၂၀၂၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းအား QS World မှ ထုတ်ပြန်

 

အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသော QS World University Ranking မှ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အကောင်းဆုံး တက္ကသိုလ်များစာရင်းကို ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်ဒ်စာမျက်နှာ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ 

 

ယခုနှစ်တွင် QS World University Rankings သည် ယခင်နှစ်ကထက် ကျောင်းအရေအတွက် ပိုမိုများလာပြီး ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ပေါင်း (၁,၅၀၀) ကျော်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံရှိ Massachusetts Institute of Technology (MIT) သည် ဆယ့်သုံးနှစ်တိတိတိုင်အောင် နံပါတ်တစ် ထိပ်တန်းနေရာတွင် ရပ်တည်နေဆဲဖြစ်သည်။ 

 

MIT ဟု လူသိများသော Massachusetts Institute of Technology သည် ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဖြစ် အဆင့်သတ်မှတ်ခံရပြန်သည်။ MIT အကြောင်းကို QS က '‌MIT သည် စတင်တည်ထောင်ခါစ ၁၈၆၁ ခုနှစ်တွင် သိပ္ပံဘာသာရပ်များအား သင်ယူလိုသူနှင့် ကမ္ဘာ့ပြသနာများအား ဖြေရှင်းလိုသူများအတွက် သေးငယ်သည့် အသိုက်အဝန်းတစ်ခုသာရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ MIT သည် ကြီးမားပြီး လူသိများသော ပညာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ လက်ရှိမှာ ကျောင်းတွင် ဌာနဆိုင်ရာ ဆရာ၊ ဆရာမများ (၁,၀၀၀) ခန့်အပါအဝင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ (၁၁,၀၀၀) ဦးရေ ရှိနေပြီ" ဟု ပြောကြားခဲ့သည်။ 

 

QS World ၏ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) စာရင်းတွင် အင်္ဂလန်ရှိ Imperial College London၊ University of Oxford၊ University of Cambridge၊ UCL တို့သည် အဆင့်သတ်မှတ်ချက် (၂)၊ (၃)၊ (၅)၊ (၉) တို့ အသီးသီးရရှိခဲ့သည်။ 

 

ထိပ်တန်းတက္ကသိုလ် (၂၀) စာရင်းတွင် အမေရိကန်ရှိ MIT အပါအဝင် တက္ကသိုလ် (၇) ကျောင်း၊ ဩစတေးလျရှိ တက္ကသိုလ် (၃) ကျောင်း၊ ဆွဇ်ဇာလန်ရှိ တက္ကသိုလ် (၁) ကျောင်း၊ စင်္ကာပူရှိ တက္ကသိုလ် (၂) ကျောင်းနှင့် တရုတ်နှင့် ဟောင်ကောင်ရှိ တက္ကသိုလ် (၃) ကျောင်းတို့လည်း ပါဝင်ပါသည်။ 

 

၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၂၀) 

  1. Massachusetts Institute of Technology (MIT)
  2. Imperial College London
  3. University of Oxford
  4. Harvard University
  5. University of Cambridge
  6. Stanford University
  7. ETH Zurich
  8. National University of Singapore
  9. University College London
  10. California Institute of Technology (Caltech)
  11. University of Pennsylvania
  12. University of California, Berkeley
  13. The University of Melbourne
  14. Peking University
  15. Nanyang Technology University, Singapore
  16. Cornell University
  17. The University of Hong Kong
  18. The University of Sydney
  19. The University of New South Wales
  20. Tsinghua University

 

နောက်ထပ် တက္ကသိုလ်အဆင့်သတ်မှတ်ချက်များကို ဆက်လက်သိရှိလိုပါက QS Top Universities ၏ တရားဝင်ဝက်ဘ်ဆိုက်ဒ်စာမျာက်နှာ https://www.topuniversities တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Source - TimeOut

International News Read 88 times