Sales Hotline : 09448001653       Download App



၂၀၁၃ ခုနှစ်နောက်ပိုင်း ခေါ်ယူခြင်းမရှိတော့သည့် မူလတန်းဆရာအတတ်သင်တန်း

** Unicode **

၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အထွေထွေလုပ်သားများကို မူလတန်းဆရာအတတ် စာပေးစာယူသင်တန်းခေါ်ယူခြင်းမရှိကြောင်း မတ် (၂၃) ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ပညာရေးဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က (၁၇-၃-၂၀၁၇)၊ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်းစာပေးစာယူသင်တန်းတက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင်ခဲ့ပြီးတဲ့ အထွေထွေလုပ်သားတွေကို သတင်းစာပါ အလုပ်ခေါ်စာ ကတိကဝတ်အတိုင်း မူလတန်းစာပေးစာယူသင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။

Hair & Beauty (201) ဆံပင်နှင့် အလှအပသင်တန်းများနှင့် ပတ်သက်ပြီး (၂၀၁) ခုရှာရန်နှိပ်ပါ။

အဆိုပါ မေးခွန်းနဲ့ စပ်လျဉ်းပြီး ပညာရေးဝန်ကြီဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၆ ခုနှစ် ဧပြီမှစတင်၍ ပညာရေးဝန်ကြီးဌာနအနေနဲ့ အရည်အသွေးရှိသော ပညာရေးစနစ်ကိုဦးတည်၍ ပူးပေါင်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့အတွက် အထွေထွေလုပ်သားများကို မူလတန်းစာပေးစာယူ သင်တန်းတက်ရောက်ရမည်ဟု ပါရှိတဲ့ (၁၇-၃-၂၀၁၇) ရက်နေ့ခေါ်ယူခဲ့သော ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာမှာ ၂၀၁၃ ခုနှစ်အလုပ်ကြော်ငြာစာဖြစ်ပြီး အဆိုပါနှစ်နောက်ပိုင်းတွင် မူလတန်းဆရာအတတ် စာပေးစာယူသင်တန်းခေါ်ယူခြင်းမရှိတော့ပါကြောင်း ဖြေကြားခဲ့ပါတယ်။

Read More:>>> "နဝမတန်းပြင်ပဖြေစာမေးပွဲရက် အပြောင်းအလဲမရှိ"

ယခုလက်ရှိဆောင်ရွက်လျက်ရှိတဲ့ အရည်အချင်းသတ်မှတ်ချက် (Q-Sheet) အရ ကိုက်ညီမှုမရှိပါကြောင်းနဲ့ PPTT တက်ရောက်ခွင့်မရသော အထွေထွေလုပ်သားများကို ဘွဲ့ရရှိပြီးပါက စာရေး (၁) ရာထူးသို့ ရာထူးတိုးမြှင့်ပေးလျက်ရှိပါကြောင်း (သို့) သတ်မှတ်ချက်နှင့်ကိုက်ညီပါက PPTT တက်ရောက်ရန်ဝင်ခွင့်ယှဉ်ပြိုင်ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Credit: Internet

 

** Zawgyi **







Credit: Internet

 

Latest Post News Tips Tips Read 10672 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176