THE MYANMAR EDUCATION GUIDE

HOME >> >> International
International

အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျှောက်လွှာခေါ်ယူ

အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျှောက်လွှာခေါ်ယူ

ထိုပညာသင်ဆုကို စင်ကာပူအစိုးရမှ ပညာရေးတွင် ထူးချွန်သော မြန်မာကျောင်းသား၊ ကျောင်းသူများကို အာဆီယံပညာသင်ဆု ရွေးချယ်ပေးအပ်ရန် မြန်မာနိုင်ငံကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။

ရွေးချယ်ခံရသူများသည် စင်ကာပူ အစိုးရကျောင်းများတွင် secondary three မှ pre-university two level အဆင့်အထိ လေးနှစ်တာ ပညာသင်ကြားခွင့် ရရှိမည် ဖြစ်ပါသည်။

ပညာသင်ဆုအား မြန်မာနိုင်ငံသာ ဖြစ်သူ၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မွေးဖွားသူ၊ မည်သည့် ကျောင်းတွင်မဆို အနိမ့်ဆုံး Grade 9 အောင်မြင်ပြီးသူများ၊ အင်္ဂလိပ်စာ အထူးကောင်းမွန်ပြီး သင်္ချာနှင့် သိပ္ပံထူးချွန်သောသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အဌမတန်းအောင်မြင်ကြောင်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်မူရင်းကို လျှောက်လွှာတွင် ပူးတွဲတင်ပြရမည်ဖြစ်သည်။

မေလ ၁၁ ရက်နေ့တွင် အာဆီယံပညာသင်ဆု ပဏာမရေးဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကို မနက် ၁၀ နာရီမှ ၁၀ နာရီခွဲအထိ အင်္ဂလိပ်စာ၊ ၁၀ နာရီ ၄၀ မိနစ်မှ ၁၁ နာရီ ၁၀ မိနစ်အထိ သင်္ချာဘာသာရပ်၊ ၁၁ နာရီ ၂၀ မိနစ်မှ ၁၁ နာရီ ၅၀ မိနစ်အထိ သိပ္ပံဘာသာရပ် တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့်နေရာတွင် ဖြေဆိုရမည်ဖြစ်သည်။

စာမေးပွဲအောင်စာရင်းကို မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး အောင်မြင်သူများသည် မေလ ၂၈ ရက် မှ ၃၀ ရက်အတွင်း ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန (သင်ရိုးဌာနခွဲ) အဆင့်မြင့် ပညာဦးစီးဌာန၀င်း၊ အဆောင်အမှတ် ၃၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် အာဆီယံပညာသင်ဆု လျှောက်လွှာပုံစံကို ဖြည့်သွင်းရမည် ဖြစ်ပါသည်။

ရေးဖြေအောင်မြင်သူများကို ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း စင်ကာပူနိုင်ငံမှ လာရောက်စစ်ဆေးမည့် ရေးဖြေ စာမေးပွဲကိုလည်းကောင်း၊ ထပ်မံရွေးချယ်ခံရသူများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် စစ်ဆေးမည့် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း ထပ်မံဖြေဆိုရမည်ဖြစ်သည်။

လျှောက်လွှာများကို ဧပြီလ ၂၆ ရက်နေ့ နောက်ဆုံးထားရမည်ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 21060 times