Naypyitaw State Academy တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ မဟာဘွဲ့သင်တန်းနှင့် ဒီပလိုမာဘွဲ့သင်တန်းများကို ဒီဇင်ဘာ (၁) ရက်နေ့၌ စတင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
မဟာဘွဲ့သင်တန်း
(က) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Business Administration - EMBA) သင်တန်း (သင်တန်းကာလ - ၂ နှစ်)
ဒီပလိုမာဘွဲ့သင်တန်းများ
(က) ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာ (Postgraduate Diploma in English - PG Dip. Eng) သင်တန်း (သင်တန်းကာလ - Level (၁) ခုလျှင် ရက်သတ္တပတ် (၁၀) ပတ်ဖြင့် Level (၅) ခု)
(ခ) စီမံအုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Management and Administration - PGDMA) သင်တန်း (သင်တန်းကာလ - ၁ နှစ်)
(ဂ) နိုင်ငံတကာဆက်ဆံရေးပညာဒီပလိုမာ (Diploma in International Relations - DIR) သင်တန်း (သင်တန်းကာလ - ၁ နှစ်)
(ဃ) စီးပွားရေးဥပဒေဒီပလိုမာ (Diploma in Business Law - DBL) သင်တန်း (သင်တန်းကာလ - ၁ နှစ်)
အဆိုပါ မဟာဘွဲ့သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) အခြားတက္ကသိုလ်တစ်ခုခုတွင် သင်တန်းတစ်ခုခု တစ်ပြိုင်တည်း တက်ရောက်နေသူ မဖြစ်စေရ။
(ဂ) သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။
(ဃ) EMBA, PGDMA, DIR, DBL သင်တန်းများအတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲနှင့် လူတွေ့ အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက်ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
(င) EMBA သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈)နှစ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဖြစ်လျှင် Executive Level လုပ်သက်အနည်းဆုံး (၈)နှစ်ရှိ၍ ၁-၁၂-၂၀၂၆ ရက်နေ့တွင် အသက် (၃၀) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(စ) PGDMA နှင့် DBL သင်တန်းများအတွက် ၁-၁၂-၂၀၂၆ ရက်နေ့တွင် အသက်(၂၅)နှစ် ပြည့်ပြီးသူ ဖြစ်ရန်နှင့် PG Dip. Eng သင်တန်း အတွက် အသက် (၆၀) နှစ်ထက် မကျော်သူဖြစ်ရမည်။
(ဆ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်တင်ပြ နိုင်ရမည်။
EMBA, PGDMA, DIR, DBL သင်တန်းများအတွက် -
လျှောက်လွှာတင်သွင်းရမည့်ရက် - ၂-၁၁-၂၀၂၆ ရက်နေ့မှ ၁၃-၁၁-၂၀၂၆ ရက်နေ့ထိ
ဝင်ခွင့်ရေးဖြေစာမေးပွဲ ကျင်းပမည့်ရက် - ၁၈-၁၁-၂၀၂၆ ရက်နေ့
ရေးဖြေစာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့်ရက် - ၂၀-၁၁-၂၀၂၆ ရက်နေ့
လူတွေ့စစ်ဆေးခြင်း ကျင်းပမည့်ရက် - PGDMA, DIR, DBL (၂၅-၁၁-၂၀၂၆) ရက်နေ့၊ EMBA (၂၆-၁၁-၂၀၂၆) ရက်နေ့
ဝင်ခွင့်ရသူစာရင်း ထုတ်ပြန်မည့်ရက် - ၃၀-၁၁-၂၀၂၆ ရက်နေ့
ကျောင်းဝင်မှတ်ပုံတင်ရမည့်ကာလ- ၁-၁၂-၂၀၂၆ ရက်နေ့မှ ၁၁-၁၂-၂၀၂၆ ရက်နေ့ထိ
PG Dip. Eng သင်တန်းအတွက် https://forms.gle/nLfR3dQB1hpuMmQQ7 မှတစ်ဆင့် ၁၆-၁၁-၂၀၂၆ ရက်နေ့ နံနက် (၉) မှစ၍ လျှောက်လွှာတင်သွင်းရမည်။
ဝင်ခွင့်ရသူစာရင်း ထုတ်ပြန်မည့်ရက် - ၁၉-၁၁-၂၀၂၆ ရက်နေ့
ကျောင်းဝင်မှတ်ပုံတင်ရမည့်ကာလ - ၂၆-၁၁-၂၀၂၆ ရက်နေ့မှ ၂၇-၁၁-၂၀၂၆ ရက်နေ့ထိ
သင်တန်းများ တက်ရောက်ရမည့် နေရာ
Naypyitaw State Academy
သင်တန်းများ တက်ရောက်ရမည့် နေ့ရက်၊ အချိန်
EMBA သင်တန်း - စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉ နာရီမှ ညနေ ၄ နာရီ)
PG Dip. Eng သင်တန်း - စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉ နာရီမှ ၁၂ နာရီ)
PGDMA သင်တန်း - တနင်္လာနေ့မှ စနေနေ့ထိ (နံနက် ၇ နာရီမှ ၉ နာရီ)
DIR, DBL သင်တန်း - တနင်္လာနေ့မှ သောကြာနေ့ထိ (နံနက် ၇ နာရီမှ ၉ နာရီ)
သင်တန်းနှင့်ပတ်သက်၍ အခြားသော အသေးစိတ်အချက်အလက်များ သိရှိလိုပါက သင်တန်းရေးရာဌာန (၀၆၇ ၈၁၀၃၅၀၄) နှင့် EMBA, PGDMA သင်တန်းများအတွက် (၀၉ ၆၅၀၅၄၄၇၇၇) ၊ PG Dip. Eng သင်တန်းအတွက် (၀၉ ၄၄၄၆၀၅၀၈၃) ၊ DIR သင်တန်းအတွက် (၀၉ ၄၃၁၂၆၂၅၁၊ ၀၉ ၆၉၅၄၃၉၀၉၄)၊ DBL သင်တန်းအတွက် (၀၉ ၆၈၃၂၆၆၀၆၅) ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
======================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို
Telegram မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။