၂၀၁၇ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ရသူများအား ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ

၂၀၁၇ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ရသူများအား ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ

သက်ဆိုင်ရာ အဝေးသင်တက္ကသိုလ် ဌာနခွဲများ တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ကျောင်းအပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင်တက္ကသိုလ် တို့လက်အောက်၌ အဝေးသင် တက္ကသိုလ် ဌာနခွဲပေါင်း ၃၈ခုရှိ ပါသည်။

အဝေးသင်တက္ကသိုလ်များ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ စသည့်အထူးပြု ဘာသာရပ်၁၅ခုကို သင်ကြားပို့ချပေးလျက်ရှိသည်။

Source: education digest journal

News Read 13590 times