Sales Hotline : 09448001653       Download App



သူနာပြုလိုအပ်ချက်များနေခြင်းကြောင့် ၂၀၂၀-၂၀၂၁ တွင်သင်တန်းသားတိုး၍ခေါ်ယူမည်

** Unicode **

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သူနာပြုလိုအပ်ချက်မြင့်မားနေမှုကို ဖြေရှင်းနိုင်ရန် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် သင်တန်းသား/သူ (၄၅၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူမည်ဖြစ်ကြောင်းသိရပါတယ်။

ယခုလက်ရှိအခြေအနေများအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်နှင့်မန္တလေးရှိ သူနာပြုတက္ကသိုလ်ဝင်ခွင့်ရရှိသူဦးရေ (၅၀၀) ခန့်လောက်သာ ရှိကြောင်းလည်းသိရပါတယ်။

၎င်းအခြေအနေများကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိဆေးရုံးအသီးသီးတွင် သူနာပြုလိုအပ်ချက်မြင့်မားနေသည့်အတွက် ၂၀၁၈ ခုနှစ်မှစတင်၍ သင်တန်းသား/သူတိုးမြှင့်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ လူဦးရေ (၇၀ %) နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသတွင် အများစု တာဝန်ထမ်းဆောင်ကြရသော သားဖွားဆရာမများ၏ အရည်အသွေးပိုမိုမြင့်မားစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

သူနာပြု/သားဖွားများ၏ ဘဝတက်လမ်းအတွက် ဘွဲ့အရာရှိများဖြစ်လာစေရန် သားဖွားသိပ္ပံဘွဲ့များပေးအပ်နိုင်ရန် အတွက်လည်း စီစဉ်နေပြီး ပြည်ပအတွေ့အကြုံများရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီအစဉ်ဖြင့် သင်တန်းများ၊ လေ့လာရေးခရီးများစေလွှတ်သွားရန်လည်း စီစဉ်ထားကြောင်းလည်းသိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လိုအပ်လျက်ရှိနေသော သူနာပြုပမာဏ (၅၄%) ကိုသာ လက်တွေ့တွင် အလုပ်ဝင်ရောက်မှုရှိနေခြင်းကြောင့် အစိုးရပြည်သူ့ဆေးရုံများတွင် သူနာပြုဝန်ထမ်းအင်အား နည်းနေခြင်းဖြစ်ပါတယ်။

၎င်းအခြေအနေများကြောင့် ၂၀၁၅ ခုနှစ်မှစတင်၍ သူနာပြုများကိုဘွှဲ့၊ ဒီပလိုမာအောင်လက်မှတ်ချီးမြှင့်၍ နိုင်ငံဝန်ထမ်းအဖြစ်အလုပ်ခန့်စာကိုပါ ပေးအပ်လျက်ရှိကြောင်းသိရပါတယ်။

လက်ရှိတွင် သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း (၅၀) တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အထိ သူနာပြု (၃၅၀၀၀) ကျော်နှင့် သားဖွားဆရာမ (၃၇၀၀၀) ကျော်အထိ လေ့ကျင့်မွေးထုတ်ပေးပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် သူနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကိုပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်ကြောင်းဖော်ပြထားခဲ့ပါတယ်။

Read More:>>>  စစ္ကိုင္းရွိသမဝါယတကၠသိုလ္မွ အခ်ိန္ပိုင္းသင္တန္းသားေခၚယူျခငး္

ဘွဲ့ရရှိပြီးနောက်လည်း နိုင်ငံတော်မှလိုအပ်သောအချိန်တွင် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ပါတယ်။

ထိုကဲ့သို့အဆင့်ဆင့်သိအပ်သည့်အရာများအားလုံး သိရှိပြီးမှသာလျှင် တက်ရောက်ခွင့်ပြုခြင်းဖြစ်၍ ပျက်ကွက်ပါကလည်း လျော်ကြေးငွေ (၄ သိန်း) ကျပ်ကို တည်ဆဲတရားဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

(www.edge.com.mm)

 

** Zawgyi **

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ သူနာျပဳလိုအပ္ခ်က္ျမင့္မားေနမႈကို ေျဖရွင္းႏိုင္ရန္ လာမည့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ သင္တန္းသား/သူ (၄၅၀၀) ဦးအထိ တိုးျမႇင့္ေခၚယူမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယခုလက္ရွိအေျခအေနမ်ားအရ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ ရန္ကုန္ႏွင့္မႏၲေလးရွိ သူနာျပဳတကၠသိုလ္ဝင္ခြင့္ရရွိသူဦးေရ (၅၀၀) ခန႔္ေလာက္သာ ရွိေၾကာင္းလည္းသိရပါတယ္။

၎အေျခအေနမ်ားေၾကာင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနေအာက္ရွိေဆး႐ုံးအသီးသီးတြင္ သူနာျပဳလိုအပ္ခ်က္ျမင့္မားေနသည့္အတြက္ ၂၀၁၈ ခုႏွစ္မွစတင္၍ သင္တန္းသား/သူတိုးျမႇင့္ေခၚခဲ့ျခင္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ၏ လူဦးေရ (၇၀ %) ႏႈန္းခန႔္သည္ ေက်းလက္ေဒသမ်ားတြင္ ေနထိုင္ၾကသည့္အတြက္ ေက်းလက္ေဒသတြင္ အမ်ားစု တာဝန္ထမ္းေဆာင္ၾကရေသာ သားဖြားဆရာမမ်ား၏ အရည္အေသြးပိုမိုျမင့္မားစြာျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရပါတယ္။

သူနာျပဳ/သားဖြားမ်ား၏ ဘဝတက္လမ္းအတြက္ ဘြဲ႕အရာရွိမ်ားျဖစ္လာေစရန္ သားဖြားသိပၸံဘြဲ႕မ်ားေပးအပ္ႏိုင္ရန္ အတြက္လည္း စီစဥ္ေနၿပီး ျပည္ပအေတြ႕အႀကဳံမ်ားရရွိေစရန္ ကမာၻ႔က်န္းမာေရးအဖြဲ႕အစီအစဥ္ျဖင့္ သင္တန္းမ်ား၊ ေလ့လာေရးခရီးမ်ားေစလႊတ္သြားရန္လည္း စီစဥ္ထားေၾကာင္းလည္းသိရပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လိုအပ္လ်က္ရွိေနေသာ သူနာျပဳပမာဏ (၅၄%) ကိုသာ လက္ေတြ႕တြင္ အလုပ္ဝင္ေရာက္မႈရွိေနျခင္းေၾကာင့္ အစိုးရျပည္သူ႔ေဆး႐ုံမ်ားတြင္ သူနာျပဳဝန္ထမ္းအင္အား နည္းေနျခင္းျဖစ္ပါတယ္။

၎အေျခအေနမ်ားေၾကာင့္ ၂၀၁၅ ခုႏွစ္မွစတင္၍ သူနာျပဳမ်ားကိုဘႊဲ႕၊ ဒီပလိုမာေအာင္လက္မွတ္ခ်ီးျမႇင့္၍ ႏိုင္ငံဝန္ထမ္းအျဖစ္အလုပ္ခန႔္စာကိုပါ ေပးအပ္လ်က္ရွိေၾကာင္းသိရပါတယ္။

လက္ရွိတြင္ သူနာျပဳတကၠသိုလ္ႏွစ္ခု၊ သူနာျပဳ၊ သားဖြားႏွင့္ ႏွီးႏႊယ္ေက်ာင္း (၅၀) တို႔မွ ျမန္မာႏိုင္ငံအတြက္ လိုအပ္လ်က္ရွိေသာ သူနာျပဳႏွင့္ သားဖြားမ်ားကို ေမြးထုတ္လ်က္ရွိေၾကာင္း၊ ၂၀၁၈ ခုႏွစ္အထိ သူနာျပဳ (၃၅၀၀၀) ေက်ာ္ႏွင့္ သားဖြားဆရာမ (၃၇၀၀၀) ေက်ာ္အထိ ေလ့က်င့္ေမြးထုတ္ေပးၿပီးျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ သိရပါတယ္။

တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္တြင္ သူနာျပဳတကၠသိုလ္သို႔ တက္ေရာက္ခြင့္ရရွိသူမ်ားသည္ သင္တန္းကိုၿပီးဆုံးေအာင္တက္ေရာက္ရမည္ျဖစ္ေၾကာင္းေဖာ္ျပထားခဲ့ပါတယ္။

ဘြဲ႕ရရွိၿပီးေနာက္လည္း ႏိုင္ငံေတာ္မွလိုအပ္ေသာအခ်ိန္တြင္ တာဝန္ထမ္းေဆာင္ပါမည္ဟု ဝန္ခံကတိလက္မွတ္ေရးထိုးရမည္ျဖစ္ပါတယ္။

Read More:>>>  စစ္ကိုင္းရွိသမဝါယတကၠသိုလ္မွ အခ်ိန္ပိုင္းသင္တန္းသားေခၚယူျခငး္

ထိုကဲ့သို႔အဆင့္ဆင့္သိအပ္သည့္အရာမ်ားအားလုံး သိရွိၿပီးမွသာလွ်င္ တက္ေရာက္ခြင့္ျပဳျခင္းျဖစ္၍ ပ်က္ကြက္ပါကလည္း ေလ်ာ္ေၾကးေငြ (၄ သိန္း) က်ပ္ကို တည္ဆဲတရားဥပေဒအရအေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

(www.edge.com.mm)

Latest Post News Tips News Tips Read 4237 times