မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပထမနှစ်ဝင်ခွင့် လျှောက်ထားနိုင်ပြီ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထနှစ်ဝင်ခွင့်အား ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများအပြင် GCE A Level နှင့် IB Diploma ပြီးထားသူများပါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

တက်ရောက်နိုင်သည့် ဘွဲ့သင်တန်း (၂) ခု

  • တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine - DVM) - (၅) နှစ်
  • မွေးမြူရေးပညာဘွဲ့ (‌Bachelor of Animal Science - BASc) - (၄) နှစ်

တက္ကသိုလ်ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များ 

- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်ထားပြီး DVM သင်တန်းအတွက် (၄၁၀) မှတ်၊ BASc သင်တန်းအတွက် (၃၅၀) မှတ် ရရှိထားသူဖြစ်ရမည်။

- ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာကို Grade A ဖြင့် အောင်မြင်သူဖြစ်ရမည်။ 

- General Certificate of Education Advanced Level (GCE A Level) နှင့် International Baccalaureate (IB) Diploma အောင်မြင်ထားသူများ ဖြစ်ရမည်။

- GCE A Level အောင်မြင်ထားပြီး DVM လျှောက်ထားလိုပါက Biology (Grade A)၊ Chemistry (Grade A) နှင့် Physics (သို့) Maths (Grade A) ရရှိသူ၊ BASc လျှောက်ထားလိုပါက Biology (Grade A)၊ Chemistry (Grade A) နှင့် Physics (သို့) Maths (Grade B) ရရှိသူဖြစ်ရမည်။ 

- IB Diploma အောင်မြင်ထားပြီး DVM လျှောက်ထားလိုပါက Biology (HL)၊ Chemistry (HL) နှင့် Physics (သို့) Maths (HL) ဖြစ်ပြီး ပျမ်းမျှ 36-38 points ရရှိသူ၊ BASc လျှောက်ထားလိုပါက Biology (HL)၊ Chemistry (HL) နှင့် Physics (သို့) Maths (SL) ဖြစ်ပြီး ပျမ်းမျှ 34-36 points ရရှိရပါမည်။

- လက်တွေ့လုပ်ငန်းများနှင့် မွေးမြူရေးခြံများ ကွင်းဆင်းခြင်းတွင် ကိုယ်တိုင်ပါဝင် လေ့ကျင့်လုပ်ဆောင်ရမည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းသူများ ဖြစ်ရမည်။

- တက္ကသိုလ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။ 

တိရစ္ဆာန်ဆေးပညာဘွဲ့ ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်ဖြစ်ပြီး မွေးမြူရေးပညာဘွဲ့ အတွက်လည်း ထိုနည်းတူ အမျိုးသားဦးရေ (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်ဖြစ်သည်။

လျှောက်လွှာပုံစံ

လျှောက်ထားရမည့်ပုံစံ

မွေးမြူရေးအတတ်ပညာကို Grade A ဖြင့် အောင်မြင်သူများနှင့် STEAMS-1 ဖြင့် အောင်မြင်သူများသည် လျှောက်လွှာပုံစံကို www.uvs.edu.mm တွင် ရယူပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့) အီးမေးလ်လိပ်စာ [email protected] သို့ တိုက်ရိုက် ပေးပို့လျှောက်ထားနိုင်သည်။ 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

- တက္ကသိုလ်၀င် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- တက္ကသိုလ်ဝင်အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ၏ ထောက်ခံချက်  (မူရင်း)

- လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကတ် (မိတ္တူ)

- လိုင်စင်ဓာတ်ပုံ (၄) ပုံ 

GCE A Level နှင့် IB Diploma အောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် အသေးစိတ် အချက်အလက်ကို သိရှိလိုပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန ဖုန်း-၀၆၇၃၄၁၆၆၅၉ ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။ 

Latest Post Local News University / College Read 111 times