Sales Hotline : 09448001653   Find A Tutor     Download App



2022 မလေးရှား ပညာရေး

2022 မလေးရှား ပညာရေး

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ မလေးရှားနိုင်ငံရှိရှိ အစိုးရတက္ကသိုလ်များ (UA) နှင့် ပုဂ္ဂလိက အဆင့်မြင့်သင်ယူမှုကျောင်း (IPTS) တွင် ဆက်လက်ပညာသင်ကြားရန် နိုင်ငံတကာကျောင်းသားများထံမှ လျှောက်လွှာအသစ်စုစုပေါင်း ၄၀,၀၀၀ ကို လက်ခံရရှိခဲ့ပါတယ်။

 

ပညာရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Education Malaysia Global Services (EMGS) က လျှောက်လွှာအရေအတွက်က ယခုနှစ်အတွက် မျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

 

EMGS ရဲ့ အမှုဆောင် အရာရှိချုပ် "Mohd Radzlan Jalaludin" က ၂၀၂၂ ခုနှစ်မှာ ကျောင်းသားများအတွက် စိန်ခေါ်မှုများ ရှိလိမ့်မယ်လို့ မျှော်လင့်ထားသော်လည်း ကျောင်းသားတွေအနေနဲ့ မလေးရှားနိုင်ငံမှာ ဆက်လက်ပညာသင်ကြားဖို့အတွက် စိတ်ဝင်စားမှုတွေ မြင့်တက်နေတာကို တွေကရှိရကြောင်း၊ ဘွဲ့လွန်ပညာရေးအတွက် လျှောက်လွှာတင်ကြားမှုတွေက သိသိသာသာ တိုးလာတာကို တွေ့မြင်ခဲ့ရပြီး ဒါဟာဆိုရင် EMGS နဲ့ မလေးရှားနိုင်ငံအတွက် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် EMGS က နောင်လာမယ့် 2025 ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၂၅၀,၀၀၀ ထိ တိုးမြှင့်တက်ရောက်ရန်နဲ့ မလေးရှားနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ ပညာရေးဗဟိုချက်အဖြစ်ရောက်ရှိနိုင်စေဖို့ မြှင့်တင်ရန်အတွက် အစိုးရရဲ့ မျှော်မှန်းချက်တွေကို ဆက်လက်ပံ့ပိုး ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

 

ပြည်တွင်း၊ ပြည်ပ ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေအနေနဲ့ မလေးရှားနိုင်ငံမှာ ပညာဆက်လက်သင်ကြားခြင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိနိုင်စေဖို့ရာ EMGS မှ  လွှင့်တင်ထားတဲ့  ‘Discover Education Malaysia’ portal "https://discover.educationmalaysia.gov.my/" မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

International News Read 1175 times