Sales Hotline : 09448001653       Download App



သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသားများအတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာသင်ဆု

သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသားများအတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာသင်ဆု

မြန်မာကျောင်းသားများ ဦးစားပေးလျှောက်ထားနိုင်သည့် သြစတြေးလျ ပညာသင်ဆုမှာ ပညာရေး (Education) ၊ ဘောဂဗေဒ (Economics) ၊ စီးပွားရေး (Business) ၊ စီးပွားစီမံ စသည်တို့နှင့် နှီးနွှယ်ရာ ဘာသာရပ်များဖြစ်ပါသည်။

မသန်စွမ်းဆိုင်ရာ (disability) ၊ လိင်ခွဲခြားမှုပပျောက်ရေး (gender equity) ၊ လူသားအကျိုးပြုလုပ်ငန်း (humanitarian support) ၊ သဘာဝဘေးစီမံခန့်ခွဲမှု (disaster management) ၊ social science ၏ ဘာသာခွဲတစ်ခုဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေး (development studies) ၊ ဥပဒေ (Law) ၊ ပြည်သူ့ရေးရာမူဝါဒ (Public policy) ၊ နိုင်ငံတကာ ဆက်ဆံရေး (International relations) စသည်တို့ကို လေ့လာသင်ယူနိုင်ရန် လျှောက်ထားနိုင်ပါသည်။

ကျန်းမာရေး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဘာသာရပ်များကိုလည်း စဉ်းစားပေးသွားမည် ဖြစ်သည်။

ပညာသင်ဆုအတွက် လျှောက်ထားနိုင်သည့် တက္ကသိုလ်များစာရင်းကို https://dfat.gov.au တွင် ရှာဖွေနိုင်မည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုချင်းစီအတွက် မိမိလေ့လာလိုသော ဘာသာရပ်များကို ရှာဖွေရန် လိုအပ်မည် ဖြစ်ပါသည်။

အင်္ဂလိပ်စာနှင့် ပတ်သက်၍ သြစတြေးလျသံရုံးမှ ကုန်ကျစရိတ်ခံကျင်းပပေးမည် APTIS စာမေးပွဲနှင့် IELTS အတွက် ပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်သည်။

လျှောက်ထားလိုသူများမှာ

(၁) - [email protected] သို့ ဆက်သွယ်၍ လျှောက်လွှာတောင်းယူနိုင်ပါသည်။

(၂) - မိမိတက်ရောက်လိုသည့် ဘာသာရပ်အလိုက် တက္ကသိုလ် ၂ ခုကို အဆိုပြုလျှောက်ထားရမည်ဖြစ်သည်။

(၃) - ပညာသင်ဆု လျှောက်ထားလိုသူများသည် အင်တာနက်မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ပြီး သြစတြေးလျ သံရုံးနှင့် ဆက်သွယ်၍လည်း တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

(၄) - အွန်လိုင်းမှ လျှောက်ထားလိုပါက လိုအပ်တဲ့ စာရွက်စာတမ်းများအားလုံးကို scan ဖတ်၍ https://oasis.dfat.gov.au မှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

(၅) - သံရုံးမှတိုက်ရိုက်ဆက်သွယ်ပြီး လျှောက်ထားလိုပါက စာရွက်စာတမ်းများပြင်ဆင်ပြီးပါက သံရုံးကို စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

ပညာသင်ဆုအတွက် လိုအပ်ချက်များမှာ

(၁) - ကျောင်းဝင်ခွင့်အတွက် ပုံမှန်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပြီး သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဌာန၏ ဗီဇာသတ်မှတ်ချက်များလည်း ကိုက်ညီရန် လိုအပ်ပါသည်။

(၂) - အသက် (၁၈) နှစ်ရှိသူ မြန်မာနိုင်ငံသား ဖြစ်ရမည် ဖြစ်သည်။

(၃) – Official IELTS စာမေးပွဲ မဖြေရသူများအတွက် British Council က စစ်ဆေးသည့် APTIS အင်္ဂလိပ်စာ စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ပါသည်။

(၄) - ဘွဲ့လက်မှတ် ၊ ပညာရေးဆိုင်ရာမှတ်တမ်း (Transcripts) ၊ မြန်မာဘာသာနှင့် ရေးသားထားသော စာရွက်စာတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာပြန် (နိုတြီ) ပြုလုပ်ထားရမည် ဖြစ်သည်။

(၅) – မိမိတက်ရောက်ခဲ့သော တက္ကသိုလ်မှ ပါမောက္ခဆရာ၏ ထောက်ခံစာလိုအပ်မည် ဖြစ်သည်။

(၆) - ပါရဂူဘွဲ့တက်ရောက်မည့် သူများအတွက် မိမိတက်ရောက်လိုသော တက္ကသိုလ်မှ ကျမ်းကြီးကြပ်ပေးမည့် ဆရာထောက်ခံစာ လိုအပ်မည် ဖြစ်သည်။

မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာသင်ဆုအတွက် လျှောက်လွှာပိတ်မည့် ရက်မှာ ၂၀၁၇ ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့ဖြစ်ပါသည်။

Source: internet journal

International Read 31262 times