Sales Hotline : 09448001653       Download App



ဘီအီးဒီဝင်ခွင့်ဖြေမည့် ဆရာ၊ ဆရာမများအတွက် အခမဲ့သင်တန်း ဖွင့်မည်

ဘီအီးဒီဝင်ခွင့်ဖြေမည့် ဆရာ၊ ဆရာမများအတွက် အခမဲ့သင်တန်း ဖွင့်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ကဖွင့်သည့် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ သင်တန်းတက်လိုသည့် ဆရာ၊ ဆရာမများအတွက် ဝင်ခွင့်လေ့ကျင့်ရေးသင်တန်း အခမဲ့ဖွင့်ပေးမည်ဖြစ်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရသည်။

ပညာရေးဘွဲ့စာပေးစာယူ ၂ နှစ် သင်တန်းကို ပညာရေးဘွဲ့မရသေးသည့် အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလ တန်းကျောင်းအုပ်များအတွက် ပညာရေးတက္ကသိုလ် ၂ ခုက ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းဝင်ခွင့်အတွက် ၃ နာရီကြာေ ရးဖြေစာမေးပွဲဖြေရခြင်းဖြစ်သည်။

ဝင်ခွင့်စာမေးပွဲဖြေနိုင်ရန် ဝင်ခွင့်လေ့ကျင့်ရေးသင်တန်းကို တန်ဆောင်တိုင် ကျောင်းပိတ်ရက် နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမညာဘက်ရှိ ဆရာများအဖွဲ့ချုပ် ရုံးခန်းတွင်ဖွင့်မည်ဖြစ်ကာ ဘာသာရပ်တစ်ခုလျှင် သင်တန်းသားဦးရေ ၂၀၀ လက်ခံမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်ထံမှ သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က “ဆရာ၊ ဆရာမတွေ နှစ် စဉ် ဝင်ခွင့်ဖြေဖို့အတွက် ကုန်ကျစရိတ် သက်သာအောင် အခမဲ့သင်ပေးတာပေါ့။

 အဖွဲ့ချုပ်အနေနဲ့ ပထမဆုံးဖွင့်မှာပါ။ ဖွင့်ဖို့အတွက် အကြံပြုလာတာလည်း သုံးနှစ်လောက်ရှိပြီ။ ဒီနှစ်မှ စဖွင့်ဖြစ်တာပေါ့”ဟု ပြောကြားသည်။

သင်တန်းကို အဖွဲ့ချုပ်အဖွဲ့ဝင် တက္ကသိုလ် ဆရာ၊ ဆရာမများက သင်ကြားမည်ဖြစ်သည်။ သင်တန်းကြေး အခမဲ့ဖြစ်သော်လည်း နယ်မှလာတက်မည့်သူများအနေနှင့် နေထိုင်၊ စားသောက်စရိတ်ကို မိမိဘာသာ စီစဉ်ရမည်ဖြစ်သည်။ တက်လိုသူများအနေနှင့် Myanmar Teachers’ Federation ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်စာရင်းပေး သွင်းနိုင်မည်ဖြစ်သည်။

Source:Voice

Local Read 22255 times