Sales Hotline : 09448001653       Download App



တရုတ်ပြည်မှာ ကျောင်းသူကျောင်းသား ဂိမ်းကစားချိန် တစ်ပတ် ၃ နာရီ သတ်မှတ်

တရုတ်ဂိမ်းမာတစ်ဦးအဖို့ အသက် ၁၈ နှစ်အောက်ဆိုရင် အွန်လိုင်းမှာ ဂိမ်းချတာကို တစ်ရက်မှာ တစ်နာရီမျှသာ ခွင့်ပြုပြီး သီတင်းပတ် ကုန်ဆုံးရက်တွေ ဖြစ်တဲ့ သောကြာ စနေ တနင်္ဂနွေ နေ့များတွင်သာ ကစားခွင့် ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဩဂုတ်လ ၃၀ ရက်မှာ အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။  ကစားတဲ့အချိန်ကလည်း ည ၈ နာရီမှ ၉နာရီအတွင်းသာ ဖြစ်ရပါမယ်။ 
အစိုးရအနေဖြင့် ကျောင်းတွင်းမှာသာမက ကျောင်းပြင်ပမှာ လူငယ်တွေရဲ့ အချိန်သုံးစွဲပုံများအပေါ် ပါဝင်ပတ်သက်လိုက်တာ ဖြစ်ပါတယ်။ 

သက်ဆိုင်ရာ အစိုးရဌာနတွေက ဂိမ်းအော်ပရေတာတွေအပေါ်မှာလည်း စည်းကမ်းချက်တွေ ပြဋ္ဌာန်းခဲ့ပြီး ဂိမ်းကစားသူ‌တွေ အမည်အရင်းအမှန်ဖြင် မှတ်ပုံတင်ခိုင်းဖို့ ဂိမ်းအော်ပရေတာတွေကို ဖိအားပေးထားပါတယ်?

စက်တင်ဘာလမှာ အစပြုပြီး ရှန်ဟိုင်းမြို့မှာ နေထိုင်ကြတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေက ဂိမ်းကစားချိန် မရကြဘဲ တရုတ် သမ္မတ ရှီကျင်ပင်းရဲ့ ဆိုရှယ်လစ် အတွေးအမြင်များကို လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

တရုတ်ဂိမ်းအော်ပရေတာ အများအပြားတို့က အသက် ၁၈ နှစ်အောက် ဂိမ်းကစားသူတွေအတွက် ဂိမ်းကစားချိန်ကို ကန့်သတ်ပေးထားပြီးပြီ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ သုံးစွဲတဲ့ ငွေပမာဏကိုလည်း ကန့်သတ်ပေးထားပါတယ်။ အခုလို အမိန့်စာ ထွက်လာတော့မှာမို့ ကြိုတင်ပြင်ဆင်ပေးထားတဲ့အနေဖြင့် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အစောကကတည်းက Tencent Holdings က ဂိမ်းကစားသူတွေကို ကျောင်းအားလပ်ရက်မှာ တစ်နေ့ နှစ်နာရီသာ ကစားခွင့်ပြေးပြီး အခြားရက်တွေမှာတော့ တစ်နာရီသာ ကစားခွင့်ပေးတဲ့ ကန့်သတ်ချက်ကို ဆောင်ရွက်ထားခဲ့ပါတယ်။ 

ယခု အစိုးရက ဂိမ်းကစားချိန်ကို တင်းကျပ်လိုက်တဲ့ အမိန့်ကိုလည်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

တရုတ်ပြည်တွင်း ဂိမ်းတွေအတွက် ရရှိတဲ့ ဝင်ငွေမှာ ဧပြီလမှ မေလအတွင်း အသက် ၁၆ နှစ်နှင့်အောက် ဖြစ်သူ ဂိမ်းမာတွေထံမှ ရရှိတဲ့ ဝင်ငွေ ဝေစုက ၂.၆ %  မျှသာ ရှိခဲ့ပါတယ်။ ဂိမ်းအော်ပရေတာတွေရဲ့ ပရိသတ်တွေထဲမှာ အသက် ၁၆ နှစ်နှင့်အောက် ဖြစ်သူ ဂိမ်းမာတွေက အရေအတွက် နည်းပါးတဲ့ လူနည်းစုသာ ဖြစ်တာကြောင့် ပိုတင်းကျပ်လိုက်တဲ့ ကန့်သတ်ချက်က ဝင်ငွေအပေါ် ထိခိုက်မှု မကြီးမားဘူးလို့ ဆိုပါတယ်။ 
 

International News Read 640 times