HOME >> >> International
International

မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်မည့် UK Fully Funded Scholarship


ဘွဲ့ရရှိပြီးသူ   မြန်မာနိုင်ငံသားတိုင်း ပညာတော်သင်ထောက်ပံ့ကြေး အပြည့်အ၀နဲ့ UK ထိပ်တန်းတက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့်     ချီးဗနင်းပညာတော်သင်ဆုကို   လျှောက်ထားနိုင်တယ်လို့   Chevening    အဖွဲ့အစည်းကနေ     ကြေညာထားပါတယ်။

ချီးဗနင်းဆိုတာကတော့ UK အစိုးရရဲ့ နိုင်ငံတကာပညာသင်ဆုတွေနဲ့ ထောက်ပံ့ကြေးပေးအပ်တဲ့ အစီအစဥ်တစ်ခု ဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ မြန်မာကျောင်းသား ကျောင်းသူတိုင်း UK ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ မဟာဘွဲ့တက်ရောက်နိုင်ဖို့ စရိတ်ငြိမ်း ပညာတော်သင်ဆုများကို   နှစ်စဥ်ချီးမြှင့်နေတာပဲ ဖြစ်ပါတယ်။

 

 

တစ်နှစ်တာ ပညာတော်သင်ခရီးပြီးဆုံးချိန်မှာ နိုင်ငံပေါင်းစုံက ချီးဗနင်း ပညာတော်သင်ဟောင်း ၅၀,၀၀၀ ကျော်ရဲ့ ကွန်ယက်မှာ ပါ၀င်ခွင့်ရရှိမှာဖြစ်သလို မိမိရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဗဟုသုတများစွာကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

ဒီ Scholarship ဟာ Fully Funded Scholarship ဖြစ်တဲ့အတွက် လေယာဉ်စရိတ်၊ နေထိုင်စားသောက်စရိတ်စတဲ့ အခြေခံ ကုန်ကျစရိတ်တွေပါ ပါဝင်မှာဖြစ်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေအနေနဲ့ကတော့ ချီးဗနင်း ပညာတော်သင်ဆုကို...

  • Fully Tuition Fee

  • Monthly Living Allowance 

  • Airfare Grant

  • Extra Expenditures အပြင် TB Test Cost နဲ့ အခြားသော ကုန်ကျစရိတ်များကိုပါ Fully Recover လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ Requirements များကတော့

  • သက်တမ်းရှိ Passport

  • Chevening ကသတ်မှတ်ထားတဲ့ နိုင်ငံသား (မြန်မာနိုင်ငံသားများလည်း ပါ၀င်ပါတယ်)

  • နိုတြီပြန်ထားသော ဘွဲ့လက်မှတ် နှင့် အခြားသော ပညာအရည်အချင်း အထောက်အထားများ

  • လျှောက်ထားသူရဲ့ တက်ရောက်ထားတဲ့ ဘွဲ့ဟာ UK ရဲ့ Upper Second Class 2:1 Honor Degree နဲ့ ကိုက်ညီမှုရှိရပါမယ်။

  • လုပ်သက်အနည်းဆုံး ၂ နှစ် ရှိရပါမယ် ( နာရီပေါင်း ၂၈၀၀ နှင့် ညီမျှသည် )

  • Scholarship program ပြီးဆုံးတဲ့အခါ မြန်မာနိုင်ငံသို့  ပြန်လာပြီး မြန်မာနိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်အသီးသီးမှာ အနည်းဆုံး ၁ နှစ်လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်။

Postgraduate ကို UK နိုင်ငံမှာ ၁ နှစ်တာ သွားရောက် သင်ယူလေ့လာရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိနိုင်ဖို့အတွက် https://www.chevening.org/scholarships/who-can-apply/eligibility/ မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။

လျှောက်လွှာများကိုတော့ အွန်လိုင်းကနေ စတင်ခေါ်ယူနေပြီး နို၀င်ဘာလ (၁) ရက်နေ့ မတိုင်ခင်အထိ လျှောက်ထားလို့ ရပါတယ်။ လျှောက်လိုပါက - http://chevening.org/apply 

ရွေးချယ်ခံရသူများ အနေနဲ့ အင်တာဗျူး ဖြေဆိုရမှာဖြစ်ပြီး အင်တာဗျူးနဲ့ ပတ်သက်တဲ့ ပြင်ဆင်ထားရမယ့် အသေးစိတ် အချက်အလက်များကိုတော့ အောက်ဖော်ပြပါ Link မှာ အသေးစိတ် ဖတ်ရှုနိင်ပါတယ်။ Interviews | Chevening

လျှောက်ထားမှုပြီးဆုံးသွားရင်တော့ ဘာတွေဆက်လုပ်ရမလဲ ဘယ်နေ့တွေ အကြောင်းပြန်လာမလဲဆိုတဲ့ Application Timeline ကိုတော့ https://bit.ly/application-timeline ဤ Link မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှ အရည်အချင်းပြည့်၀သော ကျောင်းသားကျောင်းသူများ လူငယ်များအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးဖြစ်ကြသော UK, Canada, Australia, Germany, Switzerland, USA, Singapore နှင့် Thailand နိုင်ငံများမှ  အခွင့်အလမ်း ကောင်းမွန်သော ပညာတော်သင်ဆုများ၊ ပညာသင် ထောက်ပံ့စရိတ်များကို နှစ်စဥ်ပေးအပ်လျှက်ရှိပါသည်။ 

Source: UK in Myanmar (https://www.facebook.com/ukinmyanmar/) , 

              https://www.chevening.org/scholarship/myanmar/

 

International Read 590 times