Sales Hotline : 09448001653   Find A Tutor     Download App



CHINAတရုတ်နိုင်ငံ စာသင်ကျောင်းများတွင် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများ တင်းကျပ်ထား

 

 

တရုတ်နိုင်ငံအတွင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်း ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား ၎င်းတို့၏ ကျန်းမာရေးအခြေအနေများသည် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသည့် ပြဌာန်းချက်များနှင့် ပြည့်စုံချိန်တွင် စာသင်ကျောင်းသို့ ပြန်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီဌာန နှင့် အမျိုးသားကျန်းမာရေးကော်မရှင်တို့က မကြာသေးမီက ထုတ်ပြန်သော ကြော်ငြာစာတွင် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းများအား ကပ်ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှု နှင့် ရေရှည်သဘောသဘာဝကို သိရှိနားလည်ရန် ထည့်သွင်းပြောကြားထားသည်။

ထိန်းချုပ်ရေး နှင့် စောင့်ကြည့်ရေး အစီအမံများကို မြှင့်တင်ထားရမည်ဖြစ်ကြောင်း ၊ လေဝင်လေထွက် နှင့် ပိုးသတ်ခြင်းတို့ကိုလည်း သေချာအောင် လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း နှင့် ရပ်ရွာလူထု နှင့် တာဝန်ရှိသူများနှင့်ပါ ဆက်ဆံရေးကို ထူထောင်ထားရမည်ဖြစ်ကြောင်း ယင်းကြော်ငြာစာအရ သိရသည်။

စာသင်ကျောင်းများအား ကာယပညာ နှင့် လေ့ကျင့်ခန်းများအား မြှင့်တင်သွားရန် နှင့် အမျိုးသားအဆင့် စံချိန်စံညွှန်းများအရ လိုအပ်သည့် ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်း အရေအတွက် ခန့်အပ်ရေးတို့ကိုလည်း ကြော်ငြာစာတွင် တိုက်တွန်းထားကြောင်း သိရသည်။

(Xinhua)

International News Read 625 times