ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် ခေါ်ယူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ‌ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) (၄) နှစ်သင်တန်းကို ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများအပြင် GCE A Level နှင့် IB Diploma ပြီးထားသူများပါ လျှောက်ထားခွင့်ရှိပြီဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များ 

- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲကို စုစုပေါင်း (၃၅၀) မှတ်ဖြင့် အောင်မြင်သူဖြစ်ရမည်။ 

- ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် စိုက်ပျိုးရေးအတတ်ပညာကို Grade A ဖြင့် အောင်မြင်သူဖြစ်ရမည်။ 

- General Certificate of Education Advanced Level (GCE A Level) နှင့် International Baccalaureate (IB) Diploma အောင်မြင်ထားသူများ ဖြစ်ရမည်။

- GCE A Level တွင် Biology (Grade A)၊ Chemistry (Grade A) နှင့် Physics (သို့) Maths (Grade B) ရရှိသူဖြစ်ရမည်။

- IB Diploma တွင် Biology (HL)၊ Chemistry (HL) နှင့် Physics (သို့) Maths (SL) ဖြစ်ပြီး ပျမ်းမျှ 34-36 points ရရှိရပါမည်။

- ကွင်းလက်တွေ့လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် လေ့ကျင့်လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး (က) အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူဖြစ်ရမည်။

- တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။ 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ (၅၀%) နှင့် အမျိုးသမီးဦးရေ (၅၀%) လက်ခံသွားမည် ဖြစ်ကာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး လက်ခံမည်ဖြစ်ကြောင်း သိရသည်။ 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ  

- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ်နှံချိန်တွင်မူရင်းတင်ပြရမည်) 

- ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

- လိုင်စင်ဓါတ်ပုံ(၃)ပုံ (ကျောင်းအပ်ချိန်တွင်ပေးအပ်ရန်)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း) (သို့မဟုတ်) သက်ဆိုင်ရာရဲစခန်းထောက်ခံချက်(မူရင်း)

လျှောက်လွှာပုံစံ

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာပုံစံကို www.yau.edu.mm/event တွင် ရယူပြီး အထက်ပါ အထောက်အထားများနှင့်အတူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့) အီးမေးလ်လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်သည်။ 

GCE A Level နှင့် IB Diploma အောင်မြင်ထားသူများသည် ဝင်ခွင့်လျှောက်လွှာကို အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းတို့ကို ဖြေဆိုရပါမည်။ အဆင့်မြင့်ပညာဦးစီးဌာနမှ စိစစ်ပေးပို့လာသော လျှောက်လွှာများကိုသာ တက္ကသိုလ်ဘက်မှ လက်ခံရွေးချယ်သွားမည်ဖြစ်သည်။  

ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရံလျှောက်ထားရန် လိုအပ်ပါသည်။ တက္ကသိုလ်ဝင်ခွင့် ရရှိသူများစာရင်းကို ကျောင်းဖွင့်ချိန်နှင့်အတူ www.yau.edu.mm/event တွင်လည်း အချိန်မီ အသိပေးကြေညာသွားမည်ဖြစ်သည်။

အသေးစိတ် မေးမြန်းလိုပါက အထက်ပါ အီးမေးလ်လိပ်စာ (သို့) ဖုန်း ၀၆၇-၃၄၁၆၅၁၂ နှင့် ၀၉၈၉၄၄၁၅၇၉၀ တို့ကို စုံစမ်းမေးမြန်းနိုင်ပါသည်။

==============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 353 times