Sales Hotline : 09448001653       Download App



“ဂျပန်နိုင်ငံ ပညာသင်ဆုအစီအစဉ်ဖြင့် အရန်သားဖွားဆရာမသင်တန်းဖွင့်လှစ်”

“ဂျပန်နိုင်ငံ ပညာသင်ဆုအစီအစဉ်ဖြင့် အရန်သားဖွားဆရာမသင်တန်းဖွင့်လှစ်”

ဂျပန်နိုင်ငံမှပေးသော ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်သည့် (Akane) ပညာသင်ဆု စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်

ကျောင်းကုန်းမြို့တွင် ပဉ္စမအကြိမ်မြောက် အရန်သွားဖွားဆရာမသင်တန်းကို မြို့နယ် ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမဆောင်တွင် ဧပြီ (၂၂) ရက်က ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်

ဒေါက်တာသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊

မြန်မာ-ဂျပန် ဆေးပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်း (MJCP) ဥက္ကဌ ပါမောက္ခ Shigeru Okada ကပညာသင်ဆုစီမံချက်အကြောင်းနှင့် ယခုအသုတ်သည်

နောက်ဆုံးအသုတ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်က သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ပရိုဂျက်တာနှင့်ပြသ၍

အသေးစိတ်ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များက သင်တန်းသူများအတွက် ဗလာစာအုပ် ၁၀ ဒါဇင်နှင့် အချိုရည် ၄၈ ဘူးကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဂျပန်နိုင်ငံ (Akane) ပညာသင်ဆု စီမံချက်အရ အရန်သားဖွားဆရာမသင်တန်းများကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ တွင် သင်တန်းသူ ၃၅ ဦးအား သင်ကြားပို့ချခဲ့ပြီး

၂၀၁၆ မှယခု ၂၀၁၉ ပဥ္ဒမအကြိမ်မြောက်အထိ သင်တန်းလေးကြိမ်တွင် သင်တန်းသူ ၂၀ ကို သင်ကြားပို့ချခဲ့ပြီးသင်တန်းကာလမှာ စာတွေ့နှင့်

လက်တွေ့ နှစ်မျိုးပေါင်းခြောက်လကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါသည်။

Source: မြန်မာ့အလင်း

Local Read 1162 times