Sales Hotline : 09448001653       Download App



ဘန်ကောက်ဘဏ်၏ ပညာသင်ဆု အစီအစဉ်ဖြင့် စီးပွားရေးမဟာဘွဲ့သင်တန်းတက်ရောက်နိုင်

ဘန်ကောက်ဘဏ်၏ ပညာသင်ဆု အစီအစဉ်ဖြင့် စီးပွားရေးမဟာဘွဲ့သင်တန်းတက်ရောက်နိုင်

စီးပွားရေးမဟာဘွဲ့သင် တန်းသည် အချိန်ပြည့်သင်တန်း ဖြစ်ပြီး သတ်မှတ်ထားသော အ ရည်အချင်းအချက်အလက်ပြည့် စုံသူ သင်တန်းသား ၅၀ ဦးအား သင်ကြားပို့ချမည်ဖြစ်သည်။

အရည်အချင်းစစ်အနေဖြင့် ၀င်ခွင့်  နှုတ်ဖြေစာမေးပွဲများကို ဇန်န၀ါရီ ၅ ရက်တွင် ရန်ကုန်စီး ပွားရေးတက္ကသိုလ်၌  ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ  ပါမောက္ခ များ လာရောက်စစ်ဆေးမည်ဖြစ်ပါသည်။

သင်တန်းကာလမှာ ၁၈ လ ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံတကာ ကျောင်းဝင်ခွင့်  စာရင်းသွင်းနှုန်း ထားအတိုင်း  ၃၅  ဒေါ်လာ ကောက်ခံမည်ဖြစ်ကာ သင်တန်း ဆရာများ သွားလာစရိတ်၊ သင် တန်းနေရာထိုင်ခင်းနှင့် အထွေ ထွေဝန်ဆောင်မှုများအတွက် လ စဉ် နှစ်သောင်းကျပ်ပေးသွင်းရ မည်ဖြစ်ပါသည်။

သင်တန်းကာလပြီးဆုံးပါက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က ပေးအပ်သည့် MEcon (CMU) မဟာဘွဲ့ရရှိမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့တွင် နောက်ဆုံးလျှောက်ထား နိုင်ပါသည်။

Source: 7 day daily

International Read 3277 times