** Unicode **
ဟူဘိုင်ပြည်နယ် Yichang ရှိ ဈေးဆိုင်တွင် မိခင်က ဈေးလာဝယ်သူတစ်ဦးနှင့် စကားပြောဆိုနေစဉ် ကလေးမလေး Ke Enya သည် ဈေးဗန်းအောက်ရှိ အွန်လိုင်း စာသင်ခန်းတွင် စာသင်နေသည့် ဓာတ်ပုံသည် တရုတ်ပြည် အွန်လိုင်းပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
အသက် (၇) နှစ်အရွယ်ရှိ မိန်းကလေးအတွက် အွန်လိုင်း စာသင်ခန်းကို ဈေးသည်တွေဖြစ်တဲ့ မိဘနှစ်ပါးက ခင်းကျင်းထားတဲ့ ဈေးဗန်းအောက်မှာ ဖန်တီးပေးထားတယ်။ ထိုင်ဖို့အတွက် ကတ်ထူပုံးနှစ်ခုကို ပြားပြီး ထပ်ခင်းပေးထားတယ်။ စက္ကူ ကတ်ထူပုံးနှစ်ခုကို ဆက်ပြီး စားပွဲငယ် လုပ်ပေးထားတယ်။ မီးအိမ်ငယ် တစ်ခု ရှိတယ်။ အွန်လိုင်း စာသင်ဖို့ တစ်ပတ်ရစ် လက်ပ်တော့တစ်လုံး ရှိတယ်။
စာသင်ခန်းရဲ့ အပေါ်ဘက်မှာတော့ မိဘတွေက ဟင်သီးဟင်းရွက်တွေနဲ့ အသားတွေ ခင်းကျင်းပြီး ရောင်းချတယ်။ ဈေးဗန်းအောက်မှာတော့ Ke Enya က ကျုံ့ကျုံ့လေးထိုင်ပြီး စာသင်နေတယ်။ COVID-19 ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားချိန်မှာ အစိုးရက ပညာရေးကို အွန်လိုင်းကနေ သင်ပေးနေတာမို့ Ke Enya က တစ်ပတ်ရစ်လက်ပ်တော့တစ်လုံးနဲ့ အခုလို စာသင်နေတာ ဖြစ်ပါတယ်။
သူတို့ ဆိုင်ဖွင့်တာ ၂၀၀၇ ခုနှစ် ဇွန်လကတည်းက ဖြစ်ပါတယ်။ ဆိုင်ကို မနက် (၆) နာရီမှာ စခင်းပြီး ရောင်းတာ ညမိုးချုပ်တဲ့အထိ ဖြစ်ပါတယ်။
သူတို့ မိသားစု သုံးယောက် အခုလိုပဲ ဈေးရောင်းထွက်ရင်း စာသင်ခန်းလုပ်ပြီး စာသင်နေကျ ဖြစ်ရာမှ တစ်ရက်မှာတော့ Ke Enya ရဲ့ ဆရာမက ဆိုင်ကို လာပြီး ဈေးဝယ်ရာမှ Ke Enya အခုလို စာသင်နေတာကို တွေ့သွားပြီး ဓာတ်ပုံရိုက်တယ်။ မိန်းကလေးရဲ့ စာသင်ခန်းလို့ ရေးပြီး WeChat moment မှာ ပုံကို တင်လိုက်တာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
Ke Enya အတွက်တော့ ကောင်းဖို့ ဖြစ်သွားပါတယ်။ မြို့မှာ ရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုက ဆိုင်ကို ရောက်လာပြီး အခမဲ့ ဘရော့ဘင် ဆင်ပေးသွားတယ်။ ဒီတော့ အရင်ကလို အမေ့ဖုန်းနဲ့ ချိတ်ပြီး သုံးနေဖို့ မလိုတော့ဘူး။ လိုင်းကလည်း အရင်ကနဲ့ ဘာမှ မဆိုင်တော့ဘူး။ အရမ်းကောင်းသွားတယ်။
chinadaily.com.cn
** Zawgyi **
ဟူဘိုင္ျပည္နယ္ Yichang ရွိ ေဈးဆိုင္တြင္ မိခင္က ေဈးလာဝယ္သူတစ္ဦးႏွင့္ စကားေျပာဆိုေနစဥ္ ကေလးမေလး Ke Enya သည္ ေဈးဗန္းေအာက္ရွိ အြန္လိုင္း စာသင္ခန္းတြင္ စာသင္ေနသည့္ ဓာတ္ပုံသည္ တ႐ုတ္ျပည္ အြန္လိုင္းေပၚတြင္ ဟိုးေလးတေက်ာ္ ျဖစ္သြားခဲ့ပါတယ္။
အသက္ (၇) ႏွစ္အ႐ြယ္ရွိ မိန္းကေလးအတြက္ အြန္လိုင္း စာသင္ခန္းကို ေဈးသည္ေတြျဖစ္တဲ့ မိဘႏွစ္ပါးက ခင္းက်င္းထားတဲ့ ေဈးဗန္းေအာက္မွာ ဖန္တီးေပးထားတယ္။ ထိုင္ဖို႔အတြက္ ကတ္ထူပုံးႏွစ္ခုကို ျပားၿပီး ထပ္ခင္းေပးထားတယ္။ စကၠဴ ကတ္ထူပုံးႏွစ္ခုကို ဆက္ၿပီး စားပြဲငယ္ လုပ္ေပးထားတယ္။ မီးအိမ္ငယ္ တစ္ခု ရွိတယ္။ အြန္လိုင္း စာသင္ဖို႔ တစ္ပတ္ရစ္ လက္ပ္ေတာ့တစ္လုံး ရွိတယ္။
စာသင္ခန္းရဲ႕ အေပၚဘက္မွာေတာ့ မိဘေတြက ဟင္သီးဟင္း႐ြက္ေတြနဲ႔ အသားေတြ ခင္းက်င္းၿပီး ေရာင္းခ်တယ္။ ေဈးဗန္းေအာက္မွာေတာ့ Ke Enya က က်ဳံ႕က်ဳံ႕ေလးထိုင္ၿပီး စာသင္ေနတယ္။ COVID-19 ေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားခ်ိန္မွာ အစိုးရက ပညာေရးကို အြန္လိုင္းကေန သင္ေပးေနတာမို႔ Ke Enya က တစ္ပတ္ရစ္လက္ပ္ေတာ့တစ္လုံးနဲ႔ အခုလို စာသင္ေနတာ ျဖစ္ပါတယ္။
သူတို႔ ဆိုင္ဖြင့္တာ ၂၀၀၇ ခုႏွစ္ ဇြန္လကတည္းက ျဖစ္ပါတယ္။ ဆိုင္ကို မနက္ (၆) နာရီမွာ စခင္းၿပီး ေရာင္းတာ ညမိုးခ်ဳပ္တဲ့အထိ ျဖစ္ပါတယ္။
သူတို႔ မိသားစု သုံးေယာက္ အခုလိုပဲ ေဈးေရာင္းထြက္ရင္း စာသင္ခန္းလုပ္ၿပီး စာသင္ေနက် ျဖစ္ရာမွ တစ္ရက္မွာေတာ့ Ke Enya ရဲ႕ ဆရာမက ဆိုင္ကို လာၿပီး ေဈးဝယ္ရာမွ Ke Enya အခုလို စာသင္ေနတာကို ေတြ႕သြားၿပီး ဓာတ္ပုံ႐ိုက္တယ္။ မိန္းကေလးရဲ႕ စာသင္ခန္းလို႔ ေရးၿပီး WeChat moment မွာ ပုံကို တင္လိုက္တာ ဟိုးေလးတေက်ာ္ ျဖစ္သြားခဲ့ပါတယ္။
Ke Enya အတြက္ေတာ့ ေကာင္းဖို႔ ျဖစ္သြားပါတယ္။ ၿမိဳ႕မွာ ရွိတဲ့ ဆက္သြယ္ေရး ကုမၸဏီတစ္ခုက ဆိုင္ကို ေရာက္လာၿပီး အခမဲ့ ဘေရာ့ဘင္ ဆင္ေပးသြားတယ္။ ဒီေတာ့ အရင္ကလို အေမ့ဖုန္းနဲ႔ ခ်ိတ္ၿပီး သုံးေနဖို႔ မလိုေတာ့ဘူး။ လိုင္းကလည္း အရင္ကနဲ႔ ဘာမွ မဆိုင္ေတာ့ဘူး။ အရမ္းေကာင္းသြားတယ္။
chinadaily.com.cn