Sales Hotline : 09448001653       Download App



Bella က ပေးအပ်မည့် တက္ကသိုလ် ပညာသင်ဆု

Bella က ပေးအပ်မည့် တက္ကသိုလ် ပညာသင်ဆု

အသက်မွေးဝမ်းကျောင်းပညာရပ်များ တက်ရောက်မည့်သူများကို Bella က ပညာသင်ဆု ချီးမြှင့်ရန် စီစဉ်နေကြောင်း သိရပါသည်။

ပြည်တွင်းမှ တက္ကသိုလ်ကျောင်းသား/သူများ၏ ပညာရေးကို ထောက်ပံ့ပေးသည့်အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များအား အဓိကထား၍ မေဂျာ ၁၈ ခုမှ ပထမနှစ်တက်ရောက်မည့် ကျောင်းသား/သူ ၁၇၂ ဦးကို လစဉ် ငွေကျပ် သိန်း ၁၀၀ ကျော် တစ်နှစ် ငွေကျပ် သိန်း ၁၀၀၀ ကျော် Bella National Star Scholarship ကို ယခုပညာသင်နှစ်မှ စတင်ချီးမြှင့်ရန် စီစဉ်လျက်ရှိသည်။

ထိုပညာသင်ကို ယခုပညာသင်နှစ်မှစ၍ ထူးချွန်ကျောင်းသား/သူများအနက် ၁၇၂ ဦးအား ရွေးချယ်ပြီး ပညာသင်ထူးချွန်ဆု ချီးမြှင့်ပေးမည် ဖြစ်သည်။

ပညာသင်ဆု ပေးအပ်မည့် တက္ကသိုလ်များမှာ -

(၁) ဆေးတက္ကသိုလ်၊

(၂) သွားဘက်ဆိုင်ရာတက္ကသိုလ်၊

(၃) သူနာပြုတက္ကသိုလ်၊

(၄) ဆေးဘက်ပညာသည်တက္ကသိုလ်၊

(၅) ဆေးဝါးတက္ကသိုလ်၊

(၆) ပညာရေးတက္ကသိုလ်၊

(၇) စက်မှုတက္ကသိုလ်၊

(၈) သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊

(၉) ရေကြောင်းတက္ကသိုလ်၊

(၁၀) အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊

(၁၁) ရန်ကုန်တက္ကသိုလ်(ဥပဒေအထူးပြု၊ ဇီဝဓာတုအထူးပြု၊ ထုတ်ကုန်ဓာတုအထူးပြု)၊

(၁၂) စီးပွားရေးတက္ကသိုလ် စတဲ့ ကျောင်းပေါင်း ၁၈ ကျောင်းက ထူးချွန်ကျောင်းသား၊ကျောင်းသူတွေထဲကမှ ၁၇၂ယောက်ကိုရွေးချယ်ပြီး ပညာသင်ထူးချွန်ဆုချီးမြှင့်မှာဖြစ်ပြီး လစဉ်လတိုင်း ပညာသင်ထောက်ပံ့ရေး စရိတ်ပေးအပ် သွားမှာပါ။

လျှောက်လွှာတွေကတော့ ဒီဇင်ဘာ ၃ ရက်ကစပြီး လျှောက်လွှာတင်လို့ ရပါပြီနော်...။

Bella National Star Scholarship သည် လိုအပ်မှုအတွက် သာမက Merit Base အနေဖြင့်လည်းထူးချွန် သူများကိုပါ ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားလိုသူများသည် မိမိတို့ သက်ဆိုင်ရာ တက္ကသိုလ်များရှိ ကျောင်းသားရေးရာဌာနများတွင် စုံစမ်းမေးမြန်း၍ လျှောက်ထားနိုင်ပြီ ဖြစ်ပြီး  Bella ၏ Pageမှ လည်း စုံစမ်း လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ယခုလအတွင်း Bella ပန်းသီးဖောင်ဒေးရှင်းနှင့် အတူ သက်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများက လူတွေ့စစ်ဆေးပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ပထမပတ်တွင် ဆုများ ချီးမြှင့်ရွေးချယ်ပေးမည် ဖြစ်သည်။

Local Read 1319 times