Sales Hotline : 09448001653       Download App



အရာထမ်းငယ် အခြေခံသင်တန်းကို အွန်လိုင်းစစ်စတမ်ဖြင့် ဖွင့်လှစ်ပို့ချမည် 

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ် ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ် ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင် ပေးခြင်း၊ ဝန်ထမ်းများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ၊ ချမှတ်နိုင်ရေးတို့အတွက် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥပဒေ များပါ ပြဌာန်းချက်များအရလည်းကောင်း နိုင်ငံတေ်အစိုးရအား အထောက်အကူပြုရန် အတွက် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါသည်။



၂၀၁၆ခုနှစ် ပညာရေးနှင့် ကျွမ်ကျင်မှု အခြေပြုလေ့ကျင့်သင်ကြားရေး ( Education and Competency- based Approach) နှင့် စီမံခန့်ခွဲမှု ပညာ အခြေပြု လေ့ကျင့် သင်ကြားရေး (Management Training Approach) သို့ ပြောင်းလဲ သင်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီီလ ၂ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခု၌ ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ ( Civil Services Academy - CSAs) ၌ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁) ( Basic Pre- service Course for Civil Service Officers, Postgraduate Diploma in Civil Services, Management Course - PGDCSM Batch No.(1)) ကို သင်တန်းကာလ ရက်သတ္တ ၁၆ ပတ်ဖြင့် စတင် ဖွင့်လှစ်၍ ဘွဲ့လွန်ဒီပလိုမာ လက်မှတ် နှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြင့် ပေးခဲ့သည်။

ယခုအချိန်တွင် သင်တန်း အမှတ်စဉ် (၇) အထိ ဖွင့်လှစ် ပေးခဲ့ပြီး ပြည်သူ့ဝန်ထမ်း အရာထမ်းလောင်း ၁၇၅၅ ဦးကို ပြည်သူ့ ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာများကို ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဖွင့် လှစ်ခဲ့ရာတွင် ၂၀၁၉-၂၀၂၀ လေ့ကျင့်ရေးနှစ်တွင် မတ်လအတွင်း နိုင်ငံ့အတွင်း၌ Coronavirus ကူးစက်ရောဂါ ဖြစ်ပွားပြီး ရောဂါ ကူးစက်မှုကို ထိန်ချုပ်ရန် အလို့ငှာ မတ်လ ၁၆ရက် မှစ၍ သင်တန်းများ အားလုံး ဖွင့်လှစ်ခြင််း ကို ရပ်ဆိုင်းခဲ့ရပါသည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အနေဖြင့် ဧပြီလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော Board of Studies အစည်းအဝေးမှ သဘောတူညီမှုများအရ In- House Training Systemသင်ကြားပို့ချခြင််းမှ Online Learning System သို့ ပြောင်းလဲပို့ချမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ အွန်လိုင်းဖြင့် သင်ကြားရာတွင် ဝန်ထမ်းများ လိုအပ်သည့် ICT ဆိုင်ရာ နည်းပညာကျွမ်းကျင်မှုများအတွက်လည်း မွမ်းမံသင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင််း သိရပါသည်။



အဆိုပါ အရာထမ်းငယ် အခြေခံသင်တန်းကို ၅-၁၀-၂၀၂၀ ရက်မှ စတင်ကာ ၂၈-၁၀-၂၀၂၀ ရက်နေ့ အထိ လျာထားလျက်ရှိပြီး ဘာသာရပ် ခုနစ်ခု (စီမံခန့်ခွဲ ပညာဘာသာရပ် မှုပညာဘာသာရပ် စီးပွားရေးပညာဘာသာရပ်၊ ဥပဒေ ၊ ၊ လူမှုရေးသိပ္ပံဘာသာရပ် ၊ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဘာသာရပ်)ကို ပို့ချသွားမည် ဖြစ်ကြောင်း သိရပါသည်။

ထိုသို့ပို့ချရာတွင် Online Platform များ အဖြစ် Zoom Cloud Meetings နှင့် Google Classroom တို့ကို အသုံးပြုပြီး သင်ကြားသွားမည် ဖြစ်ပြီး ဆရာ ၊ ကျောင်းသား အပြန်အလှန်ဆွေးနွေးခြင်း (Interactive Learning) Zoom Cloud Meetings ဖြင့်လည်းကောင်း၊ သင်ခန်းစာများ သင်ယူခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် ကိုယ်တိုင်လေ့လာခြင်းတို့ကို Google Classroom အား အသုံံးပြု၍လည်းကောင်း လေ့လာသင်ယူကြရမည်ဖြစ်ပါသည်။

သင်တန်းသားများ သင်တန်းတက်ရာတွင် ပြုလုပ်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် ( Trainers' Manual နှင့် Solution Manual ) တို့်ကို ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ Website (www.usb.gov.mm) တွင် ကြိုတင် ကြေညာ‌ပေးသွားမည် ဖြစ်ပြီး Study Materials များဖြစ်သည့် Video File, Power Point File, PDF File များအပါအဝင် အခြားရည်ညွှန်း ကိုးကား အသုံးပြုဖတ်ရှုရမည့်( References and Resources) များကို ဗဟို ဝန်ထမ်း တက္ကသိုလ်နှစ်ခု၏ Google Classroom တွင် လွှင့်တင် ထားရှိပေးမည် ဖြစ်ပြီး ထို Study Material များ၏ Soft Copy ကို သင်တန်းဝင်ညွှန်ကြားလွှာ နှင့်အတူ ပေးပို့သွားမည် ဖြစ်ပါသည်။



သင်တန်းသားများအနေဖြင့် Computer, Laptop နှင့် Mobile Phone များ ရှိရန် လိုအပ်ပြီး အင်တာနက် ကွန်နက်ရှင်ကောင်းမွန်သည့် နေရာတွင် တက်ရောက်ရန်လိုပြီး e-mail account ရှိရန် လိုအပ်ပါသည်။

သင်တန်းကာလအတွင်း သင်တန်းသားများ ကို Mobile Data အသုံးပြုရန် တစ်ရက်လျှင် ၂၀၀၀ ကျပ်စီ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ မှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါသည်။

Source: ကြေးမုံ

Latest Post News Read 1443 times