Sales Hotline : 09448001653       Download App



ဘွဲ့မရသေးတဲ့လူငယ်တွေ ထိုင်းနိုင်ငံမှာ ပညာသင်ဆုတွေနဲ့ ကျောင်းတက်ကြမယ်

 

 

သ‌ေင်္ဘာထီးထောင်းတို့မြေက ပညာတော်သင်ဆုတွေလာပါပြီ။ ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံက ၁၀၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်း နဲ့ ၂၅ ရာခိုင်နှုန်းဆိုပြီး ပညာတော်သင်ဆုတွေကို အမျိုးအစားလိုက် ခွဲခြားပေးအပ်တဲ့ ထိုင်းနိုင်ငံရဲ့အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Walailak University ရဲ့ ပညာတော်သင်ဆုတွေ အကြောင်းပြောပြပေးချင်ပါတယ်။

 

Intake ကတော့ Semester 2/2022 ဖြစ်ပြီး Fully-Funded and Partially Tuition Fee Waiver ဆို (၂)မျိုးပါပါတယ်။ဒီပညာသင်ဆုတွေအတွက်ကကိုယ်တက်ရောက်အောင်မြင်ပြီးတဲ့အထက်တန်းကျောင်းရဲ့ ပညာအရည်အချင်းရလာဒ်အပေါ်မှာ မူတည်ပြီး ဦးစားပေးရွေးချယ်မှာ ဖြစ်တဲ့အပြင် နောက်တစ်ခုက အရင်လျှောက်တဲ့သူ အရင်ဦးစားပေးပုံစံနဲ့လည်း ရွေးချယ်မှာပါ။ အဲဒါကြောင့် မြန်မြန်လျှောက်တဲ့သူက ရဖို့ ပိုအခွင့်အရေးများပါတယ်။

 

Walailak University ဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအစိုးရတက္ကသိုလ်များထဲကမှ တစ်ခုဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံက တက္ကသိုလ်များထဲမှာ Ranking 15th နေရာမှာ တည်ရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပညာတော်သင်ဆုနဲ့ ကျောင်းတက်ရောက်ချင်တဲ့ ကျောင်းသားလူငယ်များဖို့ ထည့်သွင်းစဥ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုလို့ဆိုနိုင်ပါတယ်။

 

ဒီတစ်ခေါက်ပညာတော်သင်ဆုအတွက်က  Fully-Funded and Partially နှစ်မျိုးလုံးအတွက် နိုင်ငံအရပ်ရပ်မှ ပညာတော်သင်ကျောင်းသား အယောက် (၃၀) ခေါ်ယူပါတယ်။ (၄)နှစ်တာတက်ရောက်ရမှာပါ။ပေးအပ်တဲ့ပညာသင်ဆုအမျိုးအစားအလိုက်ပညာအရည်အချင်းလိုအပ်ချက်တွေက အနည်းငယ်စီ ကွာသွားပါတယ်။

 

တက်ရောက်ရမယ့် (၄)နှစ်တာအတွက် Fully-Funded (၁၀၀ ရာခိုင်နှုန်း) ပညာတော်သင်ဆုအတွက် ကျောင်းစရိတ် လေးနှစ်စာစုစုပေါင်း ဘတ် ၄၆၀,၀၀၀/- (Bath 460,000) ပေးအပ်မှာဖြစ်ပါတယ်။Semester ၈ ခုရှိပြီး Semester တစ်ခုချင်းစီအတွက် ဘတ် ၅၇,၅၀၀/- (Bath 57,500)ပါ။

 

Fully-Funded Scholarship အတွက် ပညာအရည်အချင်းသတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

  • ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌနက အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ် (သို့) အောင်လက်မှတ်နှင့်ညီမျှတဲ့ Certificate

  • အထက်တန်းရမှတ် GPA (Grade Point Average) အနည်းဆုံး ၃.၅ ဒါမှမဟုတ် ညီမျှတဲ့အမှတ်ရှိရပါမယ်

  • အင်္ဂလိပ်စာအရည်အချင်းစစ်လက်မှတ်အနေနဲ့ (IELTS - 7.0 ,TOEFL - 101 ,CEFR - C1) သုံးခုထဲက တစ်ခုပြသနိုင်ရပါမယ်

  • တစ်ခြားသော ပြင်ပလှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ရရှိခဲ့တဲ့ အောင်မြင်မှုမှတ်တမ်းများကို ထည့်သွင်းဖော်ပြပေးနိုင်ရင် ပိုကောင်းပါတယ်။ 



 

Partially-Funded (၅၀ ရာခိုင်နှုန်း) အတွက် ပေးအပ်မယ့် ပညာသင်ဆုကတော့ တက်ရောက်ရမယ့် လေးနှစ်လုံးစာအတွက် စုစုပေါင်း ဘတ် ၂၃၀,၀၀၀/- (Bath 230,000) ပေးအပ်မှာဖြစ်ပြီး တစ်နှစ်ချင်းစာအတွက်ဆို ဘတ် ၅၇,၅၀၀/- (Bath 57,500) ပေးအပ်မှာဖြစ်ပါတယ်။ 

 

Partially-Funded (၅၀ရာခိုင်နှုန်း) အတွက် ပညာအရည်အချင်းသတ်မှတ်ချက်တွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

  • ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌနကအသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ် (သို့) အောင်လက်မှတ်နှင့်ညီမျှတဲ့ Certificate

  • အထက်တန်းရမှတ် GPA (Grade Point Average) အနည်းဆုံး ၃.၀ ဒါမှမဟုတ် ညီမျှတဲ့အမှတ်ရှိရပါမယ်

  • အင်္ဂလိပ်စာအရည်အချင်းစစ်လက်မှတ်အနေနဲ့ (IELTS   - 6.0 ,TOEFL - 78 ,CEFR - B2) သုံးခုထဲက တစ်ခုပြသနိုင်ရပါမယ်

  • တစ်ခြားသော ပြင်ပလှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ရရှိခဲ့တဲ့ အောင်မြင်မှုမှတ်တမ်းများကို ထည့်သွင်းဖော်ပြပေးနိုင်ရင် ပိုကောင်းပါတယ်။ 


 

Partially-Funded (၂၅ ရာခိုင်နှုန်း) အတွက် ပေးအပ်မယ့် ပညာသင်ဆုကတော့ တက်ရောက်ရမယ့် လေးနှစ်လုံးစာအတွက် စုစုပေါင်း ဘတ် ၁၁၅,၀၀၀/- (Bath 115,000) ပေးအပ်မှာဖြစ်ပြီး တစ်နှစ်ချင်းစာအတွက်ဆို ဘတ်၂၈,၇၅၀ (Bath 28,750) ပေးအပ်မှာပါ။

 

Partially-Funded(၂၅ရာခိုင်နှုန်း)အတွက်ပညာအရည်အချင်းသတ်မှတ်ချက်တွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

  • ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌနက အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ် (သို့) အောင်လက်မှတ်နှင့်ညီမျှတဲ့ Certificate

  • အထက်တန်းရမှတ် GPA (Grade Point Average) အနည်းဆုံး ၂.၅ ဒါမှမဟုတ် ညီမျှတဲ့အမှတ်ရှိရပါမယ်

  • အင်္ဂလိပ်စာအရည်အချင်းစစ်လက်မှတ်အနေနဲ့  (IELTS   - 5.0 ,TOEFL - 45 ,CEFR - B1)သုံးခုထဲက တစ်ခုပြသနိုင်ရပါမယ်

  • တစ်ခြားသော ပြင်ပလှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ရရှိခဲ့တဲ့ အောင်မြင်မှုမှတ်တမ်းများကို ထည့်သွင်းဖော်ပြပေးနိုင်ရင် ပိုကောင်းပါတယ်။


 

လျှောက်ထားရမယ့် သတ်မှတ်ရက်နောက်ဆုံးရက် (Application Deadline) ကတော့ - 30 October,2022 ပဲဖြစ်ပါတယ်။

 

လျှောက်ထားရမယ့် လင့်ခ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လျှောက်လွှာမှာ လိုအပ်တဲ့ စာရွက်စာတမ်းများကို တစ်ပါတည်း ပူးတွဲတင်ပေးရမှာပါ။

 

Application Link > https://bit.ly/3RoEjHs


 

Short-list Candidate များကိုတော့ Deadline အပြီး ၁၄ ရက်အတွင်း ထုတ်ပြန်မှာဖြစ်ပြီး Finalists အဖြစ် ရွေးချယ်ခံရသူများကိုတော့ နောက်ထပ် ၁၄ ရက်အကြာမှာ ကြေညာပေးမှာဖြစ်ပါတယ်။


 

ပညာသင်ဆုအတွက်အသေးစိတ်လေ့လာဖတ်ရှုချင်တယ်ချင်တယ်ဆိုရင်တော့အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Scholarship Announcement Link  > https://bit.ly/3rf1hpQ

 

ထပ်မံသိရှိလိုသည်လိုသည်များကို Walailak University ရဲ့ အောက်ဖော်ပြပါ Email၊ Facebook နှင့် Website တို့မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Email : [email protected]

 

Facebook : https://www.facebook.com/WUInternationalcollege

 

Website : https://wuic.wu.ac.th/

    

 

International Read 2094 times