လှည်းတန်းစင်တာမှာ (၃) ရက်တိုင် ကျင်းပမယ့် Advanced Studies Pwal

Education Fair Myanmar မှ ဦးစီးပြီး Language ၊ IT နဲ့ Business ဆိုင်ရာ သင်တန်းကျောင်းပြပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၂)၊ (၂၃) နဲ့ (၂၄) ရက်နေ့တို့မှာ ဝင်ကြေးအခမဲ့နဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Advanced Studies Pwal ဆိုတာ ဘာသာစကား၊ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ သင်တန်းတွေ တက်ရောက်လိုသူတိုင်းအတွက် သင်တန်းကျောင်းတွေကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် ပညာရေးပြပွဲ ဖြစ်ပါတယ်။

ဒီပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင် Season (14) အထိ ရှိလာပြီဖြစ်ပြီး သင်တန်းကျောင်းပေါင်း (၂၀) ကျော် ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ 

ပွဲကို မနက် (၁၀) နာရီကနေ ည (၇) နာရီအထိ လှည်းတန်းစင်တာမှာ ကျင်းပမှာဖြစ်တာကြောင့် အားတဲ့အချိန်လေး ရှော့ပင်းထွက်ရင်း ပွဲမှာ သွားရောက်လေ့လာနိုင်ပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • Language ၊ IT နဲ့ Business သင်တန်းကျောင်းတွေကို စုံစမ်းလိုသူများ
  • အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေအတွက် လိုအပ်တဲ့ Skill တွေ ဖြည့်လိုသူများ
  • Certificate Program / Scholarship Opportunities တွေကို ရှာဖွေလိုသူများ
  • သင်တန်းကြေးနဲ့ ပတ်သက်ပြီး Promotion၊ Discounts နဲ့ Rewards တွေ ရရှိလိုသူများ

သင်တန်းကျောင်းနဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေဘက်ကလည်း ဒီပွဲမှာ Exhibitor အဖြစ် Booth ယူပြီး တက်ရောက်နိုင်ပါတယ်။ ဒီပွဲမှာဆိုရင် - 

  • သင့်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ ဝန်ဆောင်မှုတွေကို တိုက်ရိုက်မိတ်ဆက်နိုင်မယ်။
  • ပညာရေးကို လေ့လာလိုစိတ်ရှိတဲ့ လူငယ်တွေနဲ့ ဆက်သွယ်နိုင်မယ်။
  • Brand Awareness နဲ့ Brand Image ကို တိုးတက်စေပါတယ်။
  • Enrollments တွေလည်း တိုးလာနိုင်ပြီး ပွဲအတွင်း Partner တွေနဲလည်း ချိတ်ဆက်နိုင်မယ်။
  • ပြည်တွင်း ပညာရေးပွဲတစ်ခုတွင် ပါဝင်နိုင်မှုအဖြစ် အသိအမှတ်ပြုခြင်းခံရပါမယ်။ 

လူငယ်တွေရဲ့ အနာဂတ်မှာ ဘာသာစကားအခက်အခဲတွေ မရှိရလေအောင် ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ် စတဲ့ ဘာသာစကားသင်တန်းကျောင်းတွေ၊ နည်းပညာခေတ်မှာ နည်းပညာစွမ်းရည်တွေ တတ်ကျွမ်းထားအောင် နည်းပညာသင်တန်းကျောင်းတွေ၊ အနာဂတ် လုပ်ငန်းခွင်မှာ အဆင်ပြေအောင် စီးပွားရေးဆိုင်ရာ သင်တန်းကျောင်းတွေကို တစ်နေရာတည်းမှာ တွေ့ရမှာမို့ အကျိုးရှိစေမယ့် ပညာရေးပြပွဲလေးတစ်ခု ဖြစ်ပါတယ်။

ပါဝင်မယ့် သင်တန်းကျောင်းများ

  • Y-Max College - YMC 
  • International Education Service Myanmar
  • NECYL - Ngwesin's English Classes For Young Learners 
  • North Chiang Mai University Myanmar Representative Office
  • Genius Thai Language Centre 
  • Prestige Education Center
  • StudyHub Malaysia
  • OHIO Japanses Language Center

ပွဲအသေးစိတ်အချက်အလက်

နေ့ရက် - ၂၀၂၅ ခုနှစ် ဩဂုတ် (၂၂)၊ (၂၃)၊ (၂၄)

အချိန် - မနက် (၁၀) နာရီကနေ (၇) နာရီအထိ

နေရာ -  လှည်းတန်းစင်တာ၊ ပရိုမိုးရှင်းဧရိယာ

ဆက်သွယ်ရမယ့်ဖုန်း - 09 952 429 555

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Read 1339 times