စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာ လျှောက်ထားလိုသူများအတွက် ဝင်ခွင့်သတ်မှတ်ချက်များ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ် သင်ကြား ပို့ချမည့် စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာ (Postgrad Dip.Ag.Sc.) သင်တန်းသို့ တက်ရောက်ရန်အတွက် လုပ်ငန်း/ဌာန အသီးသီးမှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) ရရှိပြီးသည့် ဝန်ထမ်းများ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

 

သင်ကြားမည့် အထူးပြုဘာသာရပ်များ 

  • Agronomy
  • Plant Breeding, Physiology & Ecology 
  • Plant Pathology
  • Entomology
  • Horticulture
  • Agricultural Economics
  • Animal Science
  • Agricultural Extension @Food Science and Technology 
  • Agricultural Microbiology
  • Agricultural Biotechnology
  •  

တက္ကသိုလ်၏ ကြေညာစာတွင် ပါဝင်သော ဘာသာရပ်များကိုသာ လျှောက်ထားရမည်ဖြစ်ပြီး ကမ်းလှမ်းခြင်း မရှိသော ဘာသာရပ်များအတွက် လျှောက်လွှာကို ပယ်ချမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Yarobi


 

စိုက်ပျိုးရေးဘွဲ့လွန် ဒီပလိုမာသင်တန်း သတ်မှတ်ချက်များ

  • လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • အောက်တိုဘာလ (၂၇) ရက်နေ့တွင် လုပ်သက်အနည်းဆုံး (၁) နှစ်ပြည့်ပြီး အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
  • စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.)ကို အစိုးရဝတ္တရား (On Deputation) ဖြင့် တက်ရောက် အောင်မြင်ခဲ့သူ ဖြစ်ပါက သက်ဆိုင်ရာဘွဲ့ရ ရှိပြီးနောက် ဌာနတာဝန်ကို အနည်းဆုံး (၂) နှစ် ပြန်လည် ဝင်ရောက် ထမ်းဆောင်ပြီးသူ ဖြစ်ရမည်။
  • သင်တန်းကာလမှာ အများဆုံး (၁ နှစ်၊ ၆ လ) ဖြစ်၍ အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ပြီး သင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာလုပ်ငန်း/ဌာန အကြီးအကဲ၏ ထောက်ခံစာ ပူးတွဲ တင်ပြရမည်။
  • စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) နောက်ဆုံးနှစ်စာမေးပွဲ၌ စုစုပေါင်း ပျမ်းမျှရမှတ် (၆၀%) ရရှိပြီး ဘာသာရပ်တိုင်းတွင် အနည်းဆုံး (၅၅) မှတ် ရရှိရမည်။

 

လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ၊ အမှတ်စာရင်းမိတ္တူနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံတို့ကို ပူးတွဲ၍ မိမိတို့လုပ်ငန်းဌာန၊ ရုံးချုပ်မှတစ်ဆင့် စီမံကိန်း ဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ပြီး ကြိုတင်မိတ္တူတစ်စောင်ကို ဤတက္ကသိုလ်သို့ ပေးပို့ရမည်။

 

စီမံကိန်းဦးစီးဌာနမှ စိစစ်ပြီး လျှောက်လွှာများကို စုစည်း၍ အောက်တိုဘာလ (၂၇) ရက်နေ့ နောက်ဆုံးထား၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပေးပို့ရမည် ဖြစ်သည်။

 

ဝင်ခွင့် နှုတ်မေးစာမေးပွဲ အချိန်စာရင်း

နေ့ရက် - နိုဝင်ဘာလ (၁၄) ရက်၊ အင်္ဂါနေ့

အချိန် - နံနက် (၉) နာရီ

 

နှုတ်မေးစာမေးပွဲဖြေဆိုခွင့် ရရှိသူများသည် စာမေးပွဲကြေး (၁,၀၀၀) ကျပ်ကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ တက္ကသိုလ် ငွေကိုင်ဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။

 

စာမေးပွဲ အောင်မြင်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမစာသင်နှစ်ဝက် (First Semester) မှစ၍ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ (Postgrad.Dip.Ag.Sc.) သင်တန်းသို့ တက်ရောက်ရမည် ဖြစ်သည်။

Read 641 times