Sales Hotline : 09448001653       Download App



လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ဆုလျှောက်ထားနိုင်

လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ဆုလျှောက်ထားနိုင်

လိုင္စင္အနီကိုင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ားပညာသင္ၾကားရန္ အကူအညီလိုပါက ပညာသင္ဆုေလ်ွာက္ထားႏုိင္ေၾကာင္း စက္တင္ဘာ (၃၀) ရက္တြင္ Kaung Swan Htet Trading Co.Ltd ၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

 

ပညာသင္ဆုေပးမည့္အစီအစဥ္အား " Samson Tyreပညာအေမြ " ဟုအမည္ေပးထားၿပီး ပညာသင္ဆုသည္ လိုင္စင္အနီကိုင္ေဆာင္သူ ကားႀကီးယာဥ္ေမာင္းမ်ား၏ သားသမီးမ်ားအား၊ (ရွစ္တန္း၊ ကိုးတန္း၊ ဆယ္တန္း) တက္ေရာက္မည့္သူမ်ားႏွင့္ (အသက္ေမြးဝမ္းေက်ာင္းတကၠသုိလ္တက္ေရာက္မည့္သူမ်ားႏွင့္ တက္ေရာက္ေနသူမ်ား) ေလ်ွာက္ထားႏိုင္ေၾကာင္းသိရပါတယ္။

 

ပညာသင္ဆုေပးတဲ့အခါ ႏွစ္ပိုင္းခြဲထားပါတယ္။ အဲဒါက ရွစ္တန္း၊ ကိုးတန္း၊ ဆယ္တန္းအဖြဲ႔၊ အသက္ေမြးဝမ္းေက်ာင္းတကၠသုိလ္ပညာသင္ၾကားေနဆဲ ကေလးေတြဆိုၿပီး ခြဲထားပါတယ္။ ဒီႏွစ္ရမယ့္ကေလးေတြက အတန္းတင္စာေမးပြဲ က်ရႈံးသြားမယ္ဆိုရင္ေတာ့ သူတို႔ကိုေပးေတာ့မွာ မဟုတ္ပါဘူး၊ ေအာင္သြားတယ္ဆိုရင္ေတာ့ ပညာသင္ဆု ေလ်ွုာက္ Carry ယူသြားမွာပါ " ဟုKaung Swan Htet Trading Co.Ltd မွ Sales & Marketing မစုျမတ္မြန္က ေျပာၾကားပါတယ္။

 

Swimming (12) ေရကူးသင္တန္းမ်ားႏွင့္ ပတ္သက္ျပီး ရွာရန္ႏွိပ္ပါ။

 

ေလ်ွာက္ထားသူသည္ ပညာဆက္လက္သင္ၾကားရန္ စိတ္အားထက္သန္သူျဖစ္ရမည္ျဖစ္ၿပီး ပညာသင္ဆုေရြးခ်ယ္ရာတြင္ ေလ်ွာက္ထားသူ၏ ပညာထူးခ်ြန္မႈ၊ ရည္မွန္းခ်က္၊ ရန္ပံုေငြအေပၚမူတည္ကာ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ပညာသင္ဆုရရွိသူသည္ အတန္းတင္စာေမးပြဲက်ရႈံးပါက ပညာသင္ဆုအား ေနာက္ႏွစ္အတြက္ ေပးအပ္မည္မဟုတ္ေၾကာင္းသိရပါတယ္။

 

အထူးသျဖင့္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြဲ႔ၿဖိဳးေရးဟာ က်န္းမာေရးနဲ႔ ပညာေရးကအဓိကပဲေလ။ က်န္းမာတဲ့ လူသားအရင္းအျမစ္ေတြျဖစ္ရမယ္။ ပညာတတ္တဲ့ ပညာရွင္ေတြျဖစ္ရမယ္။ ဒါဆိုလူ႔အဖြဲ႔အစည္းက တိုးတက္ေအာင္ျမင္မွာေပါ့။ အခုလုပ္တဲ့ ရည္ရြယ္ခ်က္ေလးက ေကာင္းတဲ့အတြက္ လုပ္ငန္းလုပ္ျဖစ္သြားတဲ့အတြက္ေရာ၊ ေနာက္ဆိုကုန္ကားေမာင္းတဲ့သူေတြရဲ႕ သားသမီးပညာေရးအတြက္ပါ ေမ်ွာ္မွန္းၿပီးေတာ့ လုပ္ႏိုင္တဲ့အတြက္ ေက်းဇူးတင္ပါတယ္" ဟုဆည္းဆာရိပ္ေဖာင္ေဒးရွင္းမွ ဆရာမေဒၚသန္းျမင့္ေအာင္ ေျပာၾကားပါတယ္။

 

Read More:>>> ဘြဲ႔လြန္ကြန္ပ်ဴတာသိပၸံဒီပလိုမာ (D.C.Sc) သင္တန္းသားမ်ားေလ်ွာက္လႊာေခၚယူျခင္း

 

အဆိုပါ " Samson Tyre ပညာအေမြ " ပညာသင္ဆုကို နီးစပ္ရာကားထာယာဆိုင္မ်ားတြင္ ေလ်ွာက္လႊာရယူ၍လည္းေကာင္း၊ Kaung Swan Htet Trading Co.Ltd သို႔တိုက္ရိုက္ေပးပို႔၍လညး္ေကာင္း ေလ်ွာက္ထားႏိုင္ေၾကာင္းႏွင့္ ရွစ္တန္း၊ ကိုးတန္းႏွင့္ တကၠသုိလ္ဝင္တန္းတက္ေရာက္မည့္သူမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ မတ္ (၃၁) ရက္အထိေလ်ွာက္ထားႏိုင္မည္ျဖစ္ၿပီး အသက္ေမြးဝမး္ေက်ာင္း တကၠသုိလ္တက္ေရာက္မည့္သူမ်ားအေနျဖင့္ (၂၀၂၀) ျပည့္ႏွစ္ ၾသဂုတ္ (၃၁) ရက္အထိ ေလ်ွာက္ထားႏုိင္ေၾကာင္းသိရပါတယ္။

 

Source: Daily Eleven

 

**Unicode**

 

လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများပညာသင်ကြားရန် အကူအညီလိုပါက ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း စက်တင်ဘာ (၃၀) ရက်တွင် Kaung Swan Htet Trading Co.Ltd ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ပညာသင်ဆုပေးမည့်အစီအစဉ်အား " Samson Tyreပညာအမွေ " ဟုအမည်ပေးထားပြီး ပညာသင်ဆုသည် လိုင်စင်အနီကိုင်ဆောင်သူ ကားကြီးယာဉ်မောင်းများ၏ သားသမီးများအား၊ (ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း) တက်ရောက်မည့်သူများနှင့် (အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ရောက်မည့်သူများနှင့် တက်ရောက်နေသူများ) လျှောက်ထားနိုင်ကြောင်းသိရပါတယ်။


“ ပညာသင်ဆုပေးတဲ့အခါ နှစ်ပိုင်းခွဲထားပါတယ်။ အဲဒါက ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ကြားနေဆဲ ကလေးတွေဆိုပြီး ခွဲထားပါတယ်။ ဒီနှစ်ရမယ့်ကလေးတွေက အတန်းတင်စာမေးပွဲ ကျရှုံးသွားမယ်ဆိုရင်တော့ သူတို့ကိုပေးတော့မှာ မဟုတ်ပါဘူး၊ အောင်သွားတယ်ဆိုရင်တော့ ပညာသင်ဆု လျေှုာက် Carry ယူသွားမှာပါ " ဟုKaung Swan Htet Trading Co.Ltd မှ Sales & Marketing မစုမြတ်မွန်က ပြောကြားပါတယ်။


Swimming (12) ရေကူးသင်တန်းများနှင့် ပတ်သက်ပြီး ရှာရန်နှိပ်ပါ။


လျှောက်ထားသူသည် ပညာဆက်လက်သင်ကြားရန် စိတ်အားထက်သန်သူဖြစ်ရမည်ဖြစ်ပြီး ပညာသင်ဆုရွေးချယ်ရာတွင် လျှောက်ထားသူ၏ ပညာထူးချွန်မှု၊ ရည်မှန်းချက်၊ ရန်ပုံငွေအပေါ်မူတည်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် ပညာသင်ဆုရရှိသူသည် အတန်းတင်စာမေးပွဲကျရှုံးပါက ပညာသင်ဆုအား နောက်နှစ်အတွက် ပေးအပ်မည်မဟုတ်ကြောင်းသိရပါတယ်။


“ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့ဖြိုးရေးဟာ ကျန်းမာရေးနဲ့ ပညာရေးကအဓိကပဲလေ။ ကျန်းမာတဲ့ လူသားအရင်းအမြစ်တွေဖြစ်ရမယ်။ ပညာတတ်တဲ့ ပညာရှင်တွေဖြစ်ရမယ်။ ဒါဆိုလူ့အဖွဲ့အစည်းက တိုးတက်အောင်မြင်မှာပေါ့။ အခုလုပ်တဲ့ ရည်ရွယ်ချက်လေးက ကောင်းတဲ့အတွက် လုပ်ငန်းလုပ်ဖြစ်သွားတဲ့အတွက်ရော၊ နောက်ဆိုကုန်ကားမောင်းတဲ့သူတွေရဲ့ သားသမီးပညာရေးအတွက်ပါ မျှော်မှန်းပြီးတော့ လုပ်နိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟုဆည်းဆာရိပ်ဖောင်ဒေးရှင်းမှ ဆရာမဒေါ်သန်းမြင့်အောင် ပြောကြားပါတယ်။


Read More:>>> ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ (D.C.Sc) သင်တန်းသားများလျှောက်လွှာခေါ်ယူခြင်း


အဆိုပါ " Samson Tyre ပညာအမွေ " ပညာသင်ဆုကို နီးစပ်ရာကားထာယာဆိုင်များတွင် လျှောက်လွှာရယူ၍လည်းကောင်း၊ Kaung Swan Htet Trading Co.Ltd သို့တိုက်ရိုက်ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ကြောင်းနှင့် ရှစ်တန်း၊ ကိုးတန်းနှင့် တက္ကသိုလ်ဝင်တန်းတက်ရောက်မည့်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် (၃၁) ရက်အထိလျှောက်ထားနိုင်မည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ရောက်မည့်သူများအနေဖြင့် (၂၀၂၀) ပြည့်နှစ် သြဂုတ် (၃၁) ရက်အထိ လျှောက်ထားနိုင်ကြောင်းသိရပါတယ်။


Source: Daily Eleven

 

Local Read 1594 times