Sales Hotline : 09448001653       Download App



လုပ်သက်(၅)နှစ်ပြည့်ပညာရေးဝန်ထမ်းများ ဂျပန်အစိုးရပညာသင်ဆုလျှောက်ထားနိုင်

ဂျပန်နိုင်ငံအစိုးရ  (Monbukagakusho: MEXT) Teacher Training StudentsProgram (2021) ပညာသင်ဆုကမ်းလှမ်းလာခြင်းကိစ္စ 

ဂျပန်နိုင်ငံအစိုးရ  (Monbukagakusho: MEXT)မှ ကမ်းလှမ်းလာသည့် Teacher Training Students Program (2021) သို့ သင်တန်းသား ပေးပို့အဆိုပြုရေးအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ မှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။ 

သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသော စိတ်ပါဝင်စားသည့် လျှောက်ထားလိုသူများ၏ အမည်၊ ရာထူး၊ ကျောင်းတို့ကို ပူးတွဲပါ ပုံစံတွင် ဖြည့်သွင်း၍ (၈-၁-၂၀၂၁) ရက်နေ့ နေ့လယ် (၂၀၀) နာရီအရောက် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော် စီမံကိန်း၊ စာရင်းအင်း၊ မှတ်တမ်း(ဌာနခွဲ)၊ email address [email protected] သို့ ပေးပို့တင်ပြရန် အသိပေး အကြောင်းကြားပါသည်။

  • လျှောက်ထားသူများသည် (၂-၄-၁၉၈၆) နောက်ပိုင်း မွေးသူများဖြစ်ရမည်။
  • တက္ကသိုလ်မှ ဘွဲ့ရပြီးသူများ (သို့မဟုတ်) ပညာရေးတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည် ။
  • (၁-၁၀-၂၀၂၁) ရက်နေ့တွင် လုပ်သက် အနည်းဆုံး (၅) နှစ်ပြည့်ပြီးသူများဖြစ်ရမည်။ 
  • ဂျပန်ဘာသာစကားကို လေ့လာသင်ယူရန် စိတ်ပါဝင်စားသူများ ဖြစ်ရမည်။
  • လျှောက်ထားသူများသည် ကျန်းမာရေးထောက်ခံချက်နှင့် စိတ်ကျန်းမာရေးကောင်းမွန် ကြောင်း ထောက်ခံချက် ရရှိထားသူများ ဖြစ်ရမည်။

By Myanmar Education Guide (EDGE) 

International Read 628 times