Sales Hotline : 09448001653       Download App



ဩစတြေးလျ မှာ အလုပ်လုပ်ရင်း နိုင်ငံသားပါ ခံယူနိုင်မယ့် ဗီဇာ

 

 

Skill Regional Visa Subclass 491 ဆိုတဲ့ ဗီဇာ အသစ်တစ်မျိုးကို ဩစတြေးလျ အစိုးရက စတင်ပြီး 

မိတ်ဆက်လိုက်ပါတယ်။ ဒီဗီဇာဟာ ဆိုရင်တော့ ဩစတြေးလျ နိုင်ငံမှာ အလုပ်လုပ်ကိုင် နိုင်ပြီး အမြဲတမ်း 

နေထိုင်ခွင့်ကိုလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

 

အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်ကနေ ၄၅ အတွင်း လျှောက်ထားနိုင်ပြီး ဩစတြေးလျ ပြည်နယ် အစိုးရက သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိရပါမယ်။ ဗီဇာသက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး   ဩစတြေးလျအစိုးရက သတ်မှတ်ထားတဲ့ မြို့နယ်၊ ကျေးလက်ဒေသ တွေမှာ အလုပ်လုပ်ကိုင်ရမှာပါ။ 

လုပ်သက် ၅ နှစ် အပြီးမှာ နောက်ထပ် ၃ နှစ် ထပ်မံနေထိုင်ပြီးရင်တော့ အမြဲတမ်းနေထိုင်ခွင့် (permanent Resident)  နိုင်ငံသားခံယူခွင့်ပါ လျှောက်ထားနိုင်မှာ ဖြစ်ပြီး ဗီဇာသက်တမ်းရှိစဥ် ကာလအတွင်း  ဩစတြေးလျ မှလည်း အသွားအပြန် ပြုလုပ်လို့ရပါတယ်။  သတိပြုရမှာကတော့ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာမှာ တစ်နှစ်၀င်ငွေ ဩစတြေးလျ ဒေါ်လာ AUD $ 53,000 သုံးနှစ်ဆက်တိုက် ရရှိမှာသာ နိုင်ငံသားခံယူခွင့်ကို လျှောက်ထားနိုင်မှာပါ။  

ဗီဇာလျှောက်ထားခြင်းနှင့် သွားရောက်လုပ်ကိုင်ခြင်း လုပ်ငန်းစဥ် တစ်ခုလုံးအတွက် ခန့်မှန်းချေ ကုန်ကျစရိတ်ကတော့  ဩစတြေးလျဒေါ်လာ AUD $4,240 (USD $3,050) မြန်မာငွေ ခန့်မှန်းခြေ ခြောက်ဆယ့်လေးသိန်းကျပ် ကုန်ကျမှာ ဖြစ်ပြီး သွားရောက် လုပ်ကိုင်ရန် အတွက် ပြင်ဆင်လျှောက်ထားချိန် ခန့်မှန်းချေ ကြာချိန်ကတော့ ၃ လ မှ ၂၂ လ အထိ ကြာမြင့်နိုင်ပါတယ်။ ပြည်နယ်အလိုက် ကိုယ်သွားရောက်လုပ်ကိုင်လိုတဲ့ နေရာ/ ဒေသကို ရွေးချယ်ရမှာဖြစ်ပြီး ဒေသအလိုက် အလုပ်သမား ခေါ်ယူမှု စံနှုန်းများမတူညီပါဘူး။ 

သတ်မှတ်ထားသော အခြေခံလိုအပ်ချက်များ

============================

  • ဩစတြေးလျ ပြည်နယ်/ အစိုးရကနေပြီး လျှောက်ထားခြင်းကို လက်ခံရရှိထားတဲ့ သူ ဖြစ်ရပါမယ်

  • ပြည်နယ်/ အစိုးရ ရဲ့ သတ်မှတ်ထားတဲ့ အရည်အချင်း နဲ့ ကိုက်ညီမှု ရှိတဲ့သူဖြစ်ရပါမယ်

  • လျှောက်ထားလိုသူဟာ ကိုယ်လျှောက်ထားလိုတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး 

        (Skill Assessment) တစ်ခုခု ကိုင်ဆောင်ထားနိုင်တဲ့သူဖြစ်ရပါမယ် အထောက်အထားတင်ပြ

        ရပါမယ်

  •  သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာ အရည်အချင်း (IELTS/PTE) Band Score 6 အနည်းဆုံး ရရှိ

          ထားတဲ့သူဖြစ်ရပါမယ်

  •  ကျန်းမာရေး ကောင်းမွန်ရပါမယ်

  • အသက် ၁၈ နှစ် မှ ၄၅ နှစ်အတွင်း ရှိရပါမယ် ( * လျှောက်ထားရန် ရွေးချယ်ခံရပြီးမှ ၄၅ နှစ်ပြည့်သွားသော သူများလည်း ရရှိနိုင်ပါတယ် )

  • ဗီဇာလျှောက်ထားမှုအတွက် အခြေခံသတ်မှတ်ချက်များအပါ် လျှောက်လွှာတင်သွင်းရာတွင် ပြီးပြည့်စုံမှု ရှိ/မရှိ အတွက် အကဲဖြတ် အမှတ်ပေး ဆုံးဖြတ်ရာတွင် အနည်းဆုံး ၆၅ မှတ် ရရှိရပါမယ်

ဘယ်လိုအလုပ် လုပ်ကိုင်နေတဲ့သူတွေက လျှောက်ထားနိုင်မလဲ၊ ဩစတြေးလျပြည်နယ်၊ အစိုးရက သတ်မှတ်ထားတဲ့ အလုပ်အကိုင် နဲ့ အရည်အချင်းတွေက ဘာတွေလဲ၊ ဗီဇာလျှောက်ထားမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ဘာတွေ လေ့လာပြင်ဆင်ရမလဲ ဆိုတာတော့ အောက်ဖော်ပြပါ Link များမှာ အသေးစိတ် လေ့လာဖတ်ရှုနိုင်ပါတယ်။

>>>>    https://bit.ly/3PesKl7

>>>>    https://bit.ly/3pa2Vbz 

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် 

>>> +61 451924288 (Australia)

[email protected]

http://www.smartedumm.com

 

 

Source From

>>>  Australian Government ( Department of Home Affairs ) - Immigration & Citizenship

 

International News Read 3392 times