အဝေးသင် တတိယနှစ် ဓာတုဗေဒမေးခွန်းတွင် မေးခွန်းနံပါတ်နှစ်ခုစီ၌ အကြောင်းအရာတူများ ထည့်မေး

အဝေးသင် တတိယနှစ် ဓာတုဗေဒမေးခွန်းတွင် မေးခွန်းနံပါတ်နှစ်ခုစီ၌ အကြောင်းအရာတူများ ထည့်မေး

မေးခွန်းတူသော်လည်း အဖြေမတူဟု ပါမောက္ခဆို

အောက်တိုဘာ ၉ ရက် က စစ်ဆေးခဲ့သည့် ရန်ကုန်အဝေး သင်တက္ကသိုလ် ဓာတုဗေဒ အထူး ပြု တတိယနှစ် မေးခွန်းတွင် မေး ခွန်းနံပါတ်နှစ်ခုစီ၌ အကြောင်းအရာတူများ ထည့်မေးထားသည်။

Biochemistry နှင့် Environmental Chemistry ဘာသာ ရပ်ကို စစ်ဆေးသည့် မေးခွန်းတွင် မေးခွန်းရှစ်ပုဒ်အနက် ခြောက်ပုဒ်ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် 2.(a)(i) တွင် 'pH effect is important in enzyme catalyzed reaction'ဟု မေးထားပြီး ထိုမေးခွန်းကိုပင် နံပါတ် 3.(b) ၌ ထည့်မေးထား သည်။

မေးခွန်းနံပါတ် 5.(b) တွင် 'Give the two types of national ambient air quality standard by the Clean Air Act' ဟု မေး ထားပြီး နံပါတ် 6. (b) တွင်လည်း ထိုမေးခွန်းကိုပင် ထပ်မေးထား သည်။ မေးခွန်းနံပါတ် 7.(b)တွင် 'How do water uses are cate-gorized' ဟု မေးထားပြီး ထိုမေး ခွန်းကိုပင် နံပါတ် 8.(b) (i) တွင် ထပ်မေးထားသည်။

အကြောင်းအရာတူ မေးခွန်း များ မေးထားခြင်းနှင့် ပတ်သက် ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသဇင်လွင်ထံ ဆက် သွယ်မေးမြန်းရာ ‘‘မေးခွန်းထပ် တာမဟုတ်ပါဘူးရှင့်။ မေးခွန်းက အဖြေနှစ်ခုမတူတဲ့ မေးခွန်းပါ။ သူက တွဲဖြေရတာနဲ့ ခွဲဖြေရတာ ကွာပါတယ်။ မေးခွန်းက ဘယ်လို ပုံစံကို ဘယ်လိုဖြေရမယ်ဆိုတာ လည်း ပြောထားပြီးပါပြီ။ မေးခွန်း နှစ်ခုက တွဲလို့ရှိရင် ဘယ်လိုပုံစံ ဖြေရမလဲ၊ ခွဲမေးထားရင် ဘယ် လိုပုံစံဖြေရမလဲ၊ ပုံပါလား၊ မပါ လား ခွဲခြားထားပါတယ်’’ဟုပြော သည်။

ထိုမေးခွန်းကို ရန်ကုန်အဝေး သင်တက္ကသိုလ်အောက်ရှိ မော်လ မြိုင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ စစ်တွေတက္က သိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည် တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်၊ မအူပင် တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ် အ ဝေးသင်ဌာနခွဲများတွင် အဝေး သင်တက်ရောက်နေသည့် ဓာတု ဗေဒ တတိယနှစ်ကျောင်းသား၊ ကျောင်းသူအားလုံး ဖြေဆိုရခြင်း ဖြစ်သည်။

ရွေးချယ်ဖြေဆိုခွင့်ပေးထား သော်လည်း မေးခွန်းနံပါတ်နှစ်ခုစီတွင် အကြောင်းအရာတူများ ထည့်မေးထားခြင်းကြောင့် ထိုအကြောင်းအရာများကို မဖြေနိုင် သူများ အခက်တွေ့နိုင်သည်ဟု ယမန်နေ့က စာမေးပွဲခန်းစောင့် သည့် ကထိကဆရာတစ်ဦးကဆိုသည်။

‘‘ကျွန်မတို့ဟာ မေးခွန်းကို စထုတ်ကတည်းက အဖြေသိမှ ထုတ်တာပါ။ အဖြေဟာ မတူဘူး ဆိုတာ သိတဲ့အတွက်ကြောင့် လည်း မေးခွန်းကို ထုတ်ခဲ့တာဖြစ် ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်မ လည်း ဒီအဝေးသင်တက္ကသိုလ်မှာ မေးခွန်းထုတ်ခဲ့တာ ခုနစ်နှစ်ရှိပြီ ဖြစ်တဲ့အတွက် အခုလို စိတ်ပူပေး တာ ကျေးဇူးတင်ပါတယ်။ အဖြေ ဟာ မတူတဲ့အတွက်ကြောင့် စိုးရိမ်စရာမရှိပါဘူး။ ကျောင်းသား သည် ဖြေတတ်မှာပါ။

ဘာကြောင့်လဲဆိုတော့ သူတို့ကို ကျွန်မတို့ သည် ဖြေရမယ့်ပုံစံ ပြောထားပြီး သားအတွက်ကြောင့်မို့ အဖြေ လည်း ကြိုသိထားမှာပါပဲ။ တချို့ ဒီလိုပေါ့။ ဆရာ၊ ဆရာမ သင်တဲ့ သူနဲ့ ထိတွေ့မှုနည်းတဲ့ ကျောင်း သားတွေကကျတော့ ဘယ်လိုမေးရင် ဘယ်လိုဖြေရမယ်ဆိုတာ မသိလို့ ဖြစ်ပါလိမ့်မယ်’’ဟု ဒေါက်တာ သဇင်လွင်ကပြောသည်။

အဝေးသင်တက္ကသိုလ် ဓာတုဗေဒအထူးပြု တတိယနှစ်သင် တန်းများ၏ အတန်းတင်စာမေးပွဲ များကို အောက်တိုဘာ ၂ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည်။

‘‘ကျွန်တော်လည်း ဒီနေ့ (အောက်တိုဘာ ၉ ရက်) မနက်ကမှ နေပြည်တော်က ပြန်ရောက် လို့ ခုမှသိတာ။ ပုစ္ဆာတွေက အ ဖြေမတူဘူးလို့တော့ သူတို့ ပညာ ရှင်တွေက ပြောပါတယ်။ ဒါလေး တွေက အနည်းနဲ့ အများတော့ ဖြစ်နေကျပါပဲ။ မှားတာ၊ မှန်တာ ကို ကျွန်တော်တို့ မသိရသေးဘူး။ ဒါက ဌာနပေါ် မူတည်တယ်။ ဌာနက အမှတ်ပေးသွားတဲ့အပေါ် မူတည်တယ်’’ဟု ရန်ကုန်အဝေး သင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှက ပြော ကြားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3174 times