ဗီဇာကန့်သတ်ထားသော်လည်း ဟားဗတ်တွင် တရုတ်ကျောင်းသားဦးရေ မြင့်တက်

ဟားဗတ်တက္ကသိုလ်၏ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၅ ပညာသင်နှစ် ဆောင်ဦးကာလတွင် တရုတ်ကျောင်းသား စာရင်းသွင်းမှု (၄.၅)% အထိ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရန့် အစိုးရက တရုတ်ကျောင်းသားများ၏ ဗီဇာကို ထိန်းချုပ်ထားသည့်အပြင် ဟားဗတ်ကဲ့သို့ ဂုဏ်သတင်းကျော်ဇောသည့် တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ ကျောင်းအပ်နှံမှုကို ကန့်သတ်ထားသော်လည်း ၂၀၂၅ ခုနှစ် ဆောင်းဦးစာသင်ကာလတွင် တရုတ်ကျောင်းသားများ ကျောင်းအပ်နှံမှုမှာ ၂၀၂၄ ခုနှစ်ကထက် ပိုများလာခဲ့သည်။

၂၀၂၄ ခုနှစ် ဆောင်းဦးစာသင်ကာလတွင် တရုတ်ပြည်မကြီးမှ ကျောင်းသားဦးရေသည် (၁,၃၉၀) မှ ၂၀၂၅ ခုနှစ် တူညီကာလအတွင်း (၁,၄၅၂) အထိ တိုးလာသည့်အတွက် (၄.၅) ရာခိုင်နှုန်း တိုးလာကြောင်း ဇန်နဝါရီ (၉) ရက်တွင် ထုတ်ပြန်လိုက်သော ဟားဗတ်အချက်အလက်များအရ သိရသည်။

အမေရိကန်ပြည်တွင်းလုံခြုံရေးအတွင်းဝန် ခရစ်စတီနိုအမ်က ဟားဗတ်တက္ကသိုလ်၏ နိုင်ငံခြားကျောင်းသားဦးရေကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ထိန်းချုပ်မှုများစွာ ရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် တရုတ်ကျောင်းသားများ တိုးလာခြင်းသည် မှတ်သားဖွယ်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

နိုင်ငံခြားတက္ကသိုလ်တွေမှာ တရုတ်ကျောင်းသားတွေကို ခေါ်ယူရန် အကြံပေးသည့် ကုမ္ပဏီ Sunrise International ၏ တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် David Weeks က ယခုလို တိုးလာတာဟာ ဟားဗတ်အတွက် အဓိပ္ပာယ်ရှိပြီး အမေရိကန် အဆင့်မြင့်ပညာရေးအတွက် မပြောပလောက်သည့် ပမာဏသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ထရန့်သမ္မတဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာပေါင်း (၁၀၀,၀၀၀) ကျော်ကို ဖျက်သိမ်းခဲ့ပြီး ယင်းတို့အနက် (၈,၀၀၀) ခန့်သည် ကျောင်းသားဗီဇာများဖြစ်သည်။

ထရန့်ဟာ ဟားဗတ်ကို ဝေဖန်ခဲ့ပေမဲ့ တရုတ်နဲ့ နိုင်ငံတကာ ကျောင်းသားများကို ပံ့ပိုးပေးခဲ့ပါသည်။ နိုင်ငံခြားကျောင်းသားများ ရရှိခြင်းသည် နိုင်ငံစီးပွားရေးအတွက် အရေးကြီးသည့်အတွက် တရုတ်ကျောင်းသား (၆၀၀,၀၀၀) အထိ အမေရိကန်တွင် ပညာသင်ကြားခွင့်ရမည်ဟု ပြောခဲ့သည်။

တရုတ်ကျောင်းသားများသည် ဟားဗတ်တက္ကသိုလ်တွင် အကြီးဆုံး နိုင်ငံခြားကျောင်းသားအဖွဲ့အဖြစ် ဆက်လက် တည်ရှိနေပါသည်။ တစ်နိုင်ငံလုံးတွင် ၎င်းတို့သည် အိန္ဒိယမှ ကျောင်းသားများနောက် ဒုတိယအကြီးဆုံးအဖွဲ့ဖြစ်ပြီး ၂၆၆,၀၀၀ ခန့်ရှိသည်။

Source - CNA

International News Read 135 times