Autism ကလေးတွေရဲ့ အပြုအမူနဲ့ သင်ကြားနည်းတွေကို မျှဝေသွားမယ့် Free Training

Autism ကလေးတွေကို စာသင်ကြားပေးနေသူတွေ၊ ပြုစုစောင့်ရှောက်ပေးနေရသူတွေ၊ မိဘတွေအတွက် သစ်အိမ်-Thit Eain Education ကနေ အခမဲ့  ပြုလုပ်မယ့် Training Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

"Teach Smarter, Not Harder: Autism & Behavior Training" လို့ အမည်ပေးထားပြီး Autism ကလေးတွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အသေးစိတ် သင်ပေးရုံသာမက သင်ကြားနည်းနာတွေကိုပါ ထည့်သွင်းဆွေးနွေးပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။

သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စမှာ ဖြစ်ပြီး (၈) ပတ်ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရမယ့် ရက်ကတော့ အင်္ဂါနဲ့ ကြာသပတေး တစ်ပတ် (၂) ရက်ဖြစ်ပြီး သင်တန်းအချိန်က ည (၈) နာရီကနေ (၉) နာရီခွဲအထိပါ။

စိတ်ဝင်စားရင် အောက်ကလင့်ခ်ကနေတဆင့် ဇန်နဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။ အ​ရွေးချယ်ခံရသူတွေအတွက် Zoom ID နဲ့ Passcode ကို Email မှတဆင့် ပို့​ပေးသွားမှာ ဖြစ်ပါတယ်။ 

Registration Form 

> https://forms.gle/HBc1QCoK6jbnekXp7

Email မသုံးတဲ့သူတွေက သစ်အိမ်-Thit Eain ပေ့ချ်မက်​ဆေဂျာမှတဆင့် စာရင်းသွင်း​ပေးနိုင်ပါတယ်။ လူဦးရေကန့်သတ်ချက်ရှိတာကြောင့် ဦးရာလူစနစ်နဲ့ သင်တန်းတက်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။

သင်ကြား​ပေးမယ့် Trainer က​တော့ မ​ဟေမာ​အောင်ဖြစ်ပါတယ်။ မ​ဟေမာ​အောင်ဟာ ယခုလက်ရှိ နယူး​ယောက်မြို့မှာ Austim နဲ့ပတ်သက်ပြီး လေ့လာ​နေသူတစ်ဦးဖြစ်တဲ့အပြင် Autism Behavioral Therapy ကျောင်းမှာလည်း အလုပ်လုပ်ကိုင်​နေသူတစ်ဦး ဖြစ်ပါတယ်။ Autism Teaching နဲ့ပတ်သက်ပြီး Certified RBT Certificate ကိုလည်း ရထားသူတစ်ဦး ဖြစ်ပါတယ်။

Time - 8:00PM to 9:30 PM (Myanmar Time)

Date - Tuesday & Thursday (Starting from 2nd February)

Place - Zoom

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Kindergarten Latest Post Pre-school Primary Read 369 times