Sales Hotline : 09448001653       Download App



2023 ခုနှစ်အတွက် တောင်ကိုရီးယား KAIST တက္ကသိုလ်မှ ၁၀၀ ရာခိုင်နှုန်း Fully Funded Scholarship

 

 

တောင်ကိုရီးယားနိုင်ငံ၊ ဒဲ‌ဂျောင်းန်မြို့မှ Research University တစ်ခုဖြစ်တဲ့ KAIST တက္ကသိုလ်မှ ၂၀၂၃ စာသင်နှစ်အတွက် ပညာတော်သင်ဆု အပြည့်အဝပေးအပ်မည့် လျှောက်လွှာများကို စတင်လက်ခံပေးနေပြီပဲ ဖြစ်ပါတယ်။

 

KAIST (Korea Advanced Institution of Science and Technology) တက္ကသိုလ်ဟာဆိုရင် ၂၀၂၀ ခုနှစ် QS Ranking မှာ တောင်ကိုရီးယားနိုင်ငံရဲ့  No(1) Research University တစ်ခုအဖြစ်သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ 

 

ယခုတစ်ခေါက်ခေါ်ယူမယ့် ပညာတော်သင်ဆုကတော့   နိုင်ငံတကာမှကျောင်းသား/    ကျောင်းသူတွေအတွက်ရည်ရွယ်ပြီး ဘွဲ့ရ၊ ဘွဲ့ကြို၊ မာစတာ၊ ပီအိတ်ချ်ဒီ စတဲ့ Program အသီးသီးအတွက် ပညာသင်စရိတ် အပြည့်အဝထောက်ပံ့ပေးသွားမှာပါ။

 

ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

 

  • မာစတာဘွဲ့တတ်ရောက်မယ့် ကျောင်းသားတွေအတွက် လစဥ်ထောက်ပံ့ကြေး 350,000/- KRW

  • မာစတာဘွဲ့တတ်ရောက်မယ့် ကျောင်းသားတွေအတွက် စာသင်နှစ် (၄)ခုစာ Full Tuition Fees

  • ပီအိတ်ချ်ဒီ(PhD)တတ်ရောက်မယ့်ကျောင်းသားတွေအတွက်လစဥ်ထောက်ပံ့ကြေး 400,000/- KRW 

  • ပီအိတ်ချ်ဒီ(PhD)တတ်ရောက်မယ့်ကျောင်းသားတွေအတွက် စာသင်နှစ်အပြည့်စာအတွက်Full Tuition Fees

  • ကျန်းမာရေးအာမခံ 

  • Assignment များအတွက် သက်ဆိုင်ရာကုန်ကျစရိတ်ထောက်ပံ့ကြေး

 

အထက်မှာဖော်ပြထားတဲ့ ထောက်ပံ့ကြေးတွေအားလုံးက ပညာသင်ဆုရရှိထားတဲ့ ကျောင်းသား/သူရဲ့ Performance နဲ့ Projects များအပေါ်မူတည်ပြီး အပြောင်းအလဲတော့ ရှိနိင်ပါတယ်။

 

လျှောက်ထားသူများအနေနဲ့ Application fee 80,000/- KRW (သို့) USD 80 တော့ပေးသွင်းရမှာပါ။လျှောက်လွှာများကို အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရမှာဖြစ်ပြီး Payment အနေနဲ့ Credit (သို့) Bank Transfer နဲ့ပေးချေလို့ရပါတယ်။ Application fee မှာ No Refund ပါ။

 

အောက်ဖော်ပြပါ Application Form မှတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

>>> https://admission.kaist.ac.kr/intl.../kaist-scholarships/

 

လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်းအထောက်အထားများမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

  • ထောက်ခံသူ ၂ ဦး (Two Recommendation Letters)

  • ကိုယ်ရေးကိုယ်တာအချက်အလက်အပြည့်အစုံ (CV Form)

  • ရရှိထားတဲ့ ပညာရေးမှတ်တမ်း၊ အထောက်အထားအပြည့်အစုံ (သို့) ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက် (Honors, Awards & Employment Proofs)

  • အင်္ဂလိပ်စာအရည်အချင်းစစ်မှတ်တမ်း (English Proficiency Test) (IELTS - 6.50, TOEFL - IBT 83/ PBT 560, BT 220, TOEIC (720), TEPS (599),New TEPS (326) 

  • ဘွဲ့လက်မှတ်အထောက်အထားမှတ်တမ်း (Certificates of your degrees)

  • နိုင်ငံသားမှတ်ပုံတင်ကတ်ပြားမိတ္တူ (Secondary copy of National ID Card)

  • မိဘအုပ်ထိန်းသူများ၏ မှတ်ပုံတင်ကတ်ပြားမိတ္တူ (Secondary copies of your parents’ ID cards)

  • သန်းခေါင်စာရင်းအထောက်အထား (Certificate of Family Registration)

 

ဖော်ပြပါ အထောက်အထားစာရွက်စာတမ်းများကို အင်္ဂလိပ်လိုဖြစ်စေ၊ ကိုရီးယားလိုဖြစ်စေ နိုတြီပြန် ရေးသားပြီး လျှောက်ထားရမှာပါ။ Application ကို Print out လုပ်ပြီး KAIST ရဲ့ ရုံးလိပ်စာသို့ Hard Copy အနေနဲ့ ပို့ပေးရပါမယ်။ ( Recommendation Letters များ ပို့ပေးရန် မလိုအပ်ပါ။ )

 

KAIST ရဲ့ ရုံးလိပ်စာမှာ Graduate Admissions Team, KAIST

                                 # 110, 1st Floor, E 16-1 B/D 

                                291 Daehak-ro, Yuseong-gu, Daejeon (Zip Code:34141) 

                                Republic of Korea 

                                Office. +82-42-350-2352, 2354 / 

                                E-mail: [email protected]    ပဲဖြစ်ပါတယ်။


 

လျှောက်လွှာသတ်မှတ်ရက်ကတော့ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအထိပဲဖြစ်ပါတယ်။

 

လျှောက်ထားနိုင်တဲ့ ပညာရပ်တွေကတော့ —

 

  • Business 

  • Engineering

  • Natural Sciences

  • Life Science and Bioengineering

  • Liberal Arts and Convergence Science စသည်တို့ပဲဖြစ်ပါတယ်။

 

ဒါဆို လျှောက်ထားဖို့အတွက် လိုအပ်ချက် နဲ့ သတ်မှတ်ချက်တွေကို ကြည့်လိုက်ကြရအောင်နော်။

 

  • လျှောက်ထားသူအနေနဲ့ နိုင်ငံတကာမှ  ကျောင်းသားဖြစ်ရန်  လိုအပ်ပြီး ကိုရီးယားလူမျိုးဖြစ်လို့မရပါဘူး

  • အကယ်၍ ကိုရီးယားလူမျိုးဖြစ်ခဲ့လျှင် ကိုရီးယားပြင်ပမှာ မွေးဖွားပြီး ပညာကိုနိုင်ငံရပ်ခြားမှာ သင်ကြားလာတဲ့သူဆိုရင် လျှောက်လို့ရပါတယ်။

  • မာစတာဘွဲ့ကို လျှောက်မယ်ဆို Bachelor Degree ကိုင်ဆောင်ထားသူဖြစ်ရပါမယ်။

  • ဒါမှမဟုတ် စတင်တတ်ရောက်ရမယ့် အချိန်မှာ Bachelor Degree ပြီးနှင့်ပြီးသားဖြစ်ရပါမယ်။

  • Ph.D Degree ကိုလျှောက်ထားမယ်ဆိုရင် Master Degree ကိုင်ဆောင်ထားသူဖြစ်ရပါမယ်။

 

သက်ဆိုင်ရာ အထောက်အထားအပြည့်အစုံ နဲ့အတူလျှောက်လွှာတင်ပြီးပါက လျှောက်ထားသူများ အနေနဲ့ email ကိုပုံမှန်စစ်ပေးဖို့လိုအပ်ပါမယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အတွင်း ကျောင်းဘက်မှ အင်တာဗျူးဖို့လိုအပ်ရင် မေးလ်ကနေတစ်ဆင့်ဆက်သွယ်လာမှာပါ။ Application overview ကတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း သက်ဆိုင်ရာဌာန အသီးသီးမှ လျှောက်ထားသူများကို တစ်ဦးချင်းဆက်သွယ်သွားမှာပါ။ 

 

Scholarship Review ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ပြုလုပ်မှာဖြစ်ပြီး ပညာတော်သင်ဆုရရှိသူများကိုတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၊ ၁၆ ရက်နေ့ ညနေ ၅ နာရီ (ကိုရီးယားစံတော်ချိန်) နောက်ဆုံးထားပြီး ကြေညာပေးသွားမှာပါ။ ကျောင်းဝင်ခွင့်ကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စတင်မှာပါ။ 

 

Application Deadline လေးလည်း နီးနေပြီမို့ စိတ်ပါဝင်စားသူများ၊ အရည်အချင်းပြည့်မှီသူများ အနေဖြင့် အမြန်ဆုံးလျှောက်ထားဖို့ အကြံပြုချင်ပါတယ်။ 

 

အသေးစိတ်အချက်အလက်များကို KAIST ရဲ့ Official Website Link ဖြစ်သော https://bit.ly/3AO8IZM မှာ သွားရောက်ဖတ်ရှုနိုင်ပြီး Application Guide Book https://bit.ly/3wSTEbR  မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

International Read 1029 times