နှစ်စဉ်ယင်းတက္ကသိုလ်သို့ တက်ရောက်ရန် လျှောက်ထားသူများပြားသော်လည်း နေရာပေးနိုင်မှုမရှိ၍ တန်းခွဲများဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။
ထိုမြို့ကြီးများရှိ တက္ကသိုလ်များ၌ တန်းခွဲများဖွင့်လှစ်ရန် လုပ်ငန်းစဉ်များစွာ လုပ်ဆောင်ရမည်ဖြစ်၍ တန်းခွဲများကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ် သင်ကြားပေးနိုင်မည်ကို လက်ရှိတွင် အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။
တန်းခွဲသစ်များဖွင့်လှစ်သင်ကြားနိုင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ သင်ကြားလျက်ရှိသော ဘာသာရပ်အားလုံးကို သင်ကြားပေမည်ဖြစ်သည်။
“နှစ်စဉ်လာရောက်သင်ကြားဖို့ လျှောက်ထားတဲ့ ကျောင်းသား/သူဦးရေ များစွာရှိပေမယ့် တက္ကသိုလ်မှာ အခက်အခဲတွေ ရှိတာကြောင့် လျှောက်ထားတဲ့ဦးရေအားလုံးကို လက်ခံသင်ကြားမပေးနိုင်လို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ထို့ကြောင့် ဒီအစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မှာပါ” ဟု ပြောသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: မြ၀တီ