ကျောင်းအပ်နှံမှုတိုးလာဖို့ School Open House တစ်ခု ဘယ်လိုစီစဉ်မလဲ?

ပုဂ္ဂလိကကျောင်းနဲ့ နိုင်ငံတကာကျောင်းတွေအတွက် ကျောင်းသားဟောင်းကို ထိန်းထားနိုင်ဖို့ လိုအပ်သလို ကျောင်းသားသစ်တွေ တိုးလာဖို့ကလည်း  ကျောင်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါတယ်။

ပြိုင်ဆိုင်မှုရှိတဲ့ ပညာရေးဈေးကွက်အတွင်း ကျောင်းတွေဟာ မိဘတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ Social Media Marketing၊ Digital Advertising နဲ့ School Promotion Campaign တွေကို အသုံးပြုလာကြပါတယ်။

ဒါပေမဲ့ ကျောင်းအကြောင်းကို အွန်လိုင်းမှာ ဖတ်ရှုလေ့လာခြင်းနဲ့ ကျောင်းကို ကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းဟာ မိဘတွေရဲ့ ကျောင်းရွေးချယ်မှုအပေါ် မတူညီတဲ့ အတွေ့အကြုံတွေ ပေးနိုင်ပါတယ်။

School Open House ဆိုတာ မိဘတွေနဲ့ ကျောင်းသားတွေကိုယ်တိုင် ကျောင်းရဲ့ သင်ကြားရေးအစီအစဉ်တွေ၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဝန်ဆောင်မှု၊ သင်ယူရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆရာ၊ ဆရာမတွေကို ကိုယ်တိုင်တွေ့ဆုံလေ့လာနိုင်အောင် စီစဉ်ပေးတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ Open House တစ်ခုရဲ့ အောင်မြင်မှုကို ပွဲလာရောက်သူဦးရေ တစ်ခုတည်းနဲ့ မတိုင်းတာသင့်ပါဘူး။ ပွဲလာရောက်တဲ့ မိဘတွေထဲက ဘယ်နှစ်ဦးက ကျောင်းအပ်နှံဖို့ စိတ်ဝင်စားလာသလဲ၊ ဘယ်နှစ်ဦးက လျှောက်လွှာတင်သွင်းသလဲ၊ နောက်ဆုံးမှာ ကျောင်းသားသစ် ဘယ်နှစ်ဦး အပ်နှံလာသလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် School Open House တစ်ခုကို ကျောင်းအပ်နှံမှုတိုးလာစေဖို့ ဘယ်လိုစီစဉ်သင့်လဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ Open House ရဲ့ ရည်ရွယ်ချက်နဲ့ Target Audience ကို သတ်မှတ်ပါ။

Open House တစ်ခုကို မစီစဉ်ခင် ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ကျောင်းသားသစ်တွေကို ဆွဲဆောင်ဖို့လား၊ သင်ရိုးညွှန်းတမ်းအသစ် မိတ်ဆက်ဖို့လား၊ ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုတွေကို စတင် လက်ခံဖို့လားဆိုတာကို ကြိုတင်စဉ်းစားသင့်ပါတယ်။

ထို့အပြင် မိမိကျောင်းက အဓိကဆွဲဆောင်လိုတဲ့ မိဘနဲ့ ကျောင်းသားအုပ်စုကိုလည်း သတ်မှတ်ထားရပါမယ်။ ဥပမာ- Preschool နဲ့ Primary Level အတွက် Open House ကျင်းပမယ်ဆိုရင် မိဘတွေအနေနဲ့ ကျောင်းပတ်ဝန်းကျင်လုံခြုံမှု၊ သင်ကြားရေးနည်းစနစ်နဲ့ ကလေးတစ်ဦးချင်းစီကို စောင့်ရှောက်ပေးနိုင်မှုတို့ကို ပိုမို သိရှိလိုနိုင်ပါတယ်။

Secondary Level အတွက်ဆိုရင်တော့ သင်ရိုးညွှန်းတမ်း၊ စာမေးပွဲအောင်မြင်မှု၊ တက္ကသိုလ်ပညာရေးဆက်လက်တက်ရောက်နိုင်မယ့် လမ်းကြောင်းနဲ့ Career Guidance တို့ကို ပိုမို အလေးထားနိုင်ပါတယ်။ Target Audience ကို ကြိုတင်သတ်မှတ်ထားခြင်းဟာ ပွဲအစီအစဉ်တွေကို ပိုမို သင့်လျော်စွာ စီစဉ်နိုင်ဖို့ အထောက်အကူပြုပါတယ်။

၂။ မိဘတွေ လာရောက်ချင်တဲ့ Open House Promotion ကို ပြုလုပ်ပါ။

Open House တစ်ခု အောင်မြင်ဖို့အတွက် မိဘတွေထံ ပွဲအကြောင်း သတင်းအချက်အလက်တွေ ထိရောက်စွာ ရောက်ရှိဖို့ လိုအပ်ပါတယ်။ ကျောင်းတွေအနေနဲ့ Facebook Page၊ Website၊ Email၊ Viber နဲ့ အခြားသင့်လျော်တဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုပြီး ပွဲအကြောင်း ကြိုတင်အသိပေးနိုင်ပါတယ်။

ပွဲကြော်ငြာတဲ့အခါ နေ့ရက်၊ အချိန်နဲ့ နေရာတို့ကိုသာ ဖော်ပြတာထက် Open House ကို လာရောက်ခြင်းဖြင့် မိဘတွေ ဘာတွေသိရှိနိုင်မလဲဆိုတာကိုပါ ထည့်သွင်းဖော်ပြသင့်ပါတယ်။

ဥပမာ - 

- ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးနည်းစနစ်တွေကို လေ့လာနိုင်ခြင်း

- ဆရာ၊ ဆရာမတွေနဲ့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခြင်း

- စာသင်ခန်းဆောင်တွေနဲ့ ကျောင်းပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနိုင်ခြင်း

- ကျောင်းလခ၊ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို အဓိက ဖော်ပြပေးထားပြီး ကျောင်းကို လာချင်အောင် ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် Online Registration Form တစ်ခုထားရှိခြင်းဖြင့် ပွဲတက်ရောက်လိုတဲ့ မိဘဦးရေကို ကြိုတင်ခန့်မှန်းနိုင်ပြီး ပွဲစီစဉ်မှုကိုလည်း ပိုမိုလွယ်ကူစေပါတယ်။

၃။ ကျောင်းအဆောက်အအုံထက် သင်ကြားရေးအရည်အသွေးကို ပိုမို ပြသပါ။

Open House မှာ Campus Tour ဟာ အရေးပါတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းအဆောက်အအုံ၊ စာသင်ခန်းနဲ့ အခြေခံအဆောက်အအုံတွေကိုသာ ပြသခြင်းထက် ကျောင်းရဲ့ တကယ့်သင်ကြားရေးအတွေ့အကြုံကို မိဘတွေ မြင်တွေ့နိုင်အောင် စီစဉ်သင့်ပါတယ်။

ဥပမာ - Classroom Demonstration၊ Interactive Learning Activities၊ Science Experiments နဲ့ Student Projects တွေကို ပြသခြင်းတို့က မိမိကျောင်းကို လူစိတ်ဝင်စားမှု များပြားစေနိုင်ပါတယ်။ မိဘတွေအနေနဲ့လည်း ကျောင်းရဲ့ သင်ကြားရေးနည်းစနစ်တွေကို ပိုမိုနားလည်နိုင်ပြီး မိမိသားသမီးအတွက် သင့်လျော်တဲ့ သင်ယူရေးပတ်ဝန်းကျင်ဖြစ်မဖြစ်ကို ကိုယ်တိုင် ဆန်းစစ်နိုင်ပါတယ်။

ဒါပေမဲ့ ကျောင်းရဲ့ ပုံမှန်သင်ကြားရေးအခြေအနေနဲ့ မကိုက်ညီတဲ့ သရုပ်ပြအစီအစဉ်တွေထက် အမှန်တကယ်အသုံးပြုနေတဲ့ သင်ကြားရေးနည်းစနစ်တွေကို ပြသဖို့ လိုပါတယ်။ 

၄။ မိဘတွေနဲ့ ဆရာ၊ ဆရာမများ တိုက်ရိုက်တွေ့ဆုံနိုင်ဖို့ စီစဉ်ပါ။

ကျောင်းရွေးချယ်ရာမှာ မိဘတွေအနေနဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားရေးနည်းစနစ်တွေအပြင် မိမိသားသမီးကို သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေအကြောင်းကိုလည်း သိရှိလိုကြပါတယ်။ ဒါကြောင့် Open House အတွင်း School Principal၊ Academic Director၊ ဆရာ၊ ဆရာမများနဲ့ မိဘတွေ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မယ့် အစီအစဉ်တစ်ခု ထည့်သွင်းသင့်ပါတယ်။

မိဘတွေအနေနဲ့ သင်ကြားရေးနည်းစနစ်၊ Student Assessment၊ Learning Support နဲ့ ကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မှုကို ဘယ်လိုစောင့်ကြည့်ပေးသလဲဆိုတာတွေကို မေးမြန်းနိုင်ပါတယ်။ မိဘတွေရဲ့ မေးခွန်းတွေကို ရှင်းလင်းတိကျစွာ ဖြေကြားပေးနိုင်ခြင်းဟာ ကျောင်းအပေါ် ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

၅။ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်ကို ရှင်းလင်းစွာ ပြသပါ။

Open House ကို လာရောက်တဲ့ မိဘအချို့ဟာ ကျောင်းအကြောင်းကို စတင် လေ့လာနေသူတွေဖြစ်နိုင်သလို တချို့ကတော့ ကျောင်းအပ်နှံဖို့ စဉ်းစားထားပြီးသား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပွဲအတွင်း Admissions Information Desk တစ်ခုထားရှိပြီး ကျောင်းအပ်နှံမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းလင်းစွာ ဖော်ပြပေးသင့်ပါတယ်။ 

လက်ခံသင်ကြားပေးနေတဲ့ Grade Level များ၊ သင်ရိုးညွှန်းတမ်းနဲ့ ပညာရေးအစီအစဉ်များ၊ Tuition Fees နဲ့ အခြားကျောင်းစရိတ်များ၊ ကျောင်းအပ်နှံရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းများ၊ Entrance Exam သို့မဟုတ် Interview လိုအပ်ချက်များ၊  ကျောင်းအပ်နှံမှုအတွက် နောက်ဆုံးသတ်မှတ်ရက်များ စတဲ့ အချက်အလက်တွေကိုလည်း ရှင်းပြသင့်ပါတယ်။ 

ကျောင်းအပ်နှံဖို့ စိတ်ဝင်စားတဲ့ မိဘတွေအတွက်လည်း Application Form ဖြည့်သွင်းခြင်း၊ Admissions Consultation ရယူခြင်းနဲ့ နောက်ထပ် Campus Visit ပြုလုပ်ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်အောင် စီစဉ်ပေးသင့်ပါတယ်။

၆။ Open House အပြီးမှာ Follow-Up ပြုလုပ်ပါ။

Open House ကျင်းပပြီးသွားတာနဲ့ ကျောင်းရဲ့ Admissions Marketing လုပ်ငန်းစဉ် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ပွဲလာရောက်တဲ့ မိဘအချို့ဟာ ကျောင်းအပ်နှံဖို့ ဆုံးဖြတ်ချက်ချနိုင်သေးမှာ မဟုတ်တဲ့အတွက် နောက်ဆက်တွဲ ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ကျောင်းတွေအနေနဲ့ မိဘတွေရဲ့ သဘောတူညီမှုနဲ့ ရရှိထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်တို့ကို အသုံးပြုပြီး Open House အပြီးမှာ Thank-You Message ပေးပို့ခြင်း၊ ကျောင်းအပ်နှံမှုအချက်အလက်တွေ မျှဝေခြင်းနဲ့ မိဘတွေ သိရှိလိုတဲ့အကြောင်းအရာတွေကို ဆက်လက်ရှင်းပြခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

ဖြစ်နိုင်ပါက ပွဲအပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း ပထမဆုံး Follow-Up ပြုလုပ်ပြီး မိဘတွေရဲ့ စိတ်ဝင်စားမှုအခြေအနေအလိုက် ဆက်လက် ဆက်သွယ်နိုင်ပါတယ်။ ကျောင်းအပ်နှံဖို့ စိတ်ဝင်စားနေတဲ့ မိဘတွေကို Admissions Appointment သတ်မှတ်ပေးနိုင်ပြီး ကျောင်းရွေးချယ်နေဆဲ မိဘတွေကိုတော့ သိရှိလိုတဲ့ အချက်အလက်‌တွေ ထပ်မံပေးပို့နိုင်ပါတယ်။

၇။ Open House ရဲ့ အောင်မြင်မှုကို တိုင်းတာပါ။

Open House တစ်ခုအတွက် အချိန်၊ လူအင်အားနဲ့ ငွေကြေးအသုံးပြုရတဲ့အတွက် ပွဲအပြီးမှာ ရလဒ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကျောင်းအပ်နှံမှုတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ကျင်းပတဲ့ Open House တွေမှာ ပွဲလာရောက်သူဦးရေတစ်ခုတည်းကိုသာ အောင်မြင်မှုအဖြစ် သတ်မှတ်လို့မရပါဘူး။

ကျောင်းတွေအနေနဲ့ အောက်ပါအချက်တွေကို တိုင်းတာနိုင်ပါတယ်။

- Open House အတွက် စာရင်းပေးသွင်းသူ မိသားစုအရေအတွက်

- ပွဲကို အမှန်တကယ်လာရောက်တဲ့ မိသားစုအရေအတွက်

- ကျောင်းအပ်နှံဖို့ စိတ်ဝင်စားမှုဖော်ပြတဲ့ မိသားစုအရေအတွက်

- ကျောင်းအပ်နှံမှု အမှန်တကယ်ပြီးစီးတဲ့ ကျောင်းသားအရေအတွက်

ဒီအချက်အလက်တွေကို သုံးသပ်ခြင်းအားဖြင့် Open House က ကျောင်းအပ်နှံမှုအပေါ် ဘယ်လောက်အထောက်အကူပြုခဲ့သလဲဆိုတာ သိရှိနိုင်ပါတယ်။

ဒါ့အပြင် မိဘတွေရဲ့ Feedback တွေကို စုဆောင်းပြီး နောက်တစ်ကြိမ် Open House ကျင်းပရာမှာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ပါတယ်။

School Open House တစ်ခုရဲ့ အဓိကရည်ရွယ်ချက်ဟာ ကျောင်းအဆောက်အအုံနဲ့ ပညာရေးအစီအစဉ်တွေကို မိတ်ဆက်ပေးရုံသာမက မိဘတွေအနေနဲ့ မိမိသားသမီးအတွက် သင့်လျော်တဲ့ကျောင်းတစ်ကျောင်းဖြစ်မဖြစ်ကို ကိုယ်တိုင်လေ့လာဆုံးဖြတ်နိုင်ဖို့ အခွင့်အလမ်းပေးခြင်းဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းတာဝန်ရှိသူတွေအနေနဲ့ Open House ကို ပွဲတစ်ခုအဖြစ်သာမဟုတ်ဘဲ မိဘတွေရဲ့ စိတ်ဝင်စားမှုကို ယုံကြည်မှုအဖြစ် ပြောင်းလဲပေးနိုင်ပြီး နောက်ဆုံးမှာ ကျောင်းအပ်နှံမှုအထိ ရောက်ရှိစေနိုင်တဲ့ Admissions Strategy တစ်ခု အဖြစ် စနစ်တကျ စီစဉ်သင့်ပါတယ်။

High Primary Secondary Read 12 times