နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းသားများခေါ်ယူ

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းသားများခေါ်ယူ

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့်ထိတွေ့ ဆက်ဆံမှုရှိသူများအတွက် ရည်ရွယ်၍ ထိုသင်တန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် တွင် ဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းတွင် သံတမန်ရေးရာ သဘောတရားတွေကို သိရှိနားလည်စေရန် Diplomacy နှင့်ပတ်သက်သော ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း (International Conferencing)၊ စေ့စပ်ညှိနှိုင်း ပြောဆိုမှုနည်းလမ်းများ (Negotiating Techniques)၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာဘာသာရပ်များ (International Law)၊ စီးပွားရေး ဘာသာရပ်များ (Economic) အပါအဝင် သံတမန်ရေးရာ (Protocol) နှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များကို သင်ကြားပို့ချပေးမှာ ဖြစ်ပါသည်။

READ - နိုင်ငံခြားဘာသာစကား သင်တန်းလျှောက်လွှာများကို စက်တင်ဘာ ၁၈ ရက်နေ့ စတင်လျှောက်ထားနိုင်

သင်တန်းကာလအနေနဲ့ ရက်သတ္တ ၁၂ ပတ် ကြာမြင့်မှာဖြစ်ပြီး သင်တန်းတွင် သင်တန်းသား အရေအတွက် ကန့်သတ်ထားပါသည်။

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းလျှောက်လွှာများကို သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၈ ရက်ထိ ရယူနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာများကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ အမှတ် ၃၇၊ မဟော်သဓာ ခန်းမဆောင်၊ ပြည်လမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တွင် သွားရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းကို စက်တင်ဘာလ ၈ ရက် နောက်ဆုံး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁- ၂၂၁၅၃၁၊ ၂၂၁၅၃၇၊ ၂၂၂၀၂၈ ကို ဆက်သွယ်မေးမြန်း နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3636 times