၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် သင်တန်းသားများ ခေါ်ယူနေသဖြင့် Grade 9 အောင်ထားသူများ မေလ (၂၀) ရက်နေ့မှ စ၍ လျှောက်ထားနိုင်သည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ
ဖွင့်လှစ်မည့် သင်တန်များ
အဆိုပါကျောင်းများတွင် အထက်တန်းပညာနှင့် တွဲဖက်၍ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးသင်တန်းနှင့် စက်မှုနည်းပညာသင်တန်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားရပါမည်။ သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်ကြားရေး ပြီးဆုံးအောင်မြင်ပါက အခြေခံပညာအထက်တန်း အောင်လက်မှတ်ကို ရရှိမည့်အပြင် သက်ဆိုင်ရာ ပညာရပ်နှင့်ဆိုင်သော ကောလိပ်နှင့် တက္ကသိုလ်များကိုပါ ဆက်လက်တက်ရောက်ခွင့် ရရှိပါမည်။
လျှောက်ထားနိုင်သည့် သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်ထားခြင်း
ကျောင်းဝင်ခွင့်လျှောက်လွှာများကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် မေလ (၂၀) ရက်နေ့မှ စတင် ထူတ်ယူနိုင်ပြီး မေလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့်ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်။
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
သင်တန်းသားများကို သတ်မှတ်ဦးရေပေါ်မူတည်၍ စုစုပေါင်းရမှတ် အများ၊ အနည်းအလိုက် ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်ကြားသင်ယူမှုအတွက် လိုအပ်သည့် ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်မည့် အစီအစဉ်လည်း ရှိပါသည်။
သင်တန်းပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် တက္ကသိုလ်အခွင့်အလမ်းများ
စိုက်ပျိုးရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သို့) အစိုးရစက်မှုလက်မှုသိပ္ပံ (Farm Machinery) ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (သို့) စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) တို့၏ ပထမနှစ်သင်တန်းသို့လည်းကောင်း တက်ရောက်နိုင်သည်။
မွေးမြူရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သို့) ငါးလုပ်ငန်းသိပ္ပံကျောင်းများ၏ ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (သို့) စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) တို့၏ ပထမနှစ်သင်တန်းသို့လည်းကောင်း လျှောက်ထားနိုင်သည်။
အသေးစိတ်သိရှိလိုပါက စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများ၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ၀၆၇-၄၁၀၂၉၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။