ကျောင်းပြင်ပပညာရေးအတွက် Placement Test ဩဂုတ် (၉) ရက်နေ့ စစ်ဆေးမည် 

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်နေသည့် သက်လွန်ကျောင်းပြင်ပရောက်နေသူများကို ကျောင်းပြင်ပမူလတန်းပညာရေး-NFPE တွင်ဖြစ်စေ၊ ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME တွင်ဖြစ်စေ အတန်းနေရာချထားရန် Palcement Test စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Palcement Test အောင်မြင်ပါက အသက် (၁၀) နှစ်မှ (၁၆) နှစ်အတွင်းရှိသူများသည် ကျောင်းပြင်ပမူလတန်းပညာရေးတွင် တက်ရောက်နိုင်ပြီး အသက် (၁၃) နှစ်မှ (၂၁) နှစ်ရှိသူများသည် ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် တက်ရောက်နိုင်သည်။

Plcement Test ဖြေဆိုရန် ပညာရေးဆိုင်ရာထောက်ခံချက်များ (သို့) အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များမှ အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်ထားနိုင်သည်။

သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများက သတ်မှတ်ပေးထားသော နေရာများတွင် Placement Test ကို ဩဂုတ်လ (၉) ရက်နေ့၊ တနင်္ဂနွေနေ့ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်ပညာရေးမှူးရုံးများတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။ 

ကျောင်းပြင်ပပညာရေးအကြောင်း > https://www.edge.com.mm/article/non-formal-education-in-myanmar.html

=============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Primary Secondary Read 127 times