မလေးရှားက ထိပ်တန်းတက္ကသိုလ်တွေကို အခမဲ့ လျှောက်ထားလို့ရမယ့် ပညာရေးပြပွဲ

ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ ပံ့ပိုးပြီး Yes2Malaysia မှ ဦးစီးသည့် Education Malaysia Expo 2025 ကို ရန်ကုန်မြို့ Park Royal Hotel တွင် (၂) ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ 

ပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၈) ရက်နေ့၊ စနေနေ့နှင့် အောက်တိုဘာ (၁၉) ရက်နေ့၊ တနင်္ဂနွေတို့တွင် နေ့ခင်း (၂) နာရီမှ ည (၆) နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မလေးရှားတက္ကသိုလ် (၁၇) ကျောင်း ပါဝင်ပြသသွားမည်ဖြစ်သည်။

ပွဲတွင် ပါဝင်မည့် တက္ကသိုလ် (၁၇) ကျောင်း

  • Taylor’s University
  • Asia Pacific University of Technology & Innovation (A.P.U.)
  • Newcastle University Medicine Malaysia
  • University of Nottingham Malaysia
  • MAHSA University
  • Sunway University
  • SEGi University
  • International Medical University (IMU)
  • HELP University
  • Multimedia University (MMU)
  • TAR UMT (Tunku Abdul Rahman University of Management and Technology)
  • University of Malaya (UM)
  • Heriot-Watt University Malaysia
  • Universiti Teknologi Malaysia (UTM)
  • Asia Metropolitan University (AMU)
  • Universiti Teknologi PETRONAS (UTP)
  • University Malaysia Terengganu (UMT)

တိကျမှန်ကန်သော ကျောင်းဝင်ခွင့်ဆိုင်ရာ အချက်အလက်များကို မလေးရှားနိုင်ငံမှ အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံခြား တက္ကသိုလ်ခွဲများ၏ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်သည့် ပညာရေးပြပွဲဖြစ်သည်။ 

အဆိုပါပညာရေးပြပွဲတွင် လာရောက်လျှောက်ထားသူများကို ကျောင်းသားဗီ‌ဇာကြေးနှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကြေး ကင်းလွတ်ခွင့်များ ရယူနိုင်ရန် စီစဉ်ထားပါသည်။

ထို့အပြင် ပညာသင်ဆုများနှင့် အခြားငွေကြေးဆိုင်ရာပံပိုးမှုများနှင့်အတူ Bachelor's၊ Master's နှင့် Ph.D ပရိုဂရမ်များသို့ တိုက်ရိုက် ဝင်ခွင့်ရနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။ 

ပွဲကို တက်ရောက်သင့်သည့်သူများ

- မြန်မာနိုင်ငံ ၁၀ တန်း (သို့) ၁၂ တန်းအောင်မြင်ပြီးသူများ

- GED၊ IGCSE၊ OSSD၊ A Level တို့ကို အောင်မြင်ထားသူများ

- တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသားများ

-  ဘွဲ့ရရှိပြီးသူများ

- ပညာသင်ဆု လျှောက်ထားလိုသူများ

- မလေးရှား ပညာရေးလမ်းကြောင်းကို စိတ်ပါဝင်စားသည့် မိဘနှင့် ကျောင်းသားများ

ပွဲတက်ရောက်သည့်အခါ ရရှိမည့် အကျိုးကျေးဇူး

- တက္ကသိုလ်ကိုယ်စားလှယ်များ၏ တိုက်ရိုက်လမ်းညွှန်မှုကို ရရှိနိုင်ခြင်း

- တစ်နေရာတည်းမှာ ပညာရေးပရိုဂရမ်အမျိုးမျိုး ရွေးချယ်နိုင်ခြင်း

- ပညာသင်ဆုနှင့် ငွေကြေးထောက်ပံ့မှုများကို ရှာဖွေနိုင်ခြင်း 

- ကျောင်းသားဗီဇာနှင့် ကျောင်းဝင်ခွင့်များကို  အခမဲ့ လျှောက်ထားနိုင်ခြင်း

ပွဲနေရာနှင့် အချိန်

နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၈) ရက်နှင့် (၁၉) ရက်

အချိန် -  နေ့ခင်း (၂) နာရီမှ ည (၆) နာရီအထိ 

နေရာ - Park Royal Hotel, Yangon

ပွဲကို စိတ်ဝင်စားသောကြောင့် တက်ရောက်ရန် ဆန္ဒရှိပါက အောက်ဖော်ပြပါ လင့်ခ်မှတဆင့် နာမည်စာရင်းပေးသွင်းပြီး ဝင်ကြေးအခမဲ့ဖြင့် တက်ရောက်နိုင်ပါသည်။

>> https://study.yes2malaysia.my/?

--------------------------------------------------

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Read 864 times