သင်တန်းတွေတက်နေတာပဲဖြစ်ဖြစ်၊ ကျောင်းတက်နေတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ သင်ယူလေ့လာမှုအပိုင်းမှာ ပိုမို လွယ်ကူစေပြီး ထိရောက်စေမယ့် Digital tool (၁၀) ခုကို ပြောပြပါမယ်။ ဒီ tool တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရင် သင့်ရဲ့ ကျောင်းသားဘဝကို အခက်အခဲမရှိ ဖြတ်သန်းနိုင်ပါပြီ။
Notebook LM က သင့်ကျက်မှတ်ရမယ့် သင်ခန်းစာ အကြောင်းအရာတွေ၊ ဖိုင်တွေကို Audio၊ Video၊ Mind Map၊ Report၊ Flashcards၊ Quiz၊ Infographic၊ Side Deck စတဲ့ ပုံစံအမျိုးမျိုးနဲ့ Note ထုတ်ပေးနိုင်ပါတယ်။ Input language မှာလည်း မြန်မာကို ရွေးလို့ရတာဖြစ်တဲ့အတွက် မြန်မာကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။
Grammarly ကိုတော့ အင်္ဂလိပ်စာ အရေးအသားပိုင်းမှာ အရည်အသွေးကောင်းဖို့၊ Grammar မှန်ဖို့၊ ပိုကောင်းတဲ့ ရေးသားနည်းတွေ ရရှိဖို့၊ မတူညီတဲ့ အရေးအသားစတိုင် အမျိုးမျိုး ရေးနိုင်ဖို့ အသုံးပြုပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက် Essay၊ Letter တွေ ရေးတဲ့အခါမှာ အထောက်အကူ ဖြစ်ပါတယ်။
အာလုံးနဲ့ မစိမ်းတဲ့ Chatgpt ကတော့ သိချင်တာတွေကို မေးလို့ရတဲ့ AI chatbot တစ်ခုပါ။ အချက်အလက်တွေ ရှာဖွေနိုင်သလို ကိုယ်နားမလည်တဲ့ သင်ခန်းစာအကြောင်းအရာတွေကို ရှင်းပြခိုင်းလဲ ရပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေ အရမ်းရှုပ်ထွေနေရင် အကျဉ်းချုပ်ခိုင်းတာမျိုး၊ လေ့ကျင့်ခန်းမေးခွန်းတွေကို ပြုလုပ်ခိုင်းတာမျိုး လုပ်လို့ရပါတယ်။
Photomath ကတော့ သင်္ချာဘာသာရပ်အတွက် အထူး အသုံးဝင်တဲ့ App ဖြစ်ပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ (သို့) ပုံနှိပ်မှာပါတဲ့ မေးခွန်းတွေကို စကန်ဖတ်ပြီး ဖော်မြူလာ တွက်နည်းအဆင့်ဆင့်နဲ့ အဖြေထုတ်ပေးနိုင်ပါတယ်။ သင်္ချာအတွက်ဆိုရင် Photomath လိုမျိုး သုံးရတာ အဆင်ပြေတဲ့ နောက်ထပ် App ကတော့ Microsoft Math ပါ။
Consensus ဆိုတာ research လုပ်နေတဲ့ ကျောင်းသားတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာအတွက် စာတမ်းတွေကနေတဆင့် အဓိက တွေ့ရှိချက်တွေကို စစ်ထုတ်ပေးတဲ့ AI tool တစ်ခု ဖြစ်ပါတယ်။ သုတေသနစာတမ်းတွေကို အများကြီး လိုက်ဖတ်နေရမယ့်အစား Consensus က ကိုယ့် Research အတွက် လေးလေးနက်နက် ဖြစ်စေတဲ့ အချက်တွေကိုသာ ရှင်းလင်းဖော်ပြပေးတဲ့အတွက် အချိန်ကုန်လည်း သက်သာပြီး အရေးကြီးတဲ့ အကြောင်းအရာကိုလည်း ခြုံငုံသုံးသပ်ပြီးသား ဖြစ်သွားပါတယ်။
ဒါကတော့ မရှိရင်လည်း ဖြစ်တယ်ဆိုပေမဲ့ အသုံးဝင်တဲ့ Application တစ်ခုပါ။ နားလည်ဖို့ခက်နေတဲ့စာကြောင်းကို အနီးစပ်ဆုံး ဘာသာပြန်ပေးနိုင်တဲ့အတွက် Dictionary ကြည့်ပြီး ဘာသာပြန်တာထက်စာရင် အချိန်တိုအတွင်း အဓိပ္ပါယ် သိနိုင်ပါတယ်။
ကိုယ့်ရဲ့ ကျောင်းချိန်တွေ၊ စာသင်ချိန်တွေကို TimeTable လေး လုပ်ထားပြီး မှတ်ဖို့အတွက် School Planner က အဆင်ပြေပါတယ်။ သူက အတန်းချိန်မတိုင်ခင် ၁၅ မိနစ် ကြိုပြီးတော့ Remind လုပ်ပေးတာမို့ မေ့တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။
ကျောင်းက Presentation တွေ လုပ်ခိုင်းတဲ့အခါ Slide တွေကို မြန်မြန်နဲ့ လှလှလေး လုပ်ချင်တယ်ဆိုရင် Gamma ကို သုံးပါ။ ကိုယ်လုပ်မယ့်အကြောင်းအရာ၊ ထည့်ချင်တဲ့ ခေါင်းစဉ်တွေ၊ Slide အရေအတွက်တွေကို ရေးပေးလိုက်ရုံနဲ့ ပုံတွေ၊ စာတွေကို အလိုအလျောက် ဒီဇိုင်းထုတ်ပေးမှာ ဖြစ်ပါတယ်။
စာသား (သို့) ဖိုင် ရိုက်ထည့်လိုက်ရုံနဲ့ သင်ခန်းစာနဲ့ဆိုင်တဲ့ Quiz တွေ လုပ်ပေးပါတယ်။ တခြားသူ လုပ်ထားပြီးတဲ့ Flash Card တွေကိုလည်း ယူပြီး ဖြေကြည့်လို့ရပါတယ်။ ဖြေတဲ့အခါမှာလည်း အဖြေမှန်ရွေးတာ၊ ကွက်လပ်ဖြည့်တာ၊ မှန်/မှားဖြေတာ၊ တူရာတွဲတာ စတဲ့ ပုံစံအမျိုးမျိုး ပြောင်းပြီး လေ့လာလို့ ရပါတယ်။
ကိုယ် record လုပ်ထားတဲ့ အသံဖိုင်ကို စာသားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Tool ဖြစ်ပါတယ်။ အတန်းထဲမှာ ဆရာပြောတာတွေကို Recording လုပ်တတ်တဲ့သူတွေအတွက် မှတ်စုပြန်ရေးဖို့ အသုံးဝင်ပါတယ်။ Recording လုပ်ပြီးသားဖိုင်ဖြစ်စေ၊ Otter.ai ထဲမှာပဲ Record လုပ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။ Zoom နဲ့လည်း ပေါင်းပြီး သုံးလို့ရတဲ့အတွက် အွန်လိုင်းအတန်းတက်နေသူတွေအတွက် အသုံးဝင်ပါတယ်။
===============
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။