တက္ကသိုလ်ဝင်ခွင့်များ စက်တင်ဘာ (၂၈) ရက်နေ့ စတင် လျှောက်ထားနိုင်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်များကို စက်တင်ဘာလ (၂၈) ရက်နေ့မှ စ၍ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် - 

  • အမှတ်စာရင်း၊
  • အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊
  • တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့်
  • တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာလ (၂၈) ရက်နေ့မှစ၍ ကိုယ်တိုင် ထုတ်ယူနိုင်ပြီ ဖြစ်သည်။

မိမိဖြေခဲ့သည့် စာစစ်ဌာနတွင်  ထုတ်ယူရန် အခက်အခဲရှိပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် သွားရောက် ထုတ်ယူနိုင်ပါသည်။ 

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကို စက်တင်ဘာလ (၂၈) ရက်နေ့မှစ၍ အောက်တိုဘာ (၁၆) ရက်နေ့အထိ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အောက်ပါ တက္ကသိုလ်များတွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၁) မြစ်ကြီးနားတက္ကသိုလ်

(၂) လွိုင်ကော်တက္ကသိုလ်

(၃) ဘားအံတက္ကသိုလ်

(၄) ဟားခါးတက္ကသိုလ်

(၅) မုံရွာတက္ကသိုလ်

(၆) ရွှေဘိုတက္ကသိုလ်

(၇) စစ်ကိုင်းတက္ကသိုလ်

(၈) ထားဝယ်တက္ကသိုလ်

(၉) တောင်ငူတက္ကသိုလ်

(၁၀) ပြည်တက္ကသိုလ်

(၁၁) ပဲခူးတက္ကသိုလ်

(၁၂) မကွေးတက္ကသိုလ်

(၁၃) ပခုက္ကူတက္ကသိုလ်

(၁၄) မန္တလေးအဝေးသင်တက္ကသိုလ်

(၁၅) မိတ္ထီလာတက္ကသိုလ်

(၁၆) ကျောက်ဆည်တက္ကသိုလ်

(၁၇) မော်လမြိုင်တက္ကသိုလ်

(၁၈) စစ်တွေတက္ကသိုလ် 

(၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ်

(၂၀) တောင်ကြီးတက္ကသိုလ်

(၂၁) ကျိုင်းတုံတက္ကသိုလ်

(၂၂) လားရှိုးတက္ကသိုလ်

(၂၃) ပုသိမ်တက္ကသိုလ်

(၂၄) ဟင်္သာတတက္ကသိုလ်

(၂၅) မအူပင်တက္ကသိုလ်

သတ်မှတ်ရက် ကျော်လွန်မှ လျှောက်ထားသူများနှင့် ဖော်ပြပါ တက္ကသိုလ် (၂၅) ခုတွင် လျှောက်ထားရန် အဆင်မပြေသောသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားနိုင်သည်။

အောက်ဖော်ပြပါ သီးခြားခေါ်ယူသည့် တက္ကသိုလ်များမှအပ မည်သည့်တက္ကသိုလ်ကိုမဆို လျှောက်ထားလိုသူသည် ကြေညာချက်ပါ တက္ကသိုလ် (၂၅) ခုအနက် အဆင်ပြေနီးစပ်ရာ တက္ကသိုလ်များတွင် လျှောက်လွှာတင်သွင်းနိုင်သည်။ 

  • ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ
  • အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်
  • မန္တလာတက္ကသိုလ် 
  • ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
  • မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း
  • သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း
  • စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)
  • မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)
  • သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
  • သမဝါယမကောလိပ်များ
  • ယွန်းပညာကောလိပ် (ပုဂံ) 
  • အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)
  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
  • မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)

သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ 

၀၁၇-၅၀၃၁၄၇

==============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 20 times