့ စကော်လာဖြစ်တဲ့အတွက် တိုင်းရင်းသားဒေသက လူတွေဆိုရင် ရနိုင်ချေပိုများပါတယ်
မြန်မာကျောင်းသား - သီးသန့် တစ်နှစ်ကို ငါးယောက်ခန့် ပေးလေ့ရှိပါတယ်

 

ဘယ် Major တွေ ရွေးလို့ ရမလဲ
Mahidol University က မြန်မာကျောင်းသားတွေ သီးသန့် Scholar ပေးတဲ့ Course သုံးခု ရှိပါတယ်
၁)Master of Public Health (Degree: MPH, Duration: 15 Months)
(၂)Master of Primary Healthcare Management (Degree: MPHM, Duration: 1 year)
(၃) Master of Science in Biomedical and Health Informatics (Degree: M.Sc., Duration: 2 years)

 

Scholarship က ဘာတွေကို Cover လုပ်ပေးမှာလဲ
Fully-funded Scholarship ဖြစ်တဲ့အတွက်ကြောင့်
(၁) ကျောင်းစရိတ်
(၂) နေစရိတ်၊ စားစရိတ်
(၃) လေယာဉ်လက်မှတ်.. စတာတွေ အကုန် ကျောင်းကနေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်

 

Scholarship လျှောက်ဖို့ ဘာတွေ လိုအပ်မလဲ
(၁) ဆေးနဲ့ ဆေးနှီးနွယ် တက္ကသိုလ်များမှ Bachelor Degree ရှိရပါမယ်။
(၂) Biomedical and Health Informatics အတွက်ကတော့ Computer Science, Information and Communication Technology နဲ့ ဘွဲ့ရထားသူတွေလည်း လျှောက်လို့ ရပါတယ်။
(၃) ကျန်းမာရေးစောင့်ရှောက်မှုအတွက် တက်ကြွပြီး အတွေ့အကြုံ ရှိသူ ဖြစ်ရပါမယ်။
(၄) English Proficiency အနေနဲ့ကတော့  
- IELTS 5.0 (or)
- TOEFL-iBT 64 (or)
- MU GRAD Plus 70 (or) 
- MU ELT 84 ရှိရပါမယ်။
(၅) တကယ်လို့ English Proficiency Test မဖြေရသေးဘူးဆိုရင် Interview မှာ English Proficiency အတွက်ပါ ကြည့်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

 

စာရွက်စာတမ်းတွေ ဘာတွေ လိုအပ်မလဲ
(၁) Bachelor Degree (along with Notarial Translation)
(၂) University Transcript (along with Notarial Translation)
(၃) Recommendation Letter နှစ်စောင်
(၄) ကိုယ့်ရဲ့ Career Goal တွေ၊ ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာတွေကို ရေပေးရမယ့် Motivation Letter တစ်စောင့် (less than 1,000 words)
(၅) CV (Curriculum Vitae)
(၆) Volunteer လုပ်ဖူးတဲ့၊ အလုပ်လုပ်ဖူးတဲ့ Organization တွေကပေးတဲ့ Certificate များ။

 

Scholarship ဘယ်လို လျှောက်ရမလဲ
(၁) အရင်ဆုံး Online ကနေ လျှောက်ရမှာ ဖြစ်ပါတယ်။
(၂) First Screening လုပ်ပြီး အောင်မြင်တဲ့ Applicants တွေကတော့ February, 2022 မှာ Interview ဖြေရပါမယ်။
(၃) University ကနေ ကိုယ်နဲ့ Relevant ဖြစ်မယ့် Program ကို Nominate လုပ်ပေးမှာ ဖြစ်ပါတယ်။ Program ပေါ်မူတည်ပြီး စာမေးပွဲ၊ သို့မဟုတ် Interview ထပ်ဖြေရပါမယ်။
(၄) March, 2022 မှာ Scholarship Result တွေကို ကြေညာပေးမှာ ဖြစ်ပါတယ်။
(၅) Program တွေကတော့ MPH က March မှာ စမှာဖြစ်ပြီးတော့ MPHM, MSc ကတော့ August မှာ စမှာ ဖြစ်ပါတယ်။

 

To Apply : https://bit.ly/3EMpvN7

Application Period: November 20 – December 31, 2021

 

Credit : Take Your Time

International Read 1910 times