ဒီတစ်ပိတ် ပိတ်ရက်လေးမှာ စာအုပ်အသစ်ဝယ်ဖို့ စဉ်းစားနေတဲ့ စာဖတ်ဝါသနာရှင်တွေအတွက် လာမယ့် နိုဝင်ဘာ (၂၉)၊ (၃၀)၊ ဒီဇင်ဘာ (၁) ရက်နေ့တို့မှာ ကျင်းပမယ့် စာအုပ်ရောင်းပွဲတော်လေးတစ်ခုကြောင်း မျှဝေပေးချင်ပါတယ်။
ဒီစာအုပ်ရောင်းပွဲတော်လေးက ရန်ကုန်မှာ လုပ်မှာမို့ နယ်ဝေးကသူတွေအတွက်လည်း အခွင့်အရေး မဆုံးရှုံးရအောင် အွန်လိုင်းအမှာတွေကိုလည်း လက်ခံပေးပြီး လျှော့စျေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒီစာအုပ်အရောင်းပွဲလေးကို "စာပိုးကောင်"လို့ အမည်ပေးထားပြီး ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်က ဦးစီး ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာဆိုရင် ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်ရဲ့ စာအုပ်သစ် ရှစ်အုပ်ကို စတင်ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ပြီး အသစ်ထုတ် ရှစ်အုပ်အပါ တိုက်က ထုတ်ထားတဲ့ တခြား စာအုပ်တွေကိုလည်း လျှော့စျေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဝယ်ယူရရှိနိုင်တဲ့ စာအုပ်စာရင်းများ




ဖော်ပြပါ စာအုပ်တွေ အားလုံးကို တစ်ဦးချင်း ဝယ်ယူရင် (၂၀)%၊ စာအုပ်တိုက်အသင်းဝင်ဆိုရင် (၂၅)%၊ စာအုပ်အရောင်းဆိုင်တွေဆိုရင် (၃၀)% လျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
မှတ်ချက်။ ။ အသင်းဝင်တွေအနေဲ့ စာအုပ်သစ် ရှစ်အုပ်အပါအဝင် တခြား စာအုပ်တွေကို (၂၅)% နဲ့ ၁-မျိုး ၁-အုပ်စီ ဝယ်ယူနိုင်ပြီးတော့ (၁) မျိုးကို အရေအတွက် (၁) အုပ်ထက် ပိုပြီး ဝယ်ဖို့ရှိရင် (၂၀)% လျှော့နှုန်းနဲ့သာ ဝယ်ယူနိုင်ပါတယ်။
အသစ်ထွက်စာအုပ် ရှစ်အုပ် (၁) စုံလုံးကို လျှော့စျေးတွေနဲ့ တပြိုင်တည်း ဝယ်ယူကြမယ့် စာဖတ်မိတ်ဆွေတွေကတော့ စာပိုးကောင်ချည်အိတ်လေးတွေပါ လက်ဆောင် ရရှိဦးမှာ ဖြစ်ပါတယ်။
စာအုပ်တိုက်ကို ကိုယ်တိုင် သွားဖို့ အဆင်မပြေတဲ့ ရန်ကုန်မြို့တွင်းနဲ့ နယ်ဝေးက မိတ်ဆွေတွေအနေနဲ့ စာအုပ်ပွဲ မတိုင်မီနဲ့ ပွဲရက်တွေအတွင်းမှာ အလိုရှိတဲ့ စာအုပ်တွေကို ကြိုတင်အမှာ ပေးထားနိုင်ပြီး စာအုပ်ပွဲကာလ အကျိုး ခံစားခွင့်တွေကို တန်းတူ ခံစားခွင့် ရရှိကြမှာပါ။
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
လိပ်စာ - အမှတ် ၁၇၀-ပထမထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်မြို့နယ်။ (မြောင်းကြီးလမ်းထိပ်-၄၅ လမ်းနဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်း)
နေ့ရက် - နိုဝင်ဘာ (၂၉) စနေနေ့၊ (၃၀) တနင်္ဂနွေနေ့၊ ဒီဇင်ဘာ (၁) တနင်္လာနေ့
အချိန် - မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
ဖုန်း - ၀၉ ၄၄၉၅၂၃၃၁၇
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။