Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်ပြီးသူတွေ လျှောက်ထားနိုင်တဲ့ အမိုက်စားမိုင်ယာမီကမ်းခြေက ပညာသင်ဆု

 

 

မိုင်ယာမီကမ်းခြေလို့ပြောလိုက်ရင် လှလွန်းတဲ့ ပင်လယ်ပြင်ကြီးရယ် ကမ်းခြေက ဘီကနီနဲ့ ကောင်မလေးတွေရယ်၊ ကမ်းခြေတစ်လျှောက်က ပြည့်စုံလွန်းတဲ့ Night life ပွဲတော်တွေရယ်၊ မီးရောင်အောက်က ပါတီပွဲတွေရယ်ကို ပြေးမြင်မိကြလိမ့်မယ်လို့ထင်ပါတယ်။ 

 

အခုတစ်ခါမှာတော့ ဒီလိုလှပလွန်းတဲ့ ကမ်းခြေတည်ရှိရာ အမိုက်စားမိုင်ယာမီမြို့မှာ ကျောင်းတက်ရမယ့် အခွင့်အရေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ မိုင်ယာမီမြို့က University of Miami Stamps Scholarship in USA 2023 ပရိုဂရမ်လေးပါ။

 

ဒီပညာတော်သင်ဆုကတော့ Undergraduate Program လေးဖြစ်ပြီး လက်ရှိမှာ ဆယ်တန်းအောင်ထားတဲ့သူတွေ၊ တက္ကသိုလ်တက်ရောက်ဆဲသူတွေ၊ ဘွဲ့မရသေးတဲ့သူတွေ လျှောက်ထားလို့ရပါတယ်။ ပညာတော်သင်ဆုအနေနဲ့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးအပ်မှာဖြစ်ပြီး တစ်ခြားသော အကျိုးကျေးဇူး ခံစားခွင့်တွေကလည်းအများကြီးပေးထားပါသေးတယ်။ Major အနေနဲ့ တက္ကသိုလ်မှာရှိတဲ့ မေဂျာအားလုံးကို လျှောက်ထားလို့ရပါတယ်။

 

ဒါဆို Benefits အနေနဲ့ ဘာတွေပေးထားလဲကြည့်လိုက်ကြရအောင်

 

  • Tuition and Fees (ကျူရှင်ကြေး နှင့် အခြားအခကြေးငွေများ)

  • On-Campus Housing (ကျောင်းဝင်းအတွင်းနေထိုင်မှု)

  • Meal Plan (အစားအသောက်အစီအစဥ်)

  • University Health Insurance (ကျန်းမာရေးအာမခံ)

  • Laptop Allowance (ကွန်ပြူတာ)

  • Textbooks (ဖတ်စာအုပ်များ)

  • access to a $12,000 enrichment fund, which may be used toward study abroad, undergraduate research, unpaid internships, and other educational pursuits.(သုတေသန နှင့် အခြားသော လစာမဲ့အလုပ်သင်ပရိုပရမ်များအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၁၂၀၀၀)

 

Stamps Scholarship ရဲ့ အခြားသောအကျိုးခံစားခွင့်များ အနေနဲ့ကတော့ Stamps ပညာတော်သင်များရဲ့အသိုင်းအဝိုင်းအဖြစ်တစ်စိတ်တစ်ပိုင်းပါဝင်ရခြင်း၊ပညာရေးနှင့်သိပ္ပံသုတေသနဆိုင်ရာ ပရောဂျက်များတွင် အထောက်အပံ့ရရှိခြင်း၊ ယဥ်ကျေးမှု နှင့် ဦးဆောင်မှုဆိုင်ရာပရိုဂရမ်များတွင် ပါဝင်ခွင့်ရရှိခြင်း၊ နိုင်ငံရပ်ခြားတွင်ပညာလေ့လာမှုနှင့်ဆိုင်သော ညီလာခံများ၊ ကွန်ယက်ချိတ်ဆက်မှုများ စတဲ့အခွင့်အလမ်းပါတွင်ဖိတ်ကြားခံရခြင်း၊ ပါဝင်ခွင့်ရရှိခြင်း စတဲ့ အခွင့်အလမ်းတွေကို ရရှိမှာပဲဖြစ်ပါတယ်။ 

 

Deadline ကတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ပါ

 

Degree Level ကတော့ Bachelor Degree Level ပါ

 

လျှောက်ထားဖို့အတွက် လိုအပ်ချက်တွေကတော့ အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။

 

  • Supplemental essay of 250 words or less(ကျောင်းကိုဘာလို့လျှောက်ချင်လဲဆိုတဲ့အကြောင်းကို စာလုံးရေ  ၂၅၀ ခန့် စာစီစာကုံး)

 

  • Personal statement of 650 words or less (ကိုယ့်အကြောင်းကိုရေးသားစီကုံးထားတဲ့ စာလုံးရေ ၆၅၀ ခန့် စာစီစာကုံး)

 

  • Official High School Transcript(အထက်တန်းကျောင်းပြီးဆုံးကြောင်းထောက်ခံချက်များ၊ကိုယ်အောင်မြင်ခဲ့သည့် ပညာအရည်အချင်းစစ်မှတ်တမ်းများကို ဘာသာပြန်ထားသော Transcripts)

         အသေးစိတ်လေ့လာရန် Official Link > https://bit.ly/3Sr1QsY

 

  • IELTS or TOEFL English Proficiency Test Score (အင်္ဂလိပ်စာအရည်အချင်းမှတ်တမ်း)

        အသေးစိတ်လေ့လာရန် Official Link > https://bit.ly/3SC2m6X

 

  • School Report(အထက်တန်းကျောင်းဆိုင်ရာမှတ်တမ်း နှင့် အချက်အလက်များ)

 

  • One letter of recommendation (လက်ရှိတက်ရောက်ဆဲ/တက်ရောက်ပြီးသော ကျောင်းမှ အရာရှိပုဂ္ဂိုလ်တစ်ဦးဦး၏ ထောက်ခံချက်)

 

  • Educational Activities ( ဒီပညာတော်သင်ဆုကို မလျှောက်မီ လက်ရှိမိမိနိုင်ငံမှ အထက်တန်းကျောင်းပြီးဆုံးပြီး ကြားကာလအတွင်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်၊ လှုပ်ရှားမှုများရှိရင် အထောက်အထားတင်ပြပေးရန်)

 

  • Financial Certification Form (ပညာတော်သင်ဆုလျှောက်ထားရန်အတွက် ငွေကြေးပိုင်းဆိုင်ရာ ထောက်ခံချက်လက်မှတ်)

 

  • Financial Aid Documents (ငွေကြေးထောက်ပံ့မှုဆိုင်ရာထောက်ခံချက်များ)

         အသေးစိတ်လေ့လာရန် Official Link > https://bit.ly/3E0MBlZ

 

  • Conduct Updates ( ပညာရေး သို့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အပြောင်းအလဲရှိပါက Update အချက်အလက်များကို ပေးပို့ရန်)

        Update ပေးပို့ရန် Link > [email protected]

 

       Online မှ လျှောက်ထားရန် Application Form Link > https://bit.ly/3rdzR3L

 

       Scholarship အကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကြည့်ရှုလေ့လာရန် 

 

       Official Website Link > https://bit.ly/3SCV0A3

 

International Read 1995 times