Sales Hotline : 09448001653    



စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ စနစ်တကျချည်းကပ်ရမယ့် အချက် (၇) ချက်

 

 

 

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်တော့မယ်ဆိုရင် အရေးအကြီးဆုံး အချက်ကတော့အောင်မြင်ဖို့ပါပဲ။ အောင်မြင်မှ အကျိုးအမြတ်ကောင်းတွေ ရရှိမှာပါ။ အကျိုးအမြတ်ကောင်းတွေ ရရှိမှကိုယ့်ရဲ့ စီးပွားရေးတစ်စထက်တစ်စ တိုးတက်ကောင်းမွန်လာအောင် ကျယ်ပြန့်လာအောင် ချဲ့ထွင်နိုင်မှာပါ။

 

ဒီတော့ ကိုယ့်ရဲ့ စီးပွားရေးကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ ဘာတွေလိုအပ်မလဲ၊ ဘာတွေပြုပြင်ရမလဲ၊ဒီအချက်တွေအတွက် သိထားသင့်တဲ့ အချက် (၇) ချက်ကို ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့စီးပွားရေး လုပ်ငန်းတစ်ခုအောင်မြင်ဖို့ စနစ်တကျချည်းကပ်ရမယ့် အခြေခံအချက် (၇) ချက်ကို M ခုနှစ်လုံးနဲ့ ဖော်ပြပေးသွားပါမယ်။ 

 

  • Management 

 

Management ဆိုတာကတော့ လုပ်ငန်းတစ်ခုစတင်တည်ထောင်ပြီဆိုရင် လုပ်ငန်းရဲ့ ရည်မှန်းချက်များကို အောင်မြင်ဖို့အတွက် လုပ်ငန်းဆောင်တာတွေကို စနစ်တကျ ညှိနှိုင်း ဆောင်ရွက်ခြင်း နဲ့ စီမံခန့်ခွဲခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးအချက်က Management ပါပဲ။ အထက်ကဦးဆောင်မယ့်သူက စီမံခန့်ခွဲမှု ကောင်းမှသာ နောက်လိုက်များကလည်း စနစ်တကျ လိုက်ပါစီးမျောနိုင်မှာပါ။ Management ပိုင်းမှာဆိုရင်တော့ လုပ်ငန်း၊ အဖွဲ့အစည်းတစ်ခုရဲ့ မဟာဗျူဟာတွေကို ချမှတ်ခြင်း၊ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်း နဲ့ ကိုယ့်လုပ်ငန်းအတွက် ရရှိနိုင်တဲ့ အရင်းအမြတ်များ အားလုံးကို 

ထိရောက်မှန်ကန်စွာ အသုံးချနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ 

 

  • Manpower

 

Manpower ဆိုတာကတော့ တစ်နည်းအားဖြင့် Human Resource Management ကိုဆိုလိုတာပါ။ လုပ်ငန်းတစ်ခုမစခင်မှာ ဘယ်အပိုင်းကိုတော့ လူအင်အား ဘယ်လောက်နဲ့ လုပ်ဆောင်မယ်ဆိုတဲ့ အရာကို စနစ်တကျ ချမှတ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကလည်း Customer လက်ထဲကို အချိန်မှီရောက်ရှိမှာပါ။ လက်တွေ့မှာ Manpower နဲ့ ကုန်ထုတ်လုပ်မှုကလည်း တိုက်ရိုက်အချိုးကျနေပါတယ်။

 

  • Marketing 

 

Marketing လို့ပြောလိုက်ရင် သင့်အနေနဲ့ သင့်ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး Customers များရဲ့  Needs & Wants များကို သိရှိနေရမှာဖြစ်ပြီး ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဥ်အမြဲ ကြိုးစားအားထုတ်နေရမှာပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကို ဈေးကွက်ထဲမှာ ပုံမှန်ကြာရှည်စွာ ရပ်တည်နိုင်ဖို့ဆို ကိုယ့်ရဲ့ ပြိုင်ဘက်၊ သူများတွေနဲ့ မတူတဲ့ အိုင်ဒီယာ ဆန်းသစ်မှုတွေလည်း လိုအပ်ပါသေးတယ်။

 

  • Method

 

လုပ်ငန်းတစ်ခုအောင်မြင်မှုရှိနိုင်ဖို့ အတွက် လုပ်ဆောင်သမျှ အရာအားလုံးကို မှန်ကန်တဲ့ နည်းလမ်း နဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရောက်ရှိအောင် စနစ်တကျလုပ်ဆောင်နိုင်ခြင်းကို Method လို့ခေါ်ပါတယ်။ Method လို့ပြောလိုက်ရင် Plans၊ Policies၊ SOP နဲ့ Data တွေပါဝင်မှာပဲဖြစ်ပါတယ်။

 

  • Machine

 

စက်ပစ္စည်းဆိုတာ ကိုယ်က ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းဆိုရင် ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ အချိန်မီပြီးစီးနိုင်ဖို့ အမျိုးအစား ကောင်းမွန်ပြီး သင့်တော်တဲ့ စက်ပစ္စည်းကို မှန်ကန်စွာရွေးချယ်ခြင်းက ကုန်ထုတ်လုပ်မှုကို တိုးတက်စေရုံသာမကပဲ အချိန်ကုန် သက်သာသလို အမြတ်အစွန်းတွေပါ တိုးပွားစေမှာပဲ ဖြစ်ပါတယ်။

 

  • Material

 

နောက်တစ်ခုကတော့ Material ပါ။ Service ပေးတဲ့ လုပ်ငန်းဖြစ်ဖြစ်၊ Product ထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ဖြစ် နှစ်ခုစလုံးအတွက် Material ကအခြေခံလိုအပ်ချက်လို့ ပြောလို့ရပါတယ်။ ကိုယ့်ထုတ်ကုန်အတွက် Raw Material အလွယ်တကူရနိုင်မယ့် နေရာမျိုးကိုလည်း ရွေးချယ်သင့်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင် အများစုက ကိုယ့်လုပ်ငန်းအတွက် Material တွေ အလွယ်တကူရရှိနိုင်တဲ့ နေရာမျိုးမှာ တည်ထောင်တတ်ကြပါတယ်။
 

  • Money

 

တစ်နည်းအားဖြင့် Financial ပိုင်းလို့ပြောလို့ရပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုကလည်း လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးအပိုင်းပါပဲ။ ‌ငွေကြေးစီမံခန့်ခွဲမှုမှာဆိုရင် လုပ်ငန်းတစ်ခုအတွက် ဘတ်ဂျက်သတ်မှတ်ခြင်း၊ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ သုံးစွဲခြင်း နဲ့ အဖွဲ့အစည်းတစ်ခု၏ ငွေကြေးသုံးစွဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ပါဝင်ပါတယ်။ ဒါမှသာ တကယ်တည်း လုပ်ငန်းလုပ်ဆောင်တဲ့ အခါမျိုးမှာလည်း စာရင်းဇယားအတိုင်း တွက်ချက်ထားတဲ့ အတွက်ကြောင့် ဆုံးရှုံးမှုလည်း နည်းမှာဖြစ်သလို အမြတ်အစွန်းလည်း ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ 

 

Vocational Read 957 times