၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် Grade-9 အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ
ဖွင့်လှစ်မည့်သင်တန်းများ
အစိုးရနည်းပညာအထက်တန်းကျောင်းများ
ဖွင့်လှစ်မည့်သင်တန်းများ
အဆိုပါကျောင်းများတွင် အထက်တန်းပညာနှင့် တွဲဖက်၍ သက်ဆိုင်ရာ စက်မှုနည်းပညာသင်တန်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားရပါမည်။ သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်ကြားရေး ပြီးဆုံးအောင်မြင်ပါက အခြေခံပညာအထက်တန်း အောင်လက်မှတ်ကို ရရှိမည့်အပြင် သက်ဆိုင်ရာ ပညာရပ်နှင့်ဆိုင်သော ကောလိပ်နှင့် တက္ကသိုလ်များကိုပါ ဆက်လက် တက်ရောက်ခွင့် ရှိပါသည်။
လျှောက်ထားနိုင်သည့် သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်လွှာတင်ခြင်း
ကျောင်းဝင်ခွင့်လျှောက်လွှာကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် မေလ (၂၁) ရက်နေ့မှ စတင် ထုတ်ယူပြီး မေလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့် ကျောင်းများသို့ လျှောက်လွှာ တင်သွင်းကြရမည်။
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ
သင်တန်းသားများကို သတ်မှတ်ဦးရေပေါ်မူတည်၍ စုစုပေါင်းရမှတ် အများ၊ အနည်းအလိုက် ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်ကြားသင်ယူမှုအတွက် လိုအပ်သည့် ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်မည့် အစီအစဉ်လည်း ရှိပါသည်။
သင်တန်းပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် တက္ကသိုလ်အခွင့်အလမ်းများ
(၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက အင်ဂျင်နီယာဘွဲ့ (BE) ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော အစိုးရနည်းပညာကောလိပ်များသို့လည်းကောင်း ဆက်လက်တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သင်တန်းရေးရာဌာနခွဲ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦစီးဌာန (ရုံးချူပ်) ၀၆၇-၃၄၀၄၃၉၀၊ ၀၆၇-၃၄၀၄၁၈၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်သည်။
စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ သင်တန်းသားများခေါ်ယူ
> https://www.edge.com.mm/article/basic-educatiion-and-agriculture-and-livestock-high-school.html
==========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။