လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ် အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေငြာမည်

၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း၊ တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ စာစစ်ဌာများမှ အောင်မြင်ကြသူများအတွက် ယခင်နှစ်များကအတိုင်း ဩဂုတ် ၉ ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ

ကချင်ပြည်နယ် မှ ဆင်ဘို၊ တနိုင်း၊ ရှင်ဗွေယန်၊ ချီဗွေ၊ ခတ်ချို၊ ဆဒုံး၊ မိုင်းနား၊ ဖားကန့်၊ ကာမိုင်း၊ ဆိပ်မူ၊ တာမခန်၊ လုံးခင်း၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဒုတ္တန်၊ လေယာဉ်ကွင်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှရှားတော၊ ဒီးမော့ဆို၊ ဒေါင်ခါး၊ နန်းမယ်ခုံ၊ ထ(၁)ငွေတောင်၊ ဒေါတမငယ်၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စုံစာစစ်ဌာန၊

 

ကရင်ပြည်နယ် မှ လိပ်သို၊ ဖာပွန်၊ ကမမောင်း၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ တံခွန်တိုင်၊ ခလယ်၊ သင်္ကန်းညီနောင် နှင့် ထ(ခွဲ)ဝါးတော စာစစ်ဌာန၊ ချင်းပြည်နယ်မှ ရိခေါဒါရ်၊ ကျီခါး၊ ခိုင်ကမ်း၊ ထုတ်လိုင်၊ တီးထန်၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ၊ လိုင်လင်းပီ၊ရေဇာ၊ လုံငို၊ ဆဘောင်သဲ၊ ပလက်ဝနှင့် ဆမီးစာစစ်ဌာန၊

 

ရခိုင်ပြည်နယ် မှ ပုဏ္ဏားကျွန်း၊ ကျွဲထိုး၊ အလယ်ချောင်း၊ ယိုးတရုတ်၊ ပိုးရှီပြင်၊ သ၀င်ချောင်း၊ လက်ပံပြား၊ ရသေ့တောင်၊ ဦးဂါ၊ စေတီပြင်၊ ဇီးကိုင်း၊ လောင်းချောင်း၊ ကူတောင်၊ မြောက်ဦး၊ တိန်ညို၊ ကျီရာပြင်၊ မြောင်းတွေ၊ ကျောက်တော်၊ ကန်စောက်၊ ညောင်ပင်လှ၊ ဒုက္ကန်ချောင်း၊ ကျောင်းကန်၊ ရွှေပြည်၊ သရက်တပင်၊ အပေါက်ဝ၊ မင်းပြား၊ ကမ်းနီ၊ ပန်းမြောင်း၊ မင်းရွာ၊ ယိုးဆနွင်း၊ ကမ်းထောင်းကြီး၊ ရက်ချောင်း၊ သရက်တောင်၊ ကြာအင်းတောင်၊ မောင်တော၊ ဘူးသီးတောင်နှင့်လက်ဝဲဒက်ပုဇွန်ချောင်းစာစစ်ဌာန၊

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  မှ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံနှင့် မိုင်းပျင်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ နမ့်ဆန်(မြောက်)၊ မန်တုံ၊ မိုးမိတ်၊ မန်ကျည်းပင်၊ မဘိမ်းနှင့် ငါးအိုးစာစစ်ဌာန၊

ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ပင်ခွန်၊ တင်းတက်၊ ဆောင်းပြောင်း၊ ထီရယ်၊ လွယ်ဘောင်း၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းရှူး၊ ဝမ်ကန်၊ မိုင်းပန်၊ တုန်ဟုန်းနှင့် မောက်မယ်စာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှမေတ္တာ၊ ကတ္တလူ၊ စခန်းသစ်၊ ကံမော်၊ သဇင်၊ ပုလော၊ ရုပ်ပုံ၊ ပလောက်၊ ပလ၊ ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင် စာစစ်ဌာန၊

 

မကွေးတိုင်းဒေသကြီး မှ ပေါက်၊ စသိန်း၊ ဇီးပြား၊ ကိုင်းလယ်၊ ရေပြာ၊ သရက္ကန်၊ ကမ်းပျို၊ နံ့သာ၊ ဒီးဒုတ်ကွင်း၊ စေတုတ္တရာ၊ ဘူး၊ တန့်လည်ကျင်း၊ ငဖဲ၊ ပဒါန်း၊ ထီးလင်း၊ ညောင်ကန်၊ ဆေးမင်းတော၊ ကျင်းရွာ၊ ရေမျက်နီ၊ အကြည်ဘန်း၊ ဆော၊ ကျောက်ထု၊ တပြင်း၊ ကံကြီး၊လောင်းရှည်။ လက်ပန်းနှင့် ကြီးစာစစ်ဌာန၊

 

စစ်ကိုင်းတိုင်းဒေသကြီး မှ မော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ မင်းယား၊ သရောင်း၊ ရေအောက်တောင်း၊ ကရား၊ မိုင်းချောင်း၊ စန္ဒာ၊ လေရှီး၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင်စာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။ 


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ (၅၉၁၅ ကီလိုဟက်ဇ်) နှင့် လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ (၉၇၃၀ ကီလိုဟက်ဇ်)တို့မှလည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ အတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅ မီတာ(၇၂၉ ကီလိုဟက်ဇ်)မှ လည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

The Mirror Daily

 

မိဘသူပြည်သူများ အဆင်ပြေလွယ်ကူချောမွေ့စာ အောင်စာရင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့အတွက် Myanmar Education Guide (EDGE) မှာလဲ Download ဆွဲစရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခများ.......။

အောင်စာရင်းကြည့်ရှုရန် >> ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း << 

Read 2338 times