Sales Hotline : 09448001653       Download App



ဘွဲ့ကြိုကျောင်းသားများအတွက် ကနေဒါမှ ပညာသင်ဆု (၃၇) ဆုချီးမြှင့်မည့်အစီအစဥ်

 

 

Canada မှာ undergraduate (ဘွဲ့ကြို) လူငယ်များအနေနဲ့ ပညာတော်သင်ဆု အပြည့်အဝဖြင့် တက်ရောက်ရမယ့် Lester B. Pearson ပညာသင်ဆုလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ Canada နိုင်ငံရဲ့ Lester B. Pearson ပညာသင်ဆုဆိုတာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်က အကောင်းဆုံး တက္ကသိုလ်များထဲကမှ တစ်ခုဖြစ်တဲ့ University of Toronto မှာ ပညာသင်ကြားဖို့အတွက် တောက်ပတဲ့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။

 

ဒါဆိုရင်တော့ လူငယ်တွေအနေနဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်တာမို့ ဒီပညာသင်ဆုအကြောင်းကို ဆက်ကြည့်လိုက်ကြရအောင်နော်။

 

တိုရွန်တို တက္ကသိုလ်ဟာ သင်ကြားရေးနှင့် သုတေသနပိုင်းဆိုင်ရာမှာ နာမည်ကျော်ကြားတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်မြင့် တက္ကသိုလ်တစ်ခုပါ။ တိုရွန်တိုတက္ကသိုလ်မှ အပြည့်အဝထောက်ပေးတဲ့ ဒီပညာသင်ဆုဟာ ဘွဲ့ကြိုကျောင်းသားများအတွက် ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းမှာ ၄င်းတို့ရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များကို ဆက်လက်သင်ကြားဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ 

 

ယခုပညာသင်ဆုကိုတော့ Undergraduate(ဘွဲ့ကြို) ကျောင်းသားများလျှောက်ထားနိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး နဲ့ အလုံခြုံဆုံးဖြစ်တဲ့ တက္ကသိုလ်မှာ ၄ နှစ်ကြာ တက်ရောက်ရမှာပါ။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အထက်တန်းကျောင်းမှ ထူးချွန်တဲ့ပညာရေးနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရွေးချယ်ချီးမြှင့်ပါတယ်။ နှစ်စဥ် (၃၇) ယောက်ရွေးချယ်ချီးမြှင့်ပါတယ်။

 

ရွေးချယ်လျှောက်ထားနိုင်တဲ့ နယ်ပယ်များ

 

  • Life Sciences

  • Engineering

  • Computer Science

  • Music, and Architecture

  • Commerce & Management

  • Humanities & Social Sciences

  • Kinesiology & Physical Education

  • Physical & Mathematical Sciences တို့ပဲဖြစ်ပါတယ်။ 

 

ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

 

  • Full tuition fees ( ကျောင်းစရိတ်လေးနှစ်တာအတွက် အပြည့်အဝထောက်ပံ့ကြေး)

  • Book allowance ( စာအုပ်ထောက်ပံ့ကြေး)

  • Fully covered incidental costs (မတော်တဆကုန်ကျစရိတ်များအတွက် အပြည့်အဝထောက်ပံ့ကြေး)

  • Fully covered accommodation ( နေထိုင်စရိတ်အပြည့်အဝထောက်ပံ့ကြေး)

 

ပညာသင်ဆုအတွက် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ

 

  • နိုင်ငံတကာမှ ကျောင်းသားအားလုံးလျှောက်ထားနိုင်သည်။ 

  • ကနေဒါနိုင်ငံသားများ လျှောက်ထားခွင့်မရှိပါ။

  • ကနေဒါမှာ အထက်တန်းကျောင်းတက်ရောက်နေတဲ့ တစ်ခြားနိုင်ငံမှကျောင်းသားများ လျှောက်ထားနိုင်ပါတယ်။

  • လျှောက်ထားသူလက်ရှိတက်ရောက်နေတဲ့ကျောင်း(သို့မဟုတ်)တက္ကသိုလ်အမည် (nomination) တင်သွင်းရပါမယ်။

  • လက်ရှိ ၁၂ တန်းပညာရေးတွင် တက်ရောက်နေသူ (သို့မဟုတ်) ၂၀၂၂ ခုနှစ် ဇွန်လမတိုင်မီ ဘွဲ့မရသေးသူ

 

လျှောက်ထားနည်း နှင့် လျှောက်ထားပုံ အဆင့်ဆင့်

 

  • လျှောက်ထားသူအနေဖြင့်  ကနေဒါမှ ၂၀၂၂ ခုနှစ် တိုရိုတိုတက္ကသိုလ်ရဲ့ ဘွဲ့ကြိုပရိုဂရမ်အတွက် လျှောက်ထားနိုင်ပါတယ်။ 

  • လျှောက်ထားသူသည် ၄င်းတို့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ တက္ကသိုလ်/ကျောင်းမှ (nomination) အမည်စာရင်းတင်သွင်းခြင်းကို ပြုလုပ်ရမည်ဖြစ်ပြီး ကျောင်းမှလည်း ဤသို့ အမည်စာရင်း တင်သွင်းခြင်းကို လက်ခံရမှာဖြစ်ပါတယ်။ 

  • မိမိ​နောက်ဆုံးတက်​ရောက်ခဲ့တဲ့ တက္ကသိုလ်/ကျောင်းမှ University of Toronto နဲ့ Contact လုပ်ပြီး nomination ရရှိထားရန်

(မိမိ ကျောင်း က U of T နဲ့ ချိတ်ဆက်မထားပါက အောက်ပါ Linkကနေ Contact လုပ်နိုင်ပါတယ်)

https://www3.adm.utoronto.ca/.../schoolApplicationClosed.php

  • မိမိရွေးချယ်ထားတဲ့ ဘာသာရပ်အလိုက် Deadline မတိုင်မီ တိုရွန်တိုတက္ကသိုလ်ကို Admission လုပ်ပြီး လျှောက်ထားပါ။ 

  • Admission လျှောက်ထားပြီး နာမည်စာရင်းတင်သွင်းခြင်း လုပ်ငန်းစဥ်လည်း ပြီးဆုံးပီဆိုရင် Scholarship အတွက် Online Application Form ကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးတင်သွင်းရမည့် ရက်များ 

 

  • School Nomination Deadline ( November 30,2022)

  • Student Admissions Deadline (December 14,2022)

  • Scholarship Application Deadline (January 16,2023)

 

ပညာသင်ဆုလျှောက်ထားမှုနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဖော်ပြထားတဲ့ University of Toronto ရဲ့ Scholarship Official Website Link မှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

 

> https://bit.ly/3UuGA6J

 

International News International Read 1080 times