Sales Hotline : 09448001653       Download App



ရာနှုန်းပြည့်ပညာသင်ဆု ရရှိနိုင်မည့် ပညာရေးဆွေးနွေးပွဲ

ရာနှုန်းပြည့်ပညာသင်ဆု ရရှိနိုင်မည့် ပညာရေးဆွေးနွေးပွဲ

James Cook University စင်ကာပူ သို့ ၂၀၁၉ ပညာသင်နှစ်အတွက် ရာနှုန်းပြည့် ပညာသင်ဆုများ လျှောက်ထားနိုင်မည့် ပညာရေးဆွေးနွေးပွဲသို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

၂၀၁၉ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊  ၁၀း၃၀  မှ ၄း၃၀ နာရီထိ AT&S (Overseas Education Services) ၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park တွင် တစ်ဦးချင်း အကြံပြု ဆွေးနွေး ပေးမည်ဖြစ် ပါ သည်။

သြစတြေးလျအစိုးရပိုင် ကမ္ဘာ့အကောင်းဆုံး ၂ % စာရင်းဝင် တက္ကသိုလ်ကြီးဖြစ်ပြီး ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင်ရရှိမှုတွင် ကြယ် ၅ ပွင့်အဆင့်ရှိသည့် James Cook University ၏ စင်ကာပူ ကျောင်းခွဲ သို့ ၁၀၀% ပညာသင်ဆုဖြင့်  ကျောင်းလျှောက်ထားတက်ရောက်နိုင်ရန် တစ်ဦးချင်း ဆွေးနွေးပေးမည်ဖြစ်ပါသည်။

ပညာရေး ဆွေးနွေးပွဲတွင် မိမိတို့၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကို တစ်ပါ တည်းယူ ဆောင်လာပြီး ၂၀၁၉ မတ်လ ကျောင်းဖွင့်ချိန် အတွက် ကျောင်းလျှောက်ပါက ကျောင်းဝင်ခွင့်ကြေး ကင်းလွတ်ခွင့်၊ စင်ကာပူ သို့ အသွားလေယာဉ်လက်မှတ် စသည့် အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။

စင်ကာပူ ကျောင်းခွဲတွင် တက်ရောက်နေစဉ်အတွင်း စင်ကာပူ၏ ပညာသင်စရိတ်အတိုင်း သြစတြေးလျ James Cook University များသို့ ပြောင်းရွေ့ ပညာသင်ကြားခွင့်ရှိသည့် အခွင့်အရေး လည်း ရရှိနိုင်ပါသည်။

စီးပွားရေး၊ အိုင်တီ၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိတ်ပညာ၊ မြို့ပြဒီဇိုင်း၊ စီးပွားရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုသိပ္ပံနှင့် ပညာရေုးဆိုင်ရာ ဘာသာရပ်များကို ဘွဲ့ဒီဂရီမှ Ph.D ထိတက်ရောက်နိုင်ပါသည်။

၁၀တန်းအောင်မြင်ထားသူများ၊ IGCSE ပြီးထားသူများသည် Pre University Foundation မှတစ်ဆင့်  ဘွဲ့ဒီဂရီတန်းတက်ရောက်နိုင်ခြင်း၊ တက္ကသိုလ် ပထမနှစ်ပြီးထားသူများ၊ ၁၂တန်း ပညာရေးပြီးဆုံး ထားသူ များသည် ဘွဲ့ဒီဂရီတန်းကို တိုက်ရိုက် ၀င်ခွင့်ရပြီး ၂ နှစ်အတွင်း ဘွဲ့ဒီဂရီကို ရယူနိုင်ခြင်း၊ HND ၊ ABE ဒီပလိုမာ ပြီးထားသူများသည် ဘာသာရပ် ကင်းလွတ်ခွင့်များဖြင့် ဘွဲ့ဒီဂရီတန်းသို့ တိုက်ရိုက် ၀င်ခွင့်ရနိုင်ခြင်း၊ MBA နှင့် MIT မဟာဘွဲ့ ဒီဂရီ များကို Joint Master အဖြစ် (၁၆) လ တက်ရာက်ပြီး ပူးတွဲဘွဲ့လွန်ဒီဂရီရယူနိုင်ခြင်းစသည့် ၀င်ခွင့်အချက်အလက်များကို ဆွေးနွေးပေးမည်ဖြစ်သည်။

ဆွေးနွေးပွဲတတ်ရောက်လိုသူများသည် James Cook University Singapore ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း - ၀၉ ၅၀၆ ၂၁၆၁ ၊ ၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ ဆက်သွယ်စာရင်းပေး နိုင်ပါသည်။

Local Read 1135 times