Sales Hotline : 09448001653       Download App



စစ်ကိုင်းရှိသမဝါယတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းသားခေါ်ယူခြင်း

** Unicode **

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သမဝါယမတက္ကသိုလ် (စစ်ကိုင်း) မှအချိန်ပိုင်းသင်တန်းသားခေါ်ယူနေခြင်းဖြစ်ပါတယ်။

ဖွင့်လှစ်မည့် သင်တန်းများမှာ-
** Diploma in Development Studies (၉) လသင်တန်း၊ 
** Diploma in Human Resource Management (၆) လသင်တန်း၊
** Certificate in Business Accounting (LCCI Level I & II) (၄) လသင်တန်း၊ 

တက်ရောက်လိုသူများအနေဖြင့် ဒီပလိုမာသင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများဖြစ်ရပါမည်။

Certificate သင်တန်းအတွက် အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများဖြစ်ရပါမည်။

Diploma in Development Studies သင်တန်းကို တနင်္လာနေ့မှ သောကြာနေ့အထိလည်းကောင်း၊ Diploma in Human Resource Management သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွင်လည်းကောင်း၊ Certificate in Business Accounting သင်တန်းကို စနေ၊ တနင်္ဂနွေနေ့ တွေမှာလည်းကောင်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါတယ်။

လျှောက်လွှာများကို ဖေဖော်ဝါရီ (၃) ရက်မှ (၂၃) ရက်အထိ လျှောက်ထားနိုင်၍ သင်တန်းကြေးတွေကို Diploma တန်းတွေအတွက် ငွေကျပ် (၁၅၀,၀၀၀)၊ Certificate တန်းများအတွက် (၇၅,၀၀၀) ကျပ်သင့်ကျမည်ဖြစ်ပါတယ်။

Read More:>>>  တက္ကသိုလ်ဝင်စာမေးပွဲတွင် မသန်စွမ်းသူများကို ဖြေဆိုချိန်ပိုပေးမည်

သင်တန်းများကို ဖေဖော်ဝါရီ (၂၄) ရက်မှာ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၊ ရွေးသမားရပ်၊ စစ်ကိုင်းမြို့မှာ တက်ရောက်ရမည်ဖြစ်ပါတယ်။

ဖုန်းနံပါတ် ၀၇၂၂၃၀၂၂၊ ၀၉-၉၅၅၅၁၁၁၂၁ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credit: Internet
 

** Zawgyi **







Read More:>>>  တက္ကသိုလ်ဝင်စာမေးပွဲတွင် မသန်စွမ်းသူများကို ဖြေဆိုချိန်ပိုပေးမည်



Credit: Internet
 

News Tips News Latest Post Read 2017 times