စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်နည်းပညာသင်တန်းကို အွန်လိုင်း ဖွင့်လှစ်မည်

မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက စာကြည့်တိုက်အခြေခံသင်တန်းပြီးနောက် အလယ်အလတ်အဆင့် စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်နည်းပညာသင်တန်းကို စက်တင်ဘာလတွင် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်သည်။

သင်တန်းတက်ရောက်နိုင်သည့်သူများ

  • စာကြည့်တိုက်အခြေခံသင်တန်းတက်ရောက်ပြီးသူများ
  • လက်ရှိစာကြည့်တိုက်တစ်ခုခုတွင် အလုပ်လုပ်ကိုင်နေသူများ
  • စာကြည့်တိုက်အတွေ့အကြုံရှိသူများ
  • စာကြည့်တိုက်ပညာ ဒီပလိုမာ (သို့) ဘွဲ့သင်တန်းတက်ရောက်နေသူများ၊ ပြီးမြောက်နေသူများ

သင်တန်းကာလ

(၁) လ - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ

သင်ကြားမည့်အချိန်

အပတ်စဉ် တနင်္လာမှ သောကြာနေ့၊ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ

သင်ကြားမည့်နေရာ

Zoom Meeting (online)

လျှောက်လွှာ

> https://docs.google.com/forms/d/

လျှောက်လွှာပိတ်ရက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်၊ ကြာသပတေးနေ့ထိ လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့်ရရှိသူများစာရင်းကို ဩဂုတ်လ (၂၉) ရက်၊ သောကြာနေ့တွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association) တွင် ကြေညာပေးမည်ဖြစ်သည်။

သင်တန်းကြေး

၁၅,၀၀၀ ကျပ် (ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန်)

သင်တန်းကြေးကို Kpay N0. 09455297766 (Daww Su Su) သို့ပေးပို့ပြီး Kpay Note တွင် သင်တန်းတက်ရောက်သူအမည်ရင်းကို မဖြစ်မနေ ရေးသားပေးရမည်။ ထို့နောက် ငွေသွင်းပြီးကြောင်းကို Screenshot ရိုက်၍ 09450627226 (Ko Win Zaw Latt) သို့ Viber မှတဆင့် ပို့ပေးရမည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို ဩဂုတ်လ (၃၀) ရက်နေ့ (စနေနေ့) တွင် သင်တန်းအတွက် Zoom Link နှင့် Timetable Schedule ကို ပို့ပေးပါမည်။

အသေးစိတ်စုံစမ်းရန်

Ko Win Zaw Latt(09450627226) 

Ko Nyi Nyi Lwin (09400801361)

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 331 times