Sales Hotline : 09448001653       Download App



ကိုရီးယားနိုင်ငံ Seoul ရှိ နိုင်ငံခြားသားကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ကြေး

ကိုရီးယားနိုင်ငံ Seoul ရှိ နိုင်ငံခြားသားကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ကြေးအစီအစဉ်

ကိုရီးယားနိုင်ငံ Seoul ရှိ နိုင်ငံခြားသား ကလေးငယ်များအတွက်  ပညာသင်ထောက်ပံ့ကြေးကို မတ်လမှစတင်၍ Seoul ပညာရေးမှူးရုံးမှ ထောက်ပံ့ပေးမည်ဖြစ်ပါတယ်။

 

ဆိုးလ်ရှိ အသက် ၃ နှစ်မှ ၅ နှစ်ကြား နိုင်ငံခြား ကလေးများအား မတ်လမှ စတင်ကာ တောင်ကိုရီးယား ကလေးများ၏ ပညာသင်ထောက်ပံ့ကြေးနှင့်ထပ်တူ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့တော် ပညာရေးရုံးက ပြောကြားခဲ့ပါတယ်။

 

ဆိုးလ်မြို့တော်ပညာရေးရုံးမှ ဝမ် 150,000 ($126) ကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 

အစိုးရပိုင် မူလတန်းကျောင်းများမှာ (Public Kindergartens)  သူငယ်တန်းကျောင်းသားများအနေဖြင့် စာရင်းသွင်းထားတဲ့ နိုင်ငံခြားသား ကလေးငယ်များအတွက်ကို နေ့ကျောင်းများမှာဆိုရင် ဝမ် 100,000 နှင့် ကျောင်းချိန်အပြီးသင်တန်းများအတွက် ဝမ် 50,000 အထိ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

ပုဂ္ဂလိကပိုင် မူလတန်းကျောင်းများမှာ (Private Kindergartens)  သူငယ်တန်းကျောင်းသားများအနေဖြင့် စာရင်းသွင်းထားတဲ့ နိုင်ငံခြားသား ကလေးငယ်များအတွက်ကို နေ့ကျောင်းများမှာဆိုရင် ဝမ် 350,000 မှ 280,000 ဝမ် နှင့် ကျောင်းချိန်အပြီးသင်တန်းများအတွက် ဝမ် 70,000 အထိ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

3 နှစ်မှ 5 နှစ်ကြား နိုင်ငံခြားသားများ မှတ်ပုံတင်ထားသော သူများသာ  ဒီပညာသင်ထောက်ပံ့ရေးအစီအစဉ်မှာ အကျုံးဝင်မှာဖြစ်ပါတယ်။ 

 

လက်ရှိတွင် အစိုးရမူလတန်းကျောင်းများတွင် စာရင်းသွင်းထားသည့် နိုင်ငံခြား ကလေး ၃၁၈ ဦးရှိပြီး ကျောင်းချိန်ပြင်ပသင်တန်းများမှာ အတန်းတက်သူ ၂၆၄ ဦးရှိပါတယ်။ ပုဂ္ဂလိကကျောင်းများတွင် ကလေး ၃၆၆ ဦးရှိပြီးကျောင်းချိန်ပြင်ပသင်တန်းများမှာဆိုရင်တော့ ၃၁၃ ဦး တက်ရောက်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

 

ပညာရေးမှူးရုံးသည် လှူဒါန်းမှုအတွက် ဝမ် ၁.၈၇ ဘီလီယံ လျာထားထားပါတယ်။ 

မိဘများသည် သူငယ်တန်း မှတ်ပုံတင်ကဒ် အပါအဝင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၎င်းတို့၏ ကလေးများ၏ ပညာရေး အခကြေးငွေကို လျှောက်ထားနိုင်တယ်လို့ သိရှိရပါတယ်။ (Yonhap)

 

Ref : https://bit.ly/3IvMiOZ

International Read 552 times