စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) တွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) သင်တန်းနှင့် မွေးမြူရေးသိပ္ပံဘွဲ့ (B.A.Sc) သင်တန်းအတွက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် GCE A Level နှင့် IB Diploma ပြီးထားသူများပါ လျှောက်ထားနိုင်ပြီဖြစ်သည်။
တက်ရောက်နိုင်သည့် ဘွဲ့သင်တန်း (၂) ခု
စိုက်ပျိုးရေးဘာသာရပ်အထူးပြု (၂၀၀) ဦးနှင့် မွေးမြူရေးဘာသာရပ် အထူးပြု (၂၀၀) ဦး စုစုပေါင်း (၄၀၀) ဦး လက်ခံမည်။ အထူးပြု ဘာသာရပ်အလိုက် အမျိုးသားဦးရေ (၅၀%) နှင့် အမျိုးသမီးဦးရေ (၅၀%) လက်ခံမည်။
တက္ကသိုလ်ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များ
- ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် စိုက်ပျိုးရေးအတတ်ပညာကို (Grade A) ဖြင့် အောင်မြင်သူ၊ မွေးမြူရေးအတတ်ပညာကို (Grade A) ဖြင့် အောင်မြင်သူ ဖြစ်ရမည်။
- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲကို အနည်းဆုံး (၃၅၀) မှတ်ဖြင့် အောင်မြင်ထားသူဖြစ်ရမည်။
- General Certificate of Education Advanced Level (GCE 'A' Level: CAIE) နှင့် International Baccalaureate (IB Diploma) ဖြင့် အောင်မြင်ရမည်။
- GCE 'A' Level: CAIE ကို သိပ္ပံဘာသာရပ်အထူးပြု အောင်မြင်သူများအနေဖြင့် Biology (Grade A) နှင့် Chemistry (Grade A) နှင့် Physics (သို့မဟုတ်) Mathematics (Grade B) ရရှိသူများဖြစ်ရမည်။
- IB Diploma အောင်မြင်ပြီးမြောက်သူများအနေဖြင့် Biology (HL)၊ Chemistry (HL) နှင့် Mathematics (SL) များကိုဖြေဆိုပြီး ပျမ်းမျှ ၃၄-၃၆ points ရရှိသူများဖြစ်ရမည်။
လျှောက်လွှာပုံစံ
လျှောက်ထားရမည့်ပုံစံ
လျှောက်လွှာပုံစံကို https://www.moali.gov.mm တွင် ရယူပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ သင်တန်းရေးရာဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် မအူပင်)၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့သို လိပ်မူ၍ စာတိုက်သေတ္တာအမှတ် (၁၀၁၈) (သို့မဟုတ်) email လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ
GCE A Level နှင့် IB Diploma အောင်မြင်ထားသူများသည် ဝင်ခွင့်လျှောက်လွှာကို အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းတို့ကို ဖြေဆိုရပါမည်။ အဆင့်မြင့်ပညာဦးစီးဌာနမှ စိစစ်ပေးပို့လာသော လျှောက်လွှာများကိုသာ တက္ကသိုလ်ဘက်မှ လက်ခံရွေးချယ်သွားမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက အထက်ပါ email လိပ်စာ/ ဖုန်း ၀၄၅-၂၀၃၀၀၇၄၊ ၀၉- ၄၂၀၇၀၃၁၀၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရံလျှောက်ထားရန် လိုအပ်ပါသည်။
==============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။